ကလေးဖြစ်သူက ကျောင်းစာ အရမ်းညံ့လို့ နှလုံးဖောက်ပြီး သေလုနီးပါးဖြစ်ခဲ့ရတဲ့ မိခင်

YouTube/SinchewDailyNews_Pixabay/Pexels

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းစာမှာ ညံ့တာတို့၊ စာမလုပ်တာတို့ဆိုရင် မိဘတွေက အလွန်ဆုံးပြောကြတာ”မင်းကစာကိုသေချာမလုပ်ဘူး။စာကိုသေချာမလိုက်နိုင်ဘူး။ဂိမ်းပဲကစားနေတာ စာကဘယ်အချိန်လုပ်မှာလဲ” အစရှိသဖြင့် ဆူတာလောက်ပဲ ပေါကြဆိုကြပါတယ်။ဘယ်မိဘကမှ သူတို့ အသက်အန္တရာယ်ဖြစ်လုနီးပါး ဒေါသမထွက်ကြပါဘူး။ဒါပေမယ့် ကိုယ့်သားသမီး အိမ်စာမလုပ်လို့ ဒေါသထွက်ပြီး သေလုနီးပါးဖြစ်ခဲ့တဲ့ မိခင်တစ်ဦးရှိပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိတဲ့ မိခင်တစ်ဦးဟာ သူ့သားဟာ အိမ်စာကို ကောင်းကောင်းမလုပ်နိုင်တာကြောင့် ဒေါသထွက်ကာ နှလုံးဖောက်ပြီး သေလုနီးပါးဖြစ်ခဲ့ရပါတယ်။ Sin Chew Dailyက ဖော်ပြတဲ့ သတင်းအရဆိုရင် အသက်ငယ်ငယ်ပဲရှိတဲ့ Wang ဆိုတဲ့ မိခင်ဟာ သူမရဲ့ သုံးတန်းသာရှိသေးတဲ့ သားဖြစ်သူရဲ့ ပညာရေးမှာ အမြဲပါဝင်ပတ်သတ်လေ့ရှိပါတယ်။အဓိကကတော့ ညတိုင်း Wangဟာ သားဖြစ်သူအိမ်စာတွေလုပ်ရင် အနားမှာအချိန်ပြည့်ရှိကာ သင်ကြားပြသပေးပါတယ်။

ဒါပေမယ့် တစ်ညမှာတော့ Wangဟာ သူမသားဖြစ်သူအိမ်စာလုပ်နေတုန်း စိတ်တွေတော်တော် နောက်ကျိလာပြီး ဒေါသအကြီးအကျယ်ထွက်လာပါတယ်။ အကြောင်းကတော့ သားဖြစ်သူဟာ သူမပေးတဲ့ သင်္ချာပုစ္ဆာလွယ်လွယ်လေးကို မှန်အောင်မတွက်နိုင်လို့ပါပဲ။”ကျွန်မ သူ့ကို အကြိမ်ကြိမ်ရှင်းပြပါတယ်။ဒါပေမယ့် သူဟာ အူကြောင်ကြောင်နဲ့ ပုစ္ဆာကို တလွဲတွေကြီးပဲ တောက်လျှောက်တွက်နေတယ်။အဲဒီအချိန်မှာ ကျွန်မအကြီးအကျယ် ပေါက်ကွဲပြီး အသက်ရှုရပ်မတက် ဖြစ်ခဲ့တာပဲ။ကျွန်မကိုယ်ကျွန်မ မဟန်တော့မှန်းသိလို့ ယောက်ျားကို အမြန်ဖုန်းဆက်ပြီး ဆေးရုံကို ပြေးရတော့တာပဲ။တော်သေးတယ်။အချိန်မှီဆေးရုံရောက်သွားပြီး ကံကောင်းလို့မသေတာ”ဟု ပြောကြားခဲ့ပါတယ်။

READ
ကားသော့ကို ကိုယ်တိုင် အဖွင့်အပိတ် လုပ်နိုင်တဲ့အထိ ပါးနပ်လွန်းတဲ့ လူလည်လေး
YouTube/SinchewDailyNews

အခုချိန်မှာတော့ Wangဟာ ဆေးရုံမှာပဲနေပြီး ဆေးကုသမှု ခံယူလို့နေပါတယ်။ဆရာဝန်ကတော့ “ဒီလိုကိစ္စမျိုးတော်တောများများက အသက်အရွယ်ငယ်သေးတဲ့ မိဘတွေမှာ အဖြစ်များပါတယ်။ဘာလို့လဲဆိုတော့ သူတို့ဟာ ငယ်ရွယ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုအားနည်းသေးလို့ပါ။စိတ်ကလဲတော်တော်ဆတ်ပြီး သားသမီးကို ထိန်းချုက်နိုင်ဖို့ ခက်ခဲသေးတဲ့ အရွယ်ပါ။အခုလဲဆေးရုံရောက်တာ တော်တော်မြန်လို့ပါ။အခန့်မသင့်ရင် လမ်းတစ်ဝက်မှာတင် အသက်ဆုံးရှုံးသွားနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE