Barbie အရုပ်​လား​အောက်​​မေ့ရတဲ့ တရုတ်​မ​လေး Dilaila

စာမဖတ်​မိပဲ ​ပုံ​တွေပဲကြည့်​ရင်​​တော့ ဒါ Barbie အရုပ်​မ​လေးရဲ့ ပုံ​တွေလို့ပဲထင်​မိမှာပါ။ တကယ်​​တော့ Barbie မဟုတ်​ပါဘူး။ Barbie အရုပ်​မ​လေးနဲ့ဆင်​တူတဲ့ တရုတ်​မ​လေး Dilaila ပါ။
Dilaila ဟာ သူမရဲ့Barbie အရုပ်​မ​လေးနဲ့တူလွန်းတဲ့ပုံ​တွေ​ကြောင့်​ Online သုံးစွဲသူ​တွေရဲ့ စိတ်​ဝင်​စားမှုကိုရရှိလို့​နေပါတယ်​။ သူမရဲ့ ပြုံးဟန်​​တွေ၊ သာမန်​ထက်​ပိုကြီးတဲ့ မျက်ဝန်း​တွေ၊ ​မေးချွန်​ချွန်​​တွေ၊​သေးသွယ်​လွန်းတဲ့ ခန္ဓာကိုယ်​အချိုးအစား​တွေ​ဟာ မယုံနိုင်​စရာ​ကောင်း​လောက်​​အောင်​ Barbie အရုပ်​မနဲ့ဆင်​​နေပါတယ်​။
လူ​တွေက​တော့ သူမရဲ့အသွင်​အပြင်​ကိုကြည့်​ခြင်းအားဖြင့်​ Plastic Surgery အများအပြားလုပ်​ထား​တယ်​ဆိုပြီးရှုံ့ချခဲ့ကြပါတယ်​။ အမှန်​​တော့ Dilaila က ဒီရုပ်​အသွင်​ကို Plastic Surgery နဲ့လုပ်​ယူထားတာမဟုတ်​ပါဘူး။ သူမဟာ ခွဲစိတ်​မှု​တွေကို​ကြောက်​ရွံ့သူတစ်​ဦးဖြစ်​လို့ Plastic surgery မလုပ်​ခဲ့ဖူး​ကြောင်း၊ဒီပုံ​တွေအားလုံးဟာလည်း Edit ပြန်​လုပ်​ထားတာဖြစ်​​ကြောင်း ရှင်းပြခဲ့ပါတယ်​။လူ​တွေက​တော့ Plastic Surgery လုပ်​တယ်​ဆိုပြီး ဆက်​လက်​ရှုံ့ချခဲ့​ပေမယ့်​ သူမက​တော့တစ်​ခါမှခွဲစိတ်​မှုမပြုလုပ်​ခဲ့​ကြောင်း ​ဆိုခဲ့ပါတယ်​။
DC2 Mall ကကျင်းပတဲ့ Berbie Exhibition ကိုတက်​​ရောက်ခဲ့တဲ့ Chinese မော်​ဒယ်​သရုပ်​​ဆောင်​ Dilaila
မိတ်​ကပ်​​တွေနဲ့အများကြီးမပြင်​ဆင်​ထားတဲ့အခါ သာမန်​မိန်းက​လေးတစ်​​ယောက်​လိုလှတဲ့ Dilaila
ဒါ​တွေက​တော့သူမရဲ့ Photo Editing အစွမ်း​ကြောင့်​ Barbie နဲ့တူ​နေတဲ့​ပုံ​တွေပါ။
Grinny (Shwemom)
Source: Sina and Dispatch
SHARE