ဖိုအင်္ဂါကနေတစ်ဆင့် ဝင်လာတဲ့ ကပ်ပါးပိုးကြောင့် ခြေထောက်ပျက်စီးခဲ့တဲ့ အမျိုးသား

Facebook/JamesMichael

ဂျိမ်းစ်မိုက်ကယ်ဆိုတဲ့ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လူတစ်ယောက်ဟာ အားလပ်ရက်တစ်ခုမှာ သူငယ်ချင်းတစ်ယောက်နဲ့ အတူ တောင်အာဖရိကနိုင်ငံ၊ မာလာဝီရေကန်မှာရေသွားကူးခဲ့တာပါ။ ဒီလို ရေကူးနေတုန်းမှာပဲ ရေထဲက ကပ်ပါးပိုးကောင်ဟာ သူ့ရဲ့ လိင်အင်္ဂါကနေ တစ်ဆင့် ဝင်ရောက်လာခဲ့တာပါ။ ဒီလို ကပ်ပါးပိုးထိတာကြောင့် ချက်ချင်းပဲ ကိုယ်ခံအားစနစ်ကို ထိခိုက်ပြီး ဆေးရုံကို အမြန်ဆုံး တက်ခဲ့ရတာပါ။

လိင်အင်္ဂါကနေ တစ်ဆင့် ဝင်လာတဲ့ ကပ်ပါးပိုးကောင်ဟာ ခန္ဓာကိုယ်အတွင်းထဲမှာ ဥ,ဥထားခဲ့တာကြောင့် ရောဂါအခြေအနေဟာ ပိုဆိုးလာခဲ့ခြင်းပါ။ သူဟာ သုံးလလောက် ဆေးရုံတက်ခဲ့ရပြီး ဆရာဝန်တွေကတော့ ဒီလို ကပ်ပါးပိုးရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် ကုသခဲ့ရပါတယ်။ လူကောင်းတစ်ယောက်လို နေပြန်ကောင်းလာဖို့အတွက် ၃၀ ရာခိုင်နှုန်းသာ သူ့မှာ ကျန်ပါတော့တယ်။ ပြင်းထန်တဲ့ ကပ်ပါးပိုးတွေရဲ့ ဒဏ်ကြောင့် ဆေးရုံမှာပဲ သေမလိုခံစားခဲ့ရတာပါ။ ကပ်ပါးပိုးကောင်တွေက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နေရာအနှံ့ယူထားပြီး အစာချေစနစ်တို့၊ သွေးလည်ပတ်စနစ်တို့ကို ကောင်းကောင်းကြီး ဖျက်စီးခဲ့တာပါ။

GoogleMap/iStock

နောက်ဆုံးမှာတော့ ဂျိမ်းစ်မိုက်ကယ်ဟာ လုံးဝကို နေပြန်ကောင်းသွားခဲ့တာပါ။

ကာယကံရှင်ဂျိမ်းစ်မိုက်ကယ်ကတော့ “အာဖရိကကိုသွားခဲ့တုန်းက ဓာတ်ပုံတွေကိုပြန်ကြည့်တော့ အဲဒီ ကပ်ပါးပိုးကောင်ဟာ ကျနော့် လိင်အင်္ဂါကနေ တစ်ဆင့် ဝင်လာတယ်ဆိုတာ တော်တော်ကြောင်တောင်တောင်ပါပဲဗျာ၊ ဒီအတွေ့အကြုံကတော့ လုံးဝကို ထူးခြားတယ်ဗျာ၊ ကြောက်စရာလည်းကောင်းတယ်၊ ကျနော့်အတွက်တော့ အဆုံးမရှိတဲ့တောင်ကို တက်ခဲ့ရသလိုပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

 

READ
နားမကြားတဲ့ကြွက်တွေကို မျိုးရိုးဗီဇပြောင်းလဲခြင်းကုထုံးနဲ့ နားကြားအောင်ကုသနိုင်ခဲ့
Facebook/JamesMichael

ဒီခရီးစဉ်ကနေ သူ့အတွက် ကျန်းမာရေးကို ပိုပြီး အလေးထားသင့်ကြောင်းကို သတိပေးလိုက်သလိုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ဂျိမ်းစ်မိုက်ကယ်အတွက်တော့ ကံဆိုးမှုဟာ ဒီမှာတင်ရပ်သွားတာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအတွင်းက ကပ်ပါးပိုးတွေ ပျောက်သွားပြီလို့ တွေးပြီး ဆေးရုံကနေ ဆင်းသွားခဲ့ပါတယ်။ ဆေးရုံက ဆင်းဆင်းပြီးခြင်းတော့ နေကောင်းသွားခဲ့ပေမယ့် တစ်နှစ်လောက် အကြာမှာတော့ ကပ်ပါးပိုးတွေဟာ ပြန်လည် ထကြွလာပါတော့တယ်။

သူ့ရဲ့ ခြေထောက်တွေ ကိုက်ခဲလာခဲ့ပါတယ်။ အစကတော့ ၁၅ ထပ်အမြင့်ရှိတဲ့ သူ့ရဲ့ တိုက်ခန်းကို နေ့စဉ်တက်ရတာကြောင့်ဖြစ်တယ်လို့ ထင်ပြီး ဆေးခန်းတွေ သွားပြခဲ့ပါတယ်။ ဆေးခန်းတွေကတော့ ပိုးသတ်ဆေးတွေ ပေးခဲ့ပါတယ်။

 ဒါပေမယ့် တစ်ပတ်အတွင်းမှာပဲ ခြေထောက်ဟာ ပိုပိုပြီး ဆိုးရွာလာခဲ့တာပါ။ တဖြေးဖြေးနဲ့ သူ့ရဲ့ ခြေထောက်တွေဟာ အရင်ကထက် ပိုကိုက်လာခဲ့ပါတယ်။

Facebook/JamesMichael

“ကျနော် ဒီခြေထောက်က တဖြေးဖြေးနဲ့ ပိုပိုဆိုးလာတယ်ဆိုတာ ဆရာဝန်တွေကိုပြောပြခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။ “အာရုံကြောဌာနကို သွားခဲ့ရသေးတယ်။ ရောဂါက ဘာဖြစ်တာလဲဆိုတာ သိဖို့ သွေးစစ်ချက်တွေ ယူထားလိုက်တာပေါ့”လို့ ဆိုပါတယ်။

အာရုံကြောဌာနကပဲ ချက်ချင်းပဲ သူ့ကို အဖြေတစ်ခုပေးလိုက်တာပါ။ သူ့ရဲ့ ကိုယ်ခံစားစနစ်က သူ့ရဲ့ ကျောရိုးကို ပြင်းပြင်းထန်ထန်ထိခိုက်နေတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို ဖြစ်နေမှုဟာ သူ့ရဲ့ ခြေထောက်တွေကို ထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေဖို့ ဦးတည်နေကြောင်းပြောဆိုခဲ့ပါတယ်။

 

ဆရာဝန်တွေကတော့ ဘာကြောင့် ဒီလိုဖြစ်ခဲ့တယ်ဆိုတာကို အဖြေထုတ်လို့မရခဲ့ပါဘူး။ ဆရာဝန်တစ်ယောက်ကတော့ ဒီလိုဖြစ်ရတာဟာ အရင်က ဖြစ်ခဲ့တဲ့ ကပ်ပါးပိုးကောင်တွေဟာ အရှင်းပျောက်မသွားခဲ့ဘဲ ကိုယ်ခန္ဓာအတွင်းမှာ ဥ,ဥပြီးမျိုးပွားနေကြောင့် ဖြစ်တယ်လို့  အဖြေထုတ်ခဲ့တာပါ။

ဂျိမ်းစ်မိုက်ကယ်ကတော့ သူ့ရဲ့ ခြေထောက်နာကျင်မှုဟာ အရင်က ထက်ပိုမိုဆိုးရွာလာခဲ့ပါတယ်။ တဖြေးဖြေးနဲ့ ခြေထောက်ကို ထိန်းချုပ်လို့မရတော့တဲ့ အပြင် အသုံးပြုလို့လည်း မရတော့ပါဘူး။ ဆရာဝန်တွေကတော့ ရောဂါပိုးတွေကို သတ်ပြီးပြီလို့ ပြောတယ်။ ဒါပေမယ့် နာကျင်နေရတုန်းပါပဲဗျာ။ အကူအညီမဲ့နေတယ်လို့လည်း ကျနော် ခံစားနေတယ်လို့ သူက ဆိုပါတယ်။

Facebook/JamesMichael

သူဟာ ဆေးရုံမှာပဲ အချိန် ၃လလောက် ဝီးချဲအကူအညီနဲ့ နေထိုင်ခဲ့ရပြီး လေးလလောက် ချိုင်းထောက်နဲ့ သွားလာခဲ့ရပါတယ်။ သူ့ရဲ့ ခြေထောက်ကတော့ အရင်လို ပြန်ကောင်းလာဖို့ မဖြစ်နိုင်တော့ပါဘူး။

မော်လဝီကန်ထဲကို ရေကူးဖို့ ကျနော် သေသေချာချာ စဉ်းစားခဲ့တယ်ဗျာလို့ ဂျိမ်းစ်မိုက်ကယ်က နောင်တရစွာနဲ့ The Sun သတင်းစာကို ပြောဆိုခဲ့ပါတယ်။

YYK

SHARE