သစ်ပင်တော့ သစ်ပင်ပဲ … ထူးခြားတဲ့ သစ်ပင်ပါ

ဓာတ်ပုံဆရာ Frederic Consejo ကတော့ ဒီလို ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံကို ရိုက်ဖို့ နှစ်ပေါင်းများစွာ စိတ်ကူးရင် ရူး
သွပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီပုံဟာ အမှတ်တမဲ့ကြည့်ရင် သစ်ပင်ပါဘဲ။ ဒါပေမယ့် သေချာ ဂရုတစိုက် ကြည့်လိုက်တဲ့အခါမှာတော့ ဒီသစ်ပင်ထဲမှာ ကိုယ်ရောင်ဖျောက်ထားတဲ့ ငှက်တစ်ကောင် ရှိနေပါတယ်။

အဲဒီငှက်ရဲ့ အရောင်အသွေးကလည်း သစ်ပင်နဲ့ ရောယှက်နေတော့ ရုတ်တရက်ကြည့်ရင် ခွဲခြားရ ခက်ပါလိမ့်မယ်။ သစ်
ပင်ကိုလည်း စာထဲမှာ Bare Tree လို့သာ ဖော်ပြထားပြီး ဗလာကျဉ်းနေတဲ့သစ်ခြောက်ပင်လို့သာ အကြမ်းဖျဉ်း သိရပါ
တယ်။ ဒါပေမယ့် ပင်စည်ဖွဲ့စည်းပုံကို သေချာကြည့်တဲ့အခါ အုန်းပင်ခေါင်းတုံးလိုလို၊ တောင်ထန်းပင်ခြောက်လိုလိုပါဘဲ။ အဲဒီအပင်က Frederic ရဲ့ သူငယ်ချင်းခြံထဲမှာ ရှိပါတယ်။

READ
သားလေးမွေးမယ့် ကိုယ်ဝန်လား သိသာနိုင်တဲ့အချက်များ

ငှက်ကိုလည်း Nocturnal Bird လို့ ဖော်ပြထားပါတယ်။ ညဥ့်ပျော်ငှက်ပေါ့။ ညဥ့်ပျော်ငှက်တွေထဲမှာ ဇီးကွက်၊ မိန်ကောင်၊ လင်းဝက်၊ လင်းနို့၊ လင်းစွဲ စတဲ့ သတ္တ၀ါတွေကို ရည်ညွှန်းတာဖြစ်လို့ အမြင်အရတော့ ဒီငှက်ဟာ လင်းဝက်၊ လင်းနို့၊ လင်းစွဲတော့ မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။  ဒါဆိုရင်တော့ ဇီးကွက်နဲ့ မိန်ငှက်လို့ခေါ်တဲ့ မိန်ကောင်လည်း မဟုတ်ပြန်ပါဘူး။ ဒီလို ငှက်က မြင်ဖူးနေကျ သတ္တ၀ါတွေမှ မဟုတ်တာ။

ဓာတ်ပုံဆရာကတော့ ဒီငှက်ကို မြောက်ပိုင်း Potoo ငှက်လို့ ပြောပါတယ်။ တောင်အမေရိကနဲ့ ဗဟိုအမေရိကမှာ အလွန်
ပေါများပါတယ်။ အရွယ်အစားအားဖြင့် ဇီးကွက်ထက်ကြီးပြီး မိန်ကောင်ထက် အနည်းငယ် သေးပါတယ်။ ညဥ့်ပိုင်းမှာ
ကြွက်နဲ့ ပိုးမွှားတွေကို ရှာဖွေစားသောက်ပြီး အသံဆိုးဆိုးနဲ့ အော်တတ်ပါတယ်။ နေ့ခင်းပိုင်းမှာဆိုရင် မှိန်းနေတတ်တဲ့ သတ္တ၀ါတွေ ဖြစ်ပြီး လူတွေနဲ့ ယဉ်ပါးလေ့ မရှိပါဘူး။

READ
National Geographic 2017 ဓာတ်ပုံပြိုင်ပွဲရဲ့ အကောင်းဆုံးအလန်းစား ရိုက်ချက်များ

ဒီရတောင့်ရခဲ မြင်ကွင်းကို ဓာတ်ပုံရိုက်ယူခဲ့တဲ့ အသက် (55)နှစ်အရွယ် Frederic က ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး ” ဒီ Potoo ငှက်တွေဟာ လူနဲ့ယဉ်ပါးလေ့ သိပ်မရှိပါဘူး … ဒါကြောင့် ခြေသံလုံလုံနဲ့ လိုချင်တဲ့ပုံတွေ ရိုက်ခဲ့နိုင်လို့ ကျေနပ်ပါတယ် … ကျွန်တော် သတိထားမိသလောက်တော့ ဒီလို ဓာတ်ပုံမျိုး … ကျွန်တော်တစ်ယောက်ပဲ ရှိမယ်ထင်ပါတယ် “လို့ ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk

SHARE