VIP တွေထံ မူးယစ်ဆေးဖြန့်ပြီး ဆရာမကြီးလုပ်နေတဲ့ မော်ဒယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့

Instagram/Flavia Tamayo

ဘရားဇီးနိုင်ငံ၊ ဗစ်တိုးရီးယားမြို့မှာ Flavia Tamayo အမည်ရ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးကတော့ အခုဆိုရင် ရဲက ဖမ်းဆီးတာကို ခံလိုက်ရပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူမဟာ ပလေးဘွိုင်းမော်ဒယ်တစ်ဦးလည်း ဖြစ်ပြီး၊ ပြင်ပလူနေမှုဘဝမှာ သိုသိုသိပ်သိပ် နေသူပါ။

ဒါပေမယ့် သက်ဆိုင်ရာက သူမဟာ VIP ပုဂ္ဂိုလ်ကြီးတွေထံ ကိုကင်းနဲ့ မူးယစ်ဆေးတွေ ဖြန့်ဖြူးတဲ့နေရာမှာ အဓိကခေါင်းဆောင်ဆိုတာကို သိရှိခဲ့ပါတယ်။ သူမဟာ မူးယစ်ဆေးသာမက VIP တွေ တောင်းဆိုတဲ့ မိန်းကလေးလှလှလေးတွေကိုလည်း ရှာဖွေပေးတဲ့ အလုပ် လုပ်သူပါ။

ရဲက သူမကို ဖမ်းဆီးချိန်မှာတော့ ရဲကို အမှုဆင်ချင်လို့ သူမရဲ့ အင်္ကျီတွေကိုတောင် ကိုယ်တိုင်ဆွဲဖြဲခဲ့သေးတယ်လို့ ဆိုပါတယ်။ Flavia ကို ဇိမ်ခံဟိုတယ်ခမ်းမကြီးတစ်ခုအတွင်းမှာ ရဲက ရုတ်ချည်းဆိုသလို ဝင်ဖမ်းခဲ့တာ ဖြစ်ပါတယ်။ Flavia ဟာ ပလေးဘွိုင်းပေါ်တူဂီမဂ္ဂဇင်းမှာ ကာဗာမင်းသမီးအဖြစ်လည်း ဖော်ပြခံရဖူးသူပါ။

သူမဟာ VIP တွေအတွက် ဆေးနဲ့မိန်းမ စသဖြင့် လမ်းကြောင်းတစ်ခု စီစဉ်ပေးနိုင်တာနဲ့ အနည်းဆုံး (၇၅)ပေါင်ကနေ ပေါင်(၁၅၀)လောက်အထိ တွက်ချေကိုက်တယ်လို့ ဆိုပါတယ်။ သူမဟာ နာမည်ဝှက်တွေနဲ့ လှုပ်ရှားသူဖြစ်ပြီး၊ ရဲတပ်ဖွဲ့က တစ်နှစ်လောက်ကြာမှ ခြေရာခံမိတာပါ။

Civil Police in Brazil’s Federal District ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးနဲ့ Globo သတင်းဌာနတို့ တွေ့ဆုံစဉ်မှာ Flavia ရဲ့အမည်ပြောင်တွေကို ထုတ်ဖော်ခဲ့ပါတယ်။ သူမရဲ့ အမည်ပြောင်တွေကတော့ “Powder Queen” နဲ့ “Powder Panther,”တို့ ဖြစ်ကြောင်း သိရပါတယ်။ သူမအမှုကို ဆက်လက်စစ်ဆေးနေပါတယ်။

လင်းသူရိန်

SHARE