ရည်းစားနဲ့ Date လုပ်တဲ့ အကြိမ်ရေကို လျှော့ပြီး ၀ိတ်ချဖို့ အပြင်းအထန် ကြိုးစားခဲ့တဲ့ သူမ

Instagram/AdrienneMarsh

နိုင်ငံတကာမှာတော့ တင်- ရင် – ခါး – ပေါင်တံတွေကို ကိန်းဂဏန်းတွေနဲ့ သတ်မှတ်လေ့ရှိကြပြီး အခုအမျိုးသမီးကတော့ Size ၁၈ အထိ ရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ ဒီလို အရမ်းဝနေတာကြောင့် သူမကိုယ် သူမ စိတ်ပျက်ပြီး ဝိတ်လျှော့ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

အရင်ကတော့ အစားအစာတွေကို တစ်နေကုန် အမြဲတမ်းစားသောက်နေတဲ့ နေထိုင်မှုပုံစံတွေကိုပြောင်းလဲခဲ့ပြီး အသေအချာ Diet လုပ်ပြီး ပြောင်းလဲခဲ့တာပါ။ Diet လုပ်ခဲ့တာရဲ့ အကျိုးဆက်ကတော့ သူမရဲ့ ပုံစံက လုံးဝကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပြီး အရမ်းလှလာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။

 

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ လန်ဒန်မြို့က Adrienne Marsh ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ Size ၁၈ အထိ ဝနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဝိတ်ချလိုက်ချိန်မှာတော့ Size ၁၂ အထိ ရောက်သွားခဲ့ပါတော့တယ်။ သူမဟာ သူမရဲ့ ရည်းစားဖြစ်သူနဲ့ တစ်ပတ်ကို ၂ ခါလောက် Night Outထွက်လေ့ရှိပြီး ကယ်လိုရီ လေးထောင်ကျော်လောက်ကို အမြဲစားသောက်လေ့ရှိသူပါ။ ဒီဇိုင်းနာတစ်ယောက်လည်းဖြစ်  marketing assistant တစ်ယောက်လည်းဖြစ်တဲ့ သူမရဲ့ အရင်က နေထိုင်မှုပုံစံကတော့ တစ်နေ့ကို  နှစ်ခါလောက်အဝစားသောက်လေ့ရှိပြီး ကော့တေးနဲ့ တခြားSnacks တွေကို တစ်နေ့ကုန် စားသောက်လေ့ရှိတယ်လို့ဆိုပါတယ်။ 

 

 

View this post on Instagram

 

#transformationtuesday if you have any doubts about starting @one2onediet just go for it! If I can do it anyone can☺️

A post shared by Adrienne Marsh (@one2onediet_adrienne) on

ဒီလို အမြဲတမ်းပါးစပ်နဲ့ အစားနဲ့မပျက်စားသောက်နေမှုကြောင့် သူမရဲ့ ခန္ဓာကိုယ်အလေးချိန်ကလည်း တစ်နေ့ပြီးတစ်နေ့တိုးလာခဲ့ပြီး သူမကိုယ် သူမလည်း အကြီးအကျယ်စိတ်ပျက်လာပါတော့တယ်။ ဒါပေမယ့် အသေအချာစီစဉ်ထားတဲ့ Diet နဲ့လေ့ကျင့်ခန်တွေကို စနစ်တကျလုပ်ပြီးချိန်မှာတော့ အရင်က အရမ်းဝနေတဲ့ ခန္ဓာကိုယ်လေးက ပျောက်ကွယ်သွားပြီး အရမ်းလှတဲ့ ခန္ဓာကိုယ်လေးတစ်ခုကို ပိုင်ဆိုင်လာပါတော့တယ်။

ဒီလို အရမ်းဝလာမှုကြောင့် သူမကိုယ်သူမ ယုံကြည်မှုတွေပျောက်ဆုံးကာလာ တဖြေးဖြေးနဲ့ စိတ်ဓါတ်တကျတဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာပဲ ဒီလောက် ဝနေတာတွေ တော်သင့်ပြီလို့ ဆုံးဖြတ်ပြီး အပြင်စာတွေကို အမြဲတမ်းစားသောက်နေတဲ့ နေထိုင်မှုစနစ်တစ်ခုကို စတင်ရှောင်ရှားခဲ့ပါတယ်။

 

“ကျွန်မ တစ်ည တစ်ညကို ကယ်လိုရီ ဘယ်လောက်များများစားသလဲဆိုတာကို မှန်းဆကြည့်ဖို့ အရမ်းခက်ခဲပါတယ်။ ကျမချစ်သူနဲ့ တစ်ညတစ်လေလောက်အပြင်ထွက် ညစာစားကြတဲ့အချိန်ဆိုရင် ကျွန်မ တစ်ယောက်တည်းတင် ကယ်လိုရီ (၂)ထောင်လောက် စားဖြစ်တယ်”လို့ သူမရဲ့ အခြေအနေတွေကို ပြောပြခဲ့ပါတယ်။

(၂၀၁၇)ခုနှစ် နဲ့ (၂၀၁၈)ခုနှစ် အတွင်းမှာ ပီဇာတွေ – ကြက်သားဟမ်ဘာဂါတွေ – ခေါက်ဆွဲတွေနဲ့ အာလူးကြော်တွေကို အမြဲတမ်းစားနေခဲ့တဲ့ သူမရဲ့ ပုံရိပ်နဲ့ အခုအခြေအနေကတော့ လုံးဝကို တခြားစီဖြစ်သွားခဲ့ပါပြီ။

 

 

View this post on Instagram

 

Still obsessed with pink💘 #ootd

A post shared by Adrienne Marsh (@adimarsh_) on

“ကျွန်မချစ်သူကတော့ ကျွန်မရဲ အခြေအနေကို လက်သင့်ခံခဲ့ပါတယ်။ အိုကေပါတယ်။ တကယ်အဆင်မပြေတာက ကျွန်မပါ။ ကျွန်မဝတ်နေကျ အဝတ်တွေ လုံးဝမတော်တော့တဲ့ အခြေအနေရောက်ချိနမှာတော့ တကယ့်ကို အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်လာတော့တာပါ။ အဲဒီတုန်းက ကျွန်မရဲ့ ပုံစံကိုပြန် ကြည့်ပြီး မပျော်ရွှင်ခဲ့ပါဘူး။ မပျော်တဲ့အပြင်ကိုယ့်ကိုယ်ကိုလည်း မုန်းတီးခဲ့ပါသေးတယ်။ ကျွန်မလုပ်ခဲ့တဲ့ အရာတွေမှန်သမျှကို ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ခဲ့တယ်”လို့ သူမကိုယ်တိုင် ရင်ဖွင့်သွားခဲ့ပါတယ်။

သူမရဲ့ ခန္ဓာကိုယ်အခြေအနေက သူမအတွက် အလွန်အမင်းကို ဆိုးရွားခဲ့ပြီး ဘွဲ့ယူရင် ဝတ်ဖို့ စီစဉ်ထားတဲ့အဝတ်အစားတွေတောင်မှ Size မရှိလို့ လက်လွှတ်ဆုံးရှုံးခဲ့ရပါသေးတယ်။ တစ်ချိန်ကတော့ တစ်နေ့ကို ကယ်လီရီပေါင်း ၄ ထောင်လောက်အသာလေး စားသုံးနေတဲ့ သူမရဲ့ ဝိတ်ချပုံဝိတ်ချနည်းကတော့ အစားအစာတွေကို စနစ်တကျ စားသုံးတာပါပဲ။ အခုတော့ တစ်နေ့ကို ကယ်လီရီ ၁၀၀၀ လောက် ပမာဏရှိမယ့် အစားအစာတွေကိုရွေးချယ်စားသုံးခဲ့တယ်လို့ သိရပါတယ်။

Diet မလုပ်ခင်က သူမ စားသောက်တဲ့ ပုံစံကတော့ မနက်စာကို လုံးဝမစားဘဲ နေခဲ့တာပါ။ နေ့လည်မှာတော့ ချိစ့်နဲ့ အသားညှပ်ပေါင်မုန့်တွေ – အာလူးကြော်တွေနဲ့ သကြားပါတဲ့ အစားအစာတွေကို စားခဲ့ပါတယ်။ ညစာအနေနဲ့ကတော့ ခေါက်ဆွဲနဲ့ ပီဇာတို့ကို စားပြီး ညလယ်စာမှာတော့ ပီဇာနဲ့ ဟမ်ဘာဂါတို့ကို စားသုံးလေ့ရှိတယ်လို့ သိရပါတယ်။ 

Diet လုပ်ချိန်မှာတော့ မနက်စာကို အသီးအနှံတွေ စားပြီး နေ့လည်မှာတော့ အသေအချာစီစဉ်ထားတဲ့ Diet Plan အတိုင်းစားခဲ့တယ်လို့ သိရပါတယ်။ ညစာအနေနဲ့ကတော့ အရင်လိုမဟုတ်တော့ဘဲ ငါး ဒါမှမဟုတ် ကြက်သားတစ်ခုခုကို အဆာပြေအောင် အစိမ်းရောင်ပါတဲ့ အသီးအနှံတွေနဲ့ တွဲဖက်စားသုံးခဲ့တယ်လို့ သိရပါတယ်။

Ye Yint Kyaw

SHARE