လေးပင်တဲ့ ပစ္စည်းတွေ ‘မ’တဲ့အခါ ကူညီပေးမယ့် စက်ကို တီထွက်လိုက်တဲ့ ဂျပန်ကုမ္ပဏီ

innophys.jp

ရှာရှာကြံကြံတီထွင်တဲ့ စက်တွေထဲမှာ ဒီစက်လည်း တစ်ခုအပါအဝင်ပါပဲ။

အလေးအပင်တွေမတဲ့ နေရာတွေ၊ အထူးသဖြင့် ခါးရိုးကို ဆန့်ချည် ကွေးချည် အသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေအတွက် ခါးရိုးကို သက်သာစေမယ့် စက်ပါတဲ့။

innophys.jp

muscle suits လို့ အမည်ပေးထားတဲ့ အဲဒီစက်လေးကို ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့  Innophys ဖြစ်ပါတယ်။ တကယ်တော့ အဲဒီစက်ကလေးကို Innophys ကုမ္ပဏီက ထုတ်လုပ်ဖို့ အရင့် အရင်ကတည်းက ကြိုးစားနေခဲ့တာပါ။ ခါးနောက်ကျောမှာ ကျောပိုးအိတ် လွယ်သလို သိုင်းဝတ်ဆင်ထားရမယ့် အဆိုပါ စက်ဟာ အလေးအပင်မတဲ့ သူတွေအတွက် အလေးအပင်ကို မတဲ့ နေရာမှာ အင်အားသက်သာစေမယ်လို့ ဆိုပါတယ်။ နောက်ပြီး ခါးကို ကုန်းပြီး အလုပ်လုပ်ရတဲ့ သစ်ပင်စိုက်တဲ့ နေရာတွေ၊ မြေကော်တဲ့ နေရာတွေမှာ ဒီစက်ကလေးကို ဝတ်ပြီး လုပ်ရင် ကိုယ်ခန္ဓာအတွက် သက်သာစေမှာဖြစ်ပါတယ်။

innophys.jp

ဒီစက်ကို ဝတ်ပြီး အလေးအပင်တွေကို မတဲ့ နေရာမှာ ဘယ်အလေးအပင်ကိုပဲ မမ၊ ဒီစက်ကို ဝတ်ထားတာကြောင့် ၂၅.၅ ကီလိုဂရမ်အား သက်သာစေမှာဖြစ်ပြီး အားစိုက်ထုတ်မှုကိုလည်း လျှော့ကျစေမှာပဲဖြစ်ပါတယ်။ လူကို သက်သာသွားစေမှာပါ။ ဒီစက်ရဲ့ တစ်ခုအားသာချက်ကတော့ လျှပ်စစ်မီးမလိုတာပါ။ လျှပ်စစ်မီးမလိုတဲ့အတွက် အားကုန်ခြင်းလည်း မရှိသလို အားသွင်းဖို့လည်း မလိုအပ်တော့ပါဘူး။ ရေစိုခံအောင် ပြုလုပ်ပေးထားတာအတွက်ကြောင့်လည်း တစ်နေကုန် နေရာမရွေး ဝတ်ဆင်ပြီိး အလုပ်လုပ်လို့ရမှာပါ ပြီးတော့ အရွယ်အစားမျိုးစုံနဲ့လည်း ရရှိမှာဖြစ်ပါတယ်။

innophys.jp

ကိုယ်ခန္ဓာကို မထိခိုက်စေလိုသူတွေ၊ ခါးရိုးကို အသုံးပြုပြီးမှ လုပ်ရမယ့် အလုပ်လုပ်သူတွေ၊ အလုပ်ကြမ်းသမားတွေ အတွက်တော့  ဒီစက်ကလေးက တော်တော်လေးကို အဆင်ပြေစေမှာပဲဖြစ်ပါတယ်။ ခါးရိုးတွေ နာကျင်ပြီဆိုရင် အလုပ်လုပ်ရတာ အဆင်မပြေစေတော့ပါဘူး။ ဒါ့အပြင် ဆေးကုသမှု ကုန်ကျစရိတ်ကလည်း ပိုပြီး ကုန်ကျစေမှာပါ။ တကယ်လို့ ဒီစက်ကလေးကိုသာ တပ်ပြီး အလုပ်လုပ်မယ်ဆိုရင်တော့ တော်တော်လေးကို အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။

YYK

SHARE