MEN ၀ိတ်ကျပြီးနောက် Disney မင်းသားလေးအသွင်ပြောင်းသွားတဲ့ အမျိုးသား By W - April 6, 2018 Share on Facebook Tweet on Twitter ပုံပြင်တွေထဲကလို ချောမောတဲ့ မင်းသားလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားဖို့၊ မှော်ဆေးရည်လည်း မလိုသလို မင်းသမီးလေးရဲ့ အနမ်းတစ်ပွင့်လည်း မလိုဘူးဆိုတာကို သက်သေပြခဲ့တဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။ သူ့နာမည် ကတော့ Jeffrey Kendall ပါ။ အသက်ကတော့ (၂၆)နှစ်ပါ။ ခက်ခဲကြမ်းတမ်းတဲ့ Weight Loss ခရီးကြမ်းကြီးကို ဖြတ်ကျော်ပြီး မယုံနိုင်လောက်စရာ body transformation လုပ်ပြခဲ့သူပါ။ဝနေတုန်းကပျောက်ကွယ်နေတဲ့ သူ့ရဲ့ ရုပ်ရည်ရူပကာအလှအပတွေဟာ ၀ိတ်ကျပြီးနောက်မှာတော့ ထွက်ပေါ်လာခဲ့ပါတယ်။ ၀နေချိန်ကတော့ သာမန်လို့ ထင်ရတဲ့ ရုပ်ရည်ဟာ ၀ိတ်ကျပြီးနောက်မှာတော့ Disney ကာတွန်းကားတွေထဲက မင်းသားလေးနဲ့ ရုပ်ချင်းအတော်လေး တူနေတာကိုတွေ့ခဲ့ပါတယ်။ Kendall ရဲ့ မေမေကတော့ Liliana ပါ။ aneurysm ဆိုတဲ့ ရောဂါကို ခံစားနေရသူပါ။ အထူးကြပ်မတ်ဆောင်မှာထားပြီး စောင့်ရှောက်နေရသူဖြစ်ပြီး ကိုမာ (၂)ကြိမ်လောက် ရဖူးပါတယ်။ မိခင်ရဲ့ ကျန်းမာရေးကလည်း အရမ်းဆိုးနေတဲ့ အချိန်မှာ Kendall အနေနဲ့ သူ့ကိုယ်သူ လုံးဝဂရုမစိုက်ဘဲထားတာကြောင့် ကိုယ်အလေးချိန်က ပေါင်(၂၅၀)လောက်အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ အမေ့ကျန်း မာရေးကို စောင့်ရှောက်ရလို့ဆိုတဲ့ ဆင်ခြေအပါအ၀င် တခြားဆင်ခြေတွေပေးတာကို ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း ဆေးရုံကနေ ဆင်းနိုင်ခဲ့ပါတယ်။ မိခင်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်ခဲ့ရတဲ့အချိန်အတွင်း ကိုယ့်ကိုယ်ကို အချိန်အကြာကြီးပစ်ထားမိခဲ့ရာမှ မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ရင်း တစ်ခုခု ပြောင်းလဲပစ်ဖို့ စိတ်ကူးရခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ အဲ့ဒီအချိန်မှာ အသည်းကွဲနေတဲ့ သူ့ရဲ့သူငယ်ချင်းက အသည်းကွဲဝေဒနာကို gym မှာ ကုစားချင်တဲ့အတွက် ကစားဖော်အဖြစ် Jeffrey Kendall ကို ခေါ်ခဲ့ပါတယ်။ ဒါကတော့ Jeffrey တစ်ယောက် Gym ကို ရောက်ခဲ့ပုံပါ။ “အောင်မြင်မှုဆိုတာ ကိစ္စသေးသေးလေးတွေကနေ စခဲ့တာပါ။ ကျတော်တို့ အရင်ဆုံး ပေါ့ပေါ့ပါးပါးကစားနည်းတွေကနေ စခဲ့တယ်..(၄၅)ပေါင် barbell နဲ့ လေ့ကျင့်ခန်းလုပ်တယ်..တစ်နေ့တစ်တစ်နေ့ တိုးလုပ်တယ်.. မကြာခင်မှာပဲ မနက်တိုင်းလမ်းလျှောက်တယ်..ယောဂလည်းလုပ်ခဲ့တယ်.. diet လည်း လုပ်တယ်” လို့ ပြောပါတယ်။ ” လူတွေက ကျတော့်ကို ချီးကျူးတယ်..သူတို့ရဲ့ချီးကျူးစကားက ကျတော့်အတွက် အရမ်းအားဖြစ်စေခဲ့တယ်..body transformation လုပ်ဖို့ အားတက်စေခဲ့တယ်..ဒါကပဲ ကျတော့်ကို အခုလို ရလဒ်အောင်မြင်မှု ပိုင်ဆိုင်စေခဲ့ပါတယ်..” လို့ ပြောခဲ့ပါတယ်။ တစ်ဖက်မှာလည်း မိခင်ကိုစောင့်ရှောက် တစ်ဖက်မှာလည်း body transformation ကြိုးစားလုပ်ခဲ့တဲ့ သူ့ကိုမြင်တိုင်း မိခင်ဖြစ်သူက ပြောင်းလဲသွားတဲ့ ရုပ်ရည်အပေါ် အမြဲတမ်းချီးကျူးစကားပြောတယ်လို့ Kendall ကပြောခဲ့ပါတယ်။Source 9gag