လူကောင်သေးပေမယ့် ပုံမှန်လူတွေထက်ကို စီးပွားရှာကောင်းနေတဲ့ အမျိုးသား

သာမန်လူတွေထက် ခန္ဓာကိုယ်ချို့ယွင်းမှု အနည်းငယ်ရှိနေပေမယ့်လည်း အမျိုးသားတစ်ယောက်ကတော့ လူတိုင်းနဲ့ ယှဉ်နိုင်တဲ့ စွမ်းရည်ရှိနေပါတယ်။

မလေးရှားနိုင်ငံက ၅၇ နှစ်အရွယ် Ikhsan Sirat အမည်ရ အမျိုးသားဟာ ခန္ဓာကိုယ်အရွယ်အစား ပုံမှန်အတိုင်း မကြီးထွားတဲ့ အခြေအနေနဲ့ ဖြစ်နေပေမယ့် အလုပ်ကို သာမန်လူတွေ နည်းတူ ကြိုးစားနေပြီး တစ်လဝင်ငွေမှာ မလေးရှားငွေ ရင်းဂစ် ၂ သောင်း (ဒေါ်လာ ၄,၇၀၀ ခန့်) ရှာဖွေနိုင်လျက်ရှိပါတယ်။

Harian Metro

သတင်းများအရ Sirat ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ က စပြီး ညဈေးတွေမှာ မုန့်သည်အနေနဲ့ အသက်မွေးခဲ့တာပါ။ ဘာဂါတွေကို လူတိုင်းစားနိုင်မယ့် ၁ ရင်းဂစ် ဈေးနှုန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ဖောက်သည်တွေလည်း အများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Sirat တစ်ယောက်ဟာ အမြတ်ပိုရပြီး အလုပ်ရှုပ်ပိုသက်သာတဲ့ အသားကင်ကို ပြောင်းရောင်းခဲ့ပါတယ်။

“ဘာဂါဆိုင် ရပ်လိုက်ရတာဟာ သွားရလာရ အဆင်မပြေလို့ မဟုတ်ပါဘူး။ သုံးရတဲ့ ဒယ်ပြားတွေက ကြီးလွန်းတာကြောင့် အဆင်မပြေတာပါ။ ဘာဂါစရောင်းတုန်းက အခြားဆိုင် ၅ ဆိုင်နဲ့ အပြိုင်ရောင်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော် မသိမ်ငယ်ပါဘူး။ ကျွန်တော်ရောင်းတဲ့ အစားအသောက်နဲ့ ပေးတဲ့ ဝန်ဆောင်မှုက ကောင်းရင် ကျွန်တော့်ဆီ လာဝယ်စားကြမယ်လို့ ခံယူထားပြီးသားပါ” ဆိုပြီးလည်း Sirat က သူ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။

READ
အသက်(၈၀)အရွယ်ထိ Cat Walk လျှောက်၊ မော်ဒယ်လုပ်နေဆဲ့ အဖိုးအို
Harian Metro

Sirat ဟာ စီးပွားရှာကောင်းသလို တာဝန်ယူစရာလည်း များပါသေးတယ်။ သူ့မှာ ဇနီး ၂ ယောက်နဲ့ သားသမီး ၅ ယောက် ရှိပါတယ်။ အခုဆို ကားလေးတွေနဲ့ လိုက်ရောင်းတဲ့ အသားကင်ဆိုင် ၅ ဆိုင်ကို ပိုင်ထားတဲ့ Sirat က သူ့အတွက်တော့ သာမန်လူတွေနဲ့ ကွာဟနေခြင်းက အခက်အခဲတစ်ခု မဟုတ်ကြောင်း ဆိုပါတယ်။ အခြားသူ့လိုလူတွေလည်း ရတဲ့အခွင့်အလမ်းတိုင်းကို ရဲရင့်စွာ အသုံးချနိုင်အောင် ကြိုးစားကြဖို့ မျှော်လင့်ကြောင်းလည်း အားပေးထားပါတယ်။

Ref: World of Buzz

SHARE