သမီးနဲ့(၂၃)နှစ် ကွာခြားပေမယ့် ညီအစ်မနှစ်ယောက်လား ထင်မှတ်မှားခံနေရတဲ့ သားအမိ

Instagram/JoleenDiaz

တချို့သော အမျိုးသမီးများ အရွယ်တင်နုပျိုမှုဟာ အတော်လေးကို အံ့သြယူရပါတယ်။ တချို့ကလေးမိခင်တွေဟာ အရွယ်တင်လွန်းလို့ သူတို့ရဲ့သားသမီးတွေ ညီအစ်မလား၊ မောင်နှမတွေလားလို့တောင် ထင်မှတ်မှားရပါတယ်။ အခုလည်း Single mother တစ်ဦးဖြစ်တဲ့ Joleen Diaz ရဲ့အဖြစ်ကို ကြည့်ပါဦး။

Joleen ဟာ လက်ရှိအချိန်မှာ အသက် (၄၃)နှစ်ဖြစ်ပြီး၊ သမီး Meilani ကတော့ အသက်(၁၉)နှစ်ပဲ ရှိပါသေးတယ်။ နှစ်ယောက်သား အသက်(၂၃)နှစ်အထိ ကွာခြားပေမယ့် သူတို့နှစ်ယောက်ကို ညီအစ်မတွေလို့ ထင်နေကြပါတယ်။ သူမတို့ သားအမိဟာ သွားလေရာ တတွဲတွဲဖြစ်တာကြောင့်လည်း လူတွေက သူတို့ သားအမိကို သူငယ်ချင်းတွေလို့လည်း ထင်နေကြတာပါ။

 

View this post on Instagram

 

#happythanksgivng

A post shared by Joleen Diaz (@joleendiaz) on

Joleen က “ သမီးနဲ့ ကျွန်မက အတော်လေးကို နီးနီးကပ်ကပ် နေကြပါတယ် … အများအားဖြင့်တော့ နှစ်ယောက်သား လုပ်စရာရှိတာတွေ အတူတူ လုပ်ကြလေ့ ရှိပါတယ် … ခရီးသွားတာ၊ ဈေးဝယ်တာ၊ ပြဿနာတွေကို အဖြေရှာတာ … နောက် စကားတွေ ရင်ဖွင့်တာ စသဖြင့်ပေါ့ ”လို့ ပြောခဲ့ပါတယ်။

Joleen က အရွယ်တင်လွန်းတော့ သူနဲ့ Meilani တို့ကို ညီအစ်မတွေလား လူတွေက မှားယွင်းနေမှုအပေါ်၊ သမီး Meilani က ဘာစိတ်ကွက်မှုမှ မရှိပါဘူးတဲ့။ Joleen ဟာ မူလတန်းကျောင်းဆရာမတစ်ဦးလည်း ဖြစ်ပြီး “ ကျွန်မ ထင်သလောက်တော့ ဒီအတွက် သူမ စိတ်ကွက်မှာ မဟုတ်ပါဘူး … အခုဆို သမီးလည်း ကြီးပြင်းလာခဲ့ပါပြီ … တစ်ခါတလေ ကျွန်မတို့ကို ညီအစ်မတွေနဲ့မှားကြောင်း သူမက ခဏခဏ လာပြောလေ့ရှိပါတယ် ”လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Happy Mother’s Day to the one person who always laughs at my jokes. Love you!!♥️

A post shared by Joleen Diaz (@joleendiaz) on

သူမက ဆက်လက်ပြီး “ သမီးကို မွေးခဲ့တုန်းက ကျွန်မက အတော်လေး ငယ်သေးတယ် … ဒါကြောင့်မို့ ကျွန်မတို့ ညီအစ်မတွေ မဖြစ်နိုင်ဘူးလားဆိုတာကတော့ လုံးလုံး မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး … ဒီအတိုင်းလည်း ညီအစ်မ ပေါင်း ပေါင်းကြတာပါပဲ ”လို့ ပြောခဲ့ပါတယ်။

ဘာလို့ အရွယ်တင်နေတာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး “ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း ”လို့ ဆိုပါတယ်။ သူမက “ ကျွန်မက အမြဲတမ်း ကျန်းမာအောင် နေပါတယ် … တက်တက်ကြွကြွ နေတယ် … အရက် သောက်လေ့မရှိဘူး … အနားကောင်းကောင်း ယူတယ် … မျှမျှတတနဲ့ ကျန်းမာတဲ့ Diet ကို လုပ်တယ် ”လို့ ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

Happiest of bdays to the one person who understands me like no other♥️ilysm…don’t know what I’d do without you!!

A post shared by Joleen Diaz (@joleendiaz) on

သူမက ဆက်လက်ပြီး “ ကျွန်မက အရေပြားကိုလည်း အထူးဂရုစိုက်ပါတယ် … မနက်ပိုင်းဆိုရင် မျက်နှာစိမ်ပြေနပြေ သစ်ပါတယ် … နောက် အိပ်ယာဝင်ချိန်ရောပေါ့ … အသက် (၁၂-၁၃)လောက်ကတည်းက အသားရေကို ထိန်းသိမ်းလာခဲ့တာပါ … မေမေက Mary Kay အလှကုန်တွေ ဝယ်ပေးလေ့ရှိတယ် … မေမေရဲ့ အလှကုန်တွေ ခိုးသုံးတယ် … ”လို့ ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

bae

A post shared by Joleen Diaz (@joleendiaz) on

ကယ်လီဖိုးနီးယားမှာ နေထိုင်သူဖြစ်လို့ နေရောင်ခြည်ကို ပိုပြီး ဂရုစိုက်ရတာမို့ တစ်ခြားသူတွေထက် အသားရေကို ပိုဂရုစိုက်ရတယ်လို့ ပြောပါတယ်။ နေသိပ်မပူတဲ့နေ့တွေမှာတောင် နေရောင်ခြည်ကာကွယ် လိမ်းဆေးမလိမ်းဘဲ အပြင်မထွက်ပါဘူးတဲ့။ အသားရေ လှပတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုဖြစ်တယ်လို့ Meilani က ဖွင့်ဟခဲ့ပါတယ်။

လင်းသုတ

SHARE