အရုပ်မသီးသန့် ဖက်ရှင်ဒီဇိုင်းတွေကို အသေးစိတ်ထွင်ပေးနေတဲ့ မလေးဒီဇိုင်နာ

Instagram/shantommo

အရုပ်မတွေအတွက် ဖက်ရှင်အ၀တ်အစားဒီဇိုင်းတီထွင်ပေးနေတဲ့ Shantommo ကုမ္ပဏီတည်ထောင်သူကတော့ Ryan Liang ဆိုသူ အမျိုးသားပဲ ဖြစ်ပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ryan Liang ဟာ (၂၀၁၃) ခုနှစ်တည်းကစလို့ အရုပ်မတွေအတွက် အ၀တ်အစားဒီဇိုင်းအမျိုးမျိုးတီထွင်ပေးနေသူဖြစ်ပြီး ၄င်းတို့ကို အွန်လိုင်းပေါ်ကနေ ရောင်းချနေတာပဲ ဖြစ်ပါတယ်။

Instagram/shantommo
Instagram/shantommo

 

 

View this post on Instagram

 

#shantommo2019 #coletteduranger #bellamyblue

A post shared by SHANTOMMO (@shantommo) on

Ryan ဟာ ကလေးဘ၀အရွယ် ငယ်ငယ်ကတည်းက အရုပ်တွေနဲ့ ဆော့ကစားရတာ နှစ်ခြိုက်သူပါ။ “ကျွန်တော့် အသက် (၅) နှစ် (၆) နှစ်လောက်မှာ အရုပ်တွေနဲ့ စပြီး ကစားခဲ့တယ်။ ကျွန်တော်က သူတို့ကို ဘာအင်္ကျီဝတ်ပေးရင် ကောင်းမလဲလို့ ဆုံးဖြတ်ရတာကို ကြိုက်တယ်။ ကျွန်တော်က အရုပ်မတွေနဲ့ ဆော့တာများလို့ ဝေဖန်ခံရတာတွေတော့ ရှိတာပေါ့လေ။ ယောက်ျားလေးတွေက အရုပ်မတွေနဲ့ သိပ်ပြီး ကစားလေ့ကစားထမှ မရှိတာ…” လို့ Ryan က သူ့ဝါသနာ အခြေတည်လာပုံကို ပြောပြပါတယ်။

READ
ပေါင်(၃၀၀) ကျော် လူဝကြီးဘ၀ကနေ မယုံနိုင်လောက်အောင် ၀ိတ်ချနိုင်ခဲ့တဲ့ အမျိုးသမီး
Instagram/shantommo
Instagram/shantommo

နောက်ပိုင်းတော့ သူများတွေက ဝေဖန်တာများလို့ အရုပ်မတွေနဲ့ မဆော့ဖြစ်တော့ပါဘူး။ ဒါပေမယ့်လည်း Ryan အရွယ်ရလာတဲ့အခါမှာတော့ ငယ်ငယ်က သူ့ရဲ့ ၀ါသနာဟာ ပြန်လည်ရုပ်လုံးပေါ်လာခဲ့ပါတယ်။ သူဟာ ဂရက်ဖစ်ဒီဇိုင်နာအလုပ်ကနေ အင်္ကျီချုပ်တဲ့ဆီ ကူးခဲ့ပြီး အရုပ်မတွေအတွက် အင်္ကျီလေးတွေ ကိုယ်တိုင် ချုပ်လုပ်ခဲ့ပါတယ်။ သူတီထွင်ထားတဲ့ အရုပ်အင်္ကျီလေးတွေကို Ryan က အွန်လိုင်းပေါ်ကနေရောင်းချပြီး သူကိုယ်တိုင်လည်း သူဖန်တီးထားတဲ့ အရုပ်ဖက်ရှင်ဒီဇိုင်းတွေကို စုဆောင်းထားခဲ့တာ ဖြစ်ပါတယ်။

Instagram/shantommo
Instagram/shantommo

Ryan ဟာ အရုပ်အင်္ကျီတွေကို ဘရိုကိတ်စ၊ ပိုးထည်၊ သားရေ၊ ချည်၊ သိုးမွှေးစတာတွေနဲ့ အမျိုးမျိုး ချုပ်လုပ်ပါတယ်။ အင်္ကျီတွေအပြင် အရုပ်မတွေအတွက် လိုအပ်တဲ့ accessories တွေပါအကုန် ဖန်တီးပေးနေတာပါ။ “အရုပ်တွေအတွက် အင်္ကျီချုပ်တဲ့အခါ ကိုယ်ချုပ်မယ့် အစရဲ့ အထူအပါးနဲ့ အစပေါ်က အပွင့်အခက်ပုံစံတွေကိုပါ အကုန်စဉ်းစားရတယ်။ တကယ်လို့ အဆင်က အရမ်းကြီးနေမယ်ဆိုရင်လည်း  အရုပ်နဲ့ ဘယ်လိုမှ မလိုက်ဘူးလေ…” လို့ လည်း Ryan က ပြောပြပါသေးတယ်။

READ
မသန်စွမ်းတဲ့ သားကို Harvard ဥပဒေကျောင်းသားဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်
Instagram/shantommo
Instagram/shantommo

လင်းလင်း (ShweMom)

SHARE