ဇိမ်ခံဟိုတယ်ကြီးဖြစ်လာခဲ့တဲ့ ပျော်ပွဲစားခြင်းပုံစံ (၇)ထပ်အဆောက်အဦးကြီး

Shutterstock/Elizabeth Kearley

ယနေ့ခေတ်မှာ လူတွေတည်းခိုချင်စရာကောင်းအောင် ဖန်တီးထားကြတဲ့ဇိမ်ခံအဆောက်အအုံတွေများစွာ ရှိပါတယ်။ လှပတဲ့ အခန်းတွေ၊ ဆန်းသစ်တဲ့ ဒီဇိုင်းအပြင်အဆင်မှုတွေနဲ့ အတူ သာမန်ထက်ထူးကဲတဲ့ အာလူးပုံ၊ ခွေးပုံ၊ ထောပတ်သီးပုံ စတဲ့ အဆောက်အဦးတွေအပြင် အခု ပျော်ပွဲစားခြင်းပုံစံ အဆောက်အအုံ ကြီးကို ဇိမ်ခံဟော်တယ်ကြီးအဖြစ် တွေ့မြင်ရအုံးမှာပါ။

အဲ့ဒီဟိုတယ်ကြီးက အခုမှဆောက်တာမဟုတ်ဘဲ ဟိုးအရင် (၁၉၉၇)ခုနှစ် ၀န်းကျင်လောက်ကတည်းက ရှိနေခဲ့ရာက  အခုလို အင်တာနက်တွေေ ခတ်စားလာတဲ့အခါမှ လူတွေပိုသိလာကြတာပါ။

အိုဟိုင်းယိုးပြည်နယ်၊ Newarkမြို့မှာ တည်ရှိတဲ့ ဒီ(၇)ထပ်အဆောက်အအုံဟာ အရင်က သစ်သားခြင်းတွေ ထုတ်လုပ်တဲ့ Longaberger ကုမ္ပဏီရဲ့ဌာနချုပ်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်(၂၀၁၆)ခုနှစ်မှာ ထွက်ခွာသွားပြီး၊ (၂၀၁၈)မှာ အဆောက်အအုံကိုပိတ်လိုက်တာလို့ Newark Advocate. သတင်းဌာနက ဆိုပါတယ်။

ယခုပြန်လည်ဖွင့်လှစ်တော့မယ့် ဒီခြင်းဟော်တယ်ကြီးထဲမှာ အခန်းပေါင်း(၁၅၀)ရှိပြီး၊ fitness center ၊ ခနိးမ၊ စားသောက်ဆိုင်အပြင်ရေကူးကန်တွေပါ ပါရှိတယ်လို့သိရပါတယ်။

Twitter/TheColumbusDispatch

အဆောက်အဦးအတွင်းပိုင်းပုံတွေအရ စကျင်ကျောက်ကြမ်းခင်းတွေ၊သစ်သားတိုင်ကြီးတွေ၊ ကြီးမားတဲ့လှေကားကြီးတွေ၊ မီးဆိုင်းတွေကြီးတွေ၊အစည်းအဝေးခန်းမကြီးနဲ့ ရှုမောစရာလှပတဲ့ အပြင်အဆင်တွေကိုတွေ့မြင်ရပါတယ်။

ဒီအဆောက်အဦးကြီးကို အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် Steve Coon က ပြန်လည်ပုံဖော်အသက်သွင်းခဲ့တာဖြစ်ပြီး၊ (၂၀၂၀)ခုနှစ်မှာ စတင်ဖွင့်လှစ်တော့မှာလို့ CNN က ဆိုပါတယ်။ Coonကသူ့ပါတနာ Bobby Georgeနဲ့အတူပေါင်းပြီး ဒီအဆောက်အအုံကြီးကို (၂၀၁၇)ခုနှစ်မှာ

Youtube/garyltownley

အမေရိကန်ဒေါ်လာ (၁.၂)သန်းနဲ့ဝယ်ယူလိုက်တာဖြစ်ပါတယ်။ အဆောက်အအုံကို မူလပုံစံပျောက်မသွားအောင် ပြန်လည်ပြင်ဆင်ထားပါတယ်။ ကြည့်လိုက်တာနဲ့ လက်ကိုင်းတွေက အဆောက်အအုံကို ပိုထူးပြီး ဆန်းပြားအောင်ပြုလုပ်ပေးထားတာဆိုတာ အမြင်ပါပဲ။ နောက်ပြီး အပြင်ပိုင်းပုံစံတွေကိုလည်း လုံးဝပြောင်းလဲထားခြင်း မရှိဘူးလို့ Coon က ဆိုပါတယ်။

 အခုလို အဆောက်အအုံကို ခမ်းနားစွာပြန်လည်မွမ်းမံထားတာကိုကြည့်ပြီး  ဒီအဆောက်အအုံကြီးကို တီထွင်ဖန်တီးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်(၂၀)က သေဆုံးသွားပြီဖြစ်တဲ့ မူရင်းပိုင်ရှင် Dave Longabergerအတွက်လည်း ၀မ်းသာဂုဏ်ယူပါတယ်လို့ မြို့တော်ဝန် Jeff Hall ကပြောခဲ့သလို၊ Dave ရဲ့ မိသားစုဝင်တွေကလည်း အင်မတန်ကျေနပ်ပီတိဖြစ်ရတယ်လို့ဆိုထားကြပါတယ်။

Khaing Sandar

SHARE