ွှုIG မှာတင်ဖို့ ပေ(၃၀၀၀)အမြင့်ရှိတဲ့ တောင်ကမ်းပါးပေါ်တက် ဓာတ်ပုံရိုက်ခဲ့တဲ့ အမျိုးသမီး

Instagram/thaleswil

အင်စတာဂရမ်ပေါ်တင်မယ့် ပြီးပြည့်စုံတဲ့ဓာတ်ပုံကောင်းတစ်ခုကိုရဖို့အတွက် ဘရာဇီးရှိခရီးသွားဧည့်သည်တစ်ဦးဟာ ပေ(၃၀၀၀)အမြင့်ရှိတဲ့ ကျောက်တောင်ကမ်းပါးပေါ်မှာ စွန့်စွန့်စားစားဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်ခဲ့ပါတယ်။ အလေးအနက်ထားပြီးပြောရမယ်ဆိုရင်တော့ ဒါဟာ စိတ်ပျက်အားလျော့စရာတစ်ခုမဟုတ်ပါဘူး။ တစ်ကယ်လို့များ သင်ဟာအမြင့်ကြောက်တတ်တဲ့သူတစ်ဦးဆိုရင်တော့ ဒီဗီဒီယိုလေးက သင့်ကိုအထောက်အကူမပေးနိုင်ပါဘူးနော်။

အဆိုပါအမည်မသိအမျိုးသမီးတစ်ဦးဟာ Rio de Janeiro မြို့အနီးရှိ Pedra da Gávea တောင်ကိုရောက်ဖို့ နှစ်နာရီခွဲကြာလမ်းလျှောက်ခဲ့ပြီးနောက် အခုလိုစွန့်စွန့်စားစား ရိုက်ကူးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီနောက်မှာတော့ အဆိုပါအမျိုးသမီးဟာ လူတိုင်းမသွားနိုင်တဲ့နေရာကိုသွားပြီး စွန့်စွန့်စားစားရိုက်ကူးမှုတွေကို ပြုလုပ်ခဲ့တာကြောင့် အောင်ပွဲခံတဲ့အနေနဲ့ အဆိုပါကျောက်တောင်ကမ်းပါးပေါ်မှာ သူမရဲ့လက်နှစ်ဖက်ကိုမြောက်ပြီး ဓာတ်ပုံရိုက်ယူခဲ့ကာ အင်စတာဂရမ်ပေါ် ဂုဏ်ယူစွာနဲ့တင်ခဲ့ပါတယ်။

READ
ပုစွန်ထုပ်ချေးဖောက်စဉ်၊ လက်ကိုဓားနဲ့ထိမိရာက ရောဂါကူးစက်ပြီး သေဆုံးခဲ့ရတဲ့အမျိုးသား

တောင်ကမ်းပါးထိပ်ကနေကြည့်မယ်ဆိုရင် Rio de Janeiro မြို့တစ်မြို့လုံးကိုမြင်ရမယ့်အပြင် တောင်အတ္တလန္တိတ် သမုဒ္ဒရာကိုလည်းတွေ့မြင်နိုင်ပါတယ်။ဒါ့အပြင် သဘာဝအဖြူရောင်သဲတွေဖုံးလွှမ်းနေတဲ့ နာမည်ကြီး Copacabana ကမ်းခြေကိုလည်းတွေ့ရပါတယ်။

သူမရဲ့အသက်အန္တရာယ်ထိခိုက်မှုမရှိပဲ အခုလိုအောင်မြင်တဲ့ဓာတ်ပုံ၊ ပြီးပြည့်စုံတဲ့ဓာတ်ပုံရရှိဖို့ နည်လမ်းများရှိနိုင်ပါ တယ်။

ဒီရိုက်ကူးမှုဗီဒီယိုလေးကို ဆိုရှယ်မီဒီယာမှာတင်ပြီးမကြာခင်မှာပဲ share လုပ်သူများစွာရှိသလို like ပေါင်း(၁၁၄၀၀၀) ရရှိခဲ့ပါတယ်။ အရမ်းမိုက်တဲ့ရိုက်ချက်ပါပဲ၊ စွန့်စားရိုက်ရကျိုးနပ်တဲ့ ပုံကောင်းတစ်ပုံပါပဲလို့ သူမရဲ့ဗီဒီယိုအောက်မှာ လူတစ်ဦးက ပြောသွားခဲ့ပါတယ်။

 

တစ်ချို့လူတွေကြတော့လည်း ဒါဟာမိုက်ရူးရဲဆန်မှုတစ်ခုပဲလို့ မှတ်ချက်ပေးသွားတဲ့သူတွေလည်းရှိပါတယ်။

READ
ဥရောပကို ရေကြောင်းခရီးနဲ့ဝင်ရောက်ဖို့ကြိုးစားသူတွေရဲ့ ရင်နင့်ဖွယ်ရာအဖြစ်အပျက်များ

ဒါပေမယ့်လည်း အဲ့ဒီနေရာဟာ လူကြိုက်များတဲ့နေရာတစ်ခုဖြစ်လာခဲ့ပေမယ့် စွန့်စားရိုက်ကူးခဲ့တဲ့အမျိုးသမီးလိုတော့ မရိုက်ကူးသင့်ပါဘူး။အရမ်းအန္တရာယ်များတာကြောင့်ပဲဖြစ်ပါတယ်။ Bodybuilder တစ်ယောက်ဖြစ်တဲ့ Luis Fernando Candela ကလည်း အဆိုပါနေရာမှာပဲ ခြေထောက်နဲ့ ဇောက်ထိုးဆွဲပြီးရိုက်ထားတဲ့ပုံကို ဆိုရှယ်မီဒီယာမှာမျှဝေမှုတွေလုပ်ခဲ့ပါတယ်။ Luis Fernando Candela ရဲ့ပုံထဲမှာမြင်ရတဲ့အတိုင်းဆို အန္တရာယ်ရှိနိုင်တယ်လို့ထင်ရပေမယ့် တစ်ကယ်က မြေကြီးနဲ့နီးကပ်နေပါတယ်။ဒါကိုသူကဖြတ်ပြီးတင်ထားတာကြောင့် အန္တရာယ်ရှိသလို ထင်ရတာပဲ ဖြစ်ပါတယ်။

Thae Su

SHARE