အောင်မြင်မှုကိုရယူဖို့ စိတ်ဓာတ်ခွန်အားသာ လိုအပ်ကြောင်း ပြခဲ့တဲ့ ဖိလစ်ပိုင်ကောင်မလေး

Facebook/Predirick B. Valenzuela

Sneaker ဖိနပ်တွေဟာ ဈေးကြီးပြီး လူကြိုက်များတဲ့ပစ္စည်း ဖြစ်ပါတယ်။ လူကြိုက်များတဲ့ကုန်အမှတ်တံဆိပ်တွေထဲကမှ Sneaker ဖိနပ်တွေရဲ့ဈေးနှုန်းဟာ RM 300 ကနေ RM 1500 အထိရှိတာကြောင့် ဈေးကြီးပေးဝယ်ရတဲ့ကုန်ပစ္စည်းမျိုး တွေထဲမှာပါဝင်ပါတယ်။ဒီဖိနပ်တွေကိုစီးပြီးလမ်းလျှောက်မယ်ဆိုရင် အနည်းဆုံးတော့ တိမ်တွေပေါ်လမ်းလျှောက် ရသလို သင်ထင်မိမှာအမှန်ပါပဲ။ ဘာလို့ဆို ပေးရတဲ့ဈေးနဲ့တန်အောင် ဖိနပ်တွေဟာ ၀တ်ထားမှန်းမသိအောင်ကို ပေါ့ပါးနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

New design of spike shoesMade in PhilippinesNIKECongratulations RHEA BULLOS of Balasan 3GOLDS400m dash ELem Girls800m run Elem Girls1500m run Elem Girls

Posted by Predirick B. Valenzuela on Monday, December 9, 2019

ဒါပေမယ့် ဒီလိုဈေးကြီးတဲ့ဖိနပ်တွေကို အခွင့်မသာတဲ့လူငယ်တွေအနေနဲ့ကြတော့ စိတ်ကူးရုံသာစိတ်ကူးနိုင်ကြပါ တယ်။ ဒါပေမယ့် မိန်းကလေးတစ်ဦးကတော့ ဒီလိုနာမည်ကြီးအမှတ်တံဆိပ် အားကစားဖိနပ်မရှိလည်း သူ့ရဲ့ကြိုးစားမှုနဲ့ အောင်မြင်မှုပန်းတိုင်ကိုတက်လှမ်းနိုင်ခဲ့တယ်ဆိုတာကို တစ်ကမ္ဘာလုံးကိုသက်သေပြခဲ့ပါတယ်။

READ
အသက် (၂၃) နှစ်နဲ့ Ph.D ဘွဲ့ရခဲ့တဲ့ ကယ်ရိုလိုင်းနားပြည်နယ် တောင်ပိုင်းက ကျောင်းသူ

ဖိလစ်ပိုင်နိုင်ငံရဲ့Balasan မှာကျင်းပတဲ့ အပြေးပြိုင်ပွဲတစ်ခုမှာလာရောက်လာတဲ့ Rhea Bullos လို့ခေါ်တဲ့ ကောင်မလေးရဲ့အပြေးပြိုင်မယ့် ဖိနပ်ကတော့ အခြားသူတွေနဲ့မတူကွဲပြားခြားနားမှုရှိနေတာကိုတွေ့ရပါတယ်။ အဲတာကတော့ သူမရဲ့ခြေထောက်မှာ အားကစားဖိနပ်ပုံစံပတ်တီးတွေပတ်ထားပြီး အဲ့ဒီဖိနပ်ပေါ်မှာလည်း သူမကြိုက်နှစ်သက်တဲ့ နာမည်ကြီးအားကစားဖိနပ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nike ကုန်အမှတ်တံဆိပ်ကို ဆော့ပင်နဲ့ရေးထားတာကိုတွေ့ရပါတယ်။ သူမနဲ့အတူယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကတော့ အားကစားဖိနပ် ကိုယ်စီဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုသူမနှစ်သက်တဲ့ အားကစားဖိနပ်ပုံစံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ Rhea Bullos ဟာ မီတာ(၄၀၀)ပြိုင်ပွဲ၊ မီတာ(၈၀၀)ပြိုင်ပွဲနဲ့ မီတာ(၁၅၀၀)အပြေးပြိုင်ပွဲ(၃)ခုလုံးကို ရွှေတံဆိပ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

Rhea Bullos က အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲမှာ ဖိလစ်ပိုင်ကိုယ်စားပြုတစ်ယောက်အနေနဲ့ တစ်နေ့မှာပါဝင် ယှဉ်ပြိုင်ချင်တဲ့ရည်ရွယ်ချက်ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ပါတယ်။

Rhea Bullos လေးဟာ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်(၃)ခုရရှိခဲ့တဲ့အပြင် သူမ၀တ်ဆင်ယှဉ်ပြိုင်ခဲ့တဲ့ဖိနပ်ကြောင့် တစ်ကမ္ဘာလုံးရဲ့သတိထားခြင်းကိုခံခဲ့ရပြီး အားလုံးရဲ့ချီးကျူးဂုဏ်ယူခြင်းကိုခံခဲ့ရပါတယ်။

ဖိနပ်မရှိပေမယ့်လည်း ကြိုးစားမှုရဲ့ရလဒ်ကိုသက်သေပြခဲ့တဲ့ Rhea Bullos လေးရဲ့စိတ်ဓာတ်ဟာ အရမ်းကိုလေးစားဖို့ ကောင်းပါတယ်။

Thae Su

SHARE