ပိုက်ကွန်ချရာမှ သမိုင်းဝင်ရှားပါးတဲ့အရာဝတ္ထုကို ရှာတွေ့ခဲ့သူ

Image:twitter/@brumirish

အို​င်​ယာလန်​နိုင်​ငံမှာ ​ရှေး​ဟောင်းမျိုးစိတ်​​တွေကို တစ်​သီးတစ်​ခြားစီ​တွေ့ရ​ပေမယ့်​ သမင်​​တွေရဲ့ ရုပ်​ကြွင်း​တွေကို က မ္ဘာရဲ့ တစ်​ခြား​နေရာ​တွေထက်​ အဲ့ဒီမှာပိုပြီး​တွေ့ရတတ်​ပါတယ်​။ငါးဖမ်းသမား Raymond McElroy နဲ့ သူ့လက်​​ထောက်​ Charlie Coyle တို့ဟာ အိုင်​ယာလန်​​မြောက်​ပိုင်းမှာရှိတဲ့ Lough Neagh ​ရေကန်​​အောက်​​ခြေကို ပိုက်​ကွန်​ချခဲ့ကြပါတယ်။အဲ့ဒီလို ပိုက်ကွန်ချရာကနေ ပိုက်ထဲမှာ ပါလာတဲ့ ထူးဆန်းတဲ့ အရာကြီးကြောင့် သူတို့ တွေ အားလုံး လုံးဝအံ့အားသင့်ခဲ့ရပါတယ်။ပါလာတဲ့ အရာကတော့ တကယ့်ကို တန်ဖိုးရှိတဲ့ ရှားပါးပစ္စည်းကြီးပါ။

Image:Facebook/Ardboe Gallery
Image:Facebook/Ardboe Gallery

အဲ့ဒါက​တော့ လွန်​ခဲ့တဲ့နှစ်​ပေါင်း (၁၀၅၀၀)က ဦး​ခေါင်းခွံအပြည့်​အ၀ပါတဲ့ elk သမင်​ဦး​ခေါင်းနဲ့ဦးချို ပါ။သူတို့ဖမ်းမိတဲ့အရာဟာ သမိုင်းဝင်​​ရှေး​ဟောင်းပစ္စည်းတစ်​ခုဖြစ်​​နေလိမ့်​မယ်​လို့ လုံးဝထင်​မထားခဲ့ဘူးလို့ဆိုပါတယ်​။သူတို့ဟာ ​ရေကန်​ရဲ့တစ်​မိုင်​ခွဲ​ခန့်​​လောက်​အထိ ငါးဖမ်း​နေခဲ့ကြတာဖြစ်​ပြီး ​ရေပိုင်​နက်​ရဲ့ ​ပေ(၂၀)​ကျော်​​လောက်​ မ​ရောက်​ခင်​မှာ elk သမင်​ဦး​ခေါင်းကို ​တွေ့ရှိခဲ့တာဖြစ်​ပါတယ်​။

Image:twitter/@brumirish

တိုင်းတာကြည်တဲ့ အခါမှာတော့ ဦး​ခေါင်းနဲ့ဦးချိုရဲ့အရှည်​ဟာ ၆​ပေခန့်​ရှိပါတယ်​။အခု​တွေ့ရှိတဲ့ သမင်​ဦးခွံဟာ Irish elk လို့ လူသိများတဲ့ လက်​ရှိမှာမျိုးတုန်း​ပျောက်​ကွယ်​သွားပြီဖြစ်​တဲ့ ​ရှေး​ဟောင်းသမင်​မျိုးစိတ်​ဖြစ်​ပါတယ်​။Irish elk ဟာ ကြီးမားတဲ့သမင်​မျိုးနွယ်​​တွေထဲကတစ်​ခုဖြစ်​ပြီး နှစ်​တစ်​​သောင်းနီးပါးကြာကတည်းက မျိုးတုန်း​ပျောက်​ကွယ်​သွားတဲ့ သမင်​မျိုးနွယ်​ဖြစ်​တယ်​လို့သိရပါတယ်။

Image:twitter/@ExtAnimals

 

Source : allthatsinteresting

SHARE