ထောင်တွင်းစာဖိုမှုးဆိုပြီး TikTok မှာ နာမည်ကြီးနေတဲ့ အကျဉ်းသား

[email protected]

California အကျဉ်းထောင်ရှိ အကျဉ်းသားတစ်ဦးကတော့ ထောင်ထဲမှာ သူလုပ်တဲ့ အစားအစာတွေကို Tiktok မှာ ဗီဒီယိုအဖြစ်တင်ရင် နာမည်ကြီးနေကြောင်း Dailymail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါအမျိုးသားရဲ့ နာမည်ကတော့ Jeron Combs ပဲ ဖြစ်ပါတယ်။

 

@blockboyjmomeythis is what I use to cook ##burritots ##tacos ##free jmoney♬ original sound – blockboyjmomey

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jeron ဟာ အသက် ၁၈ နှစ်ကတည်းက ထောင်ကျနေခဲ့တာ ဖြစ်ပါတယ်။ လူသတ်မှုတစ်ခုနဲ့ ထောင်ကျခဲ့ရင်း နောက်ထပ်လူသတ်ရန်ကြိုးစားမှုနဲ့ အမှုနှစ်ခုပေါင်း ထောင်ဒဏ်အနှစ် ၇၀ ချမှတ်ခံခဲ့ရတဲ့ နှစ်ကြီး အကျဉ်းသမားတစ်ယောက် ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကတည်းက ထောင်ထဲမှာ ရောက်နေရတဲ့ Jeron ဟာ ထောင်ကို စရောက်ခါစမှာတော့ သူ့ဘဝကို သူအလွန်စိတ်ပျက်ပြီး စိတ်ဓာတ်ကျနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Jeron ဟာ အရင်ကတည်း သူစိတ်ဝင်စားတဲ့ ဟင်းချက်တဲ့ အလုပ်ကို ထောင်ထဲမှာပဲ သင်ယူရင်း စာဖိုးမှုးတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

READ
အွန်လိုင်းပေါ် ရေပန်းစားနေတဲ့ ပြူတင်းပေါက်အပြင်ဖက်ကို လှမ်းရိုက်ထားတဲ့ ဓာတ်ပုံလေးများ

 

@blockboyjmomeyJust another day ##free jmoney♬ Yummy – Justin Bieber

အခုအချိန်မှာတော့ Jeron ဟာ ထောင်ကကျွေးတဲ့ ဟင်းကို မစားပဲ သူကိုယ်တိုင် ထောင်ကန်တင်းက အစားအစာတွေမှာယူပြီး သူ့ဟာသူ အခန်းထဲမှာ လုပ်စားလေ့ရှိပြီး ဒီလို သူချက်တဲ့ အစားအစာမှန်သမျှကို Tiktok ပေါ်တင်ရင်း လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်အခန်းထဲမှာ ကိုယ်ဟင်းချက်စားရလို့ ကျကျနနစားရတယ် မထင်ပါနဲ့။ ပလိပ်အိုးကို သံခုတင်အောက်မှာ အပူပေးပြီး သံခုတင်ပူလာတဲ့အခါမှ အဲဒီပူလာတဲ့နေရာလေးကို ဒယ်အိုးပုံစံအဖြစ်အသုံးပြုရတာဖြစ်ပါတယ်။

[email protected]

“ဒီကလူတွေကတော့ ကျွန်တော့်လက်ရာကိုကြိုက်ကြတယ်။ များသေားအားဖြင့် ကျွန်တော်လုပ်တာအများဆုံးက ကြက်သားခပတ်။ မက္ကဆီကိုနည်းအတိုင်းလုပ်တာ။ ဒီကလူတွေ တော်တော်များများကြိုက်ကြသလို ကျွန်တော်လည်းအရမ်းကြိုက်ပါတယ်။ လိုအပ်တဲ့ဟာတွေကိုတော့ ထောင်ကန်တင်းကနေ မှာလို့ ရပါတယ်။ အစပိုင်းမှာတော့ Tiktok မှာ အပျော်တင်တာ။ အခုလို တစ်ကမ္ဘာလုံးက လူတွေ ကျွန်တော့်ဗီဒီယိုတွေကို ကြည့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါဘူး” လို့ Jeron ကပြောကြားခဲ့ပါတယ်။

READ
ရှုခင်း အလှစားတွေဆီသွားပြီး ကိုယ့်အင်္ကျီပုံကို အကျအနရေးဆွဲနေတဲ့ ဟာသပန်းချီဆရာ
[email protected]

Pyi Hein Kyaw

SHARE