ချစ်သူရဲ့ သွားလေသူဖခင်ဆီသွားပြီး လက်ထပ်ဖို့ ဒူးထောက်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

instagram/acreativetraveler

အမျိုးသားတစ်ဦးဟာ ၄င်းရဲ့ ချစ်သူမိန်းကလေးကို အထူးခြားဆုံး လက်ထပ်ခွင့်တောင်းနိုင်ဖို့အတွက် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြင်ဆင်ခဲ့တာကို inspirestory သတင်းစာမျက်နှာမှာ အခုလို တွေ့ခဲ့ရပါတယ်။ အမျိုးသားဖြစ်သူဟာ မက်သယူးရက်ဆို ဆိုသူဖြစ်ကာ သူ့ကောင်မလေးကတော့ ခရစ္စတီးနားဘရော့တန် ဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ် Napa Valley Winery မှာ တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာပါ။

instagram/acreativetraveler

(၂၀၁၈) မှာတော့ ခရစ္စတီးနားကို လက်ထပ်ဖို့သင့်ပြီလို့ မက်သယူးက ထင်တာကြောင့် သူဟာ အသေးစိတ်အစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ သူဟာ ဆန်ဖရန်ဆစ္စကို ကနေ အော်လန်ဒိုကို သွားကာ ခရစ္စတီးနားရဲ့ မိခင်ဖြစ်သူရဲ့ တွေ့ဆုံပြီး သူနဲ့လက်ထပ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ မက်သယူးဟာ ခရစ္စတီးနားရဲ့ အဖွားနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

READ
ကြောက်စရာ ကိုယ်ဝန် Scan ပုံကြောင့် ကိုယ်ဝန်ဖျက်ချဖို့ဖိအားပေးခံနေရတဲ့ အမျိုးသမီး
instagram/acreativetraveler

အဖွားကတော့ ရွေနဲ့ ပလက်တီနမ်ရောစပ်ထားတဲ့ စိန်လက်စွပ်ကို စေ့စပ်မင်္ဂလာပွဲအထိမ်းအမှတ်အဖြစ် မက်သယူးဆီ ပေးလိုက်ပါသေးတယ်။ ဒီလက်စွပ်ကတော့ မိသားစုအစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ နှစ်(၈၀) ကျော်ပြီဖြစ်တဲ့ လက်စွပ်ပါ။ ဒါတင်မကသေးပါဘူး။ မက်သယူးက ခရစ္စတီးနားရဲ့ ဆုံးသွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူ မြှုပ်နှံထားရာ အုတ်ဂူဆီသွားပြီး ၄င်းရဲ့ သမီးနဲ့ သူ့ကို လက်ထပ်ခွင့်ပြုဖို့ ဒူးထောက်ကာတောင်းဆိုခဲ့ပါတယ်။

ကောင်မလေးဘက်က မိဘတွေနဲ့ အသိုင်းအ၀ိုင်းကို အသိပေးပြီးနောက်မှာတော့ မက်သယူးဟာ ခရစ္စတီးနားဆီကို ပြန်လာခဲ့ပါတယ်။ ပြီးတဲ့နောက် သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲသွားရမယ်ဆိုပြီး ခရစ္စတီးနားကို သူတို့ ပထမဆုံးစတွေ့ခဲ့ကြတဲ့ Napa Valley Winery ဆီကို ခေါ်လာခဲ့ပါတယ်။ ပြီးတဲ့အခါ သူဟာ တစ်ပတ်အတွင်း ခရီးတွေသွားပြီး ကောင်မလေးရဲ့ အမေနဲ့ အဖွားကို တွေ့ဆုံခဲ့ပုံ၊ ကောင်မလေးရဲ့ ဖခင်မြေပုံမှာ ဒူးထောက်ပြီး လက်ထပ်ခွင့်ပြုဖို့ တောင်းပန်ခဲ့တာတွေ အားလုံးကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို ခရစ္စတီးနားဆီ ပြသခဲ့ပါတယ်။

READ
ဟောင်ကောင်ဆန္ဒပြပွဲကိုပြိုင်ကားအကောင်းစားတွေနဲ့ရောက်ချလာကြတဲ့ တရုတ်လူငယ်များ
instagram/acreativetraveler

ပြီးတဲ့အခါမှာတော့ မက်သယူးဟာ ခရစ္စတီးနားကို သူ့ကို လက်ထပ်နိုင်မလားဆိုပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သတို့သမီးလောင်းလေးကတော့ သူမအပေါ်မှာ အရမ်းတန်ဖိုးထား မြတ်နိုးလွန်းအားကြီးတဲ့ မက်သယူးရဲ့ လုပ်ဆောင်မှုတွေကို နှစ်သက်ပြီး လက်ထပ်ဖို့ ခေါင်းညိမ့်ခဲ့ပါတယ်။ မက်သယူးနဲ့ ခရစ္စတီးနားတို့ဟာ (၂၀၁၈) ခုနှစ် စက်တင်ဘာမှာ လက်ထပ်ခဲ့ကြကာ ဟန်းနီးမွန်းခရီးစဉ်ကိုတော့ အကြာကြီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

instagram/acreativetraveler

လင်းလင်း (ShweMom)

SHARE