Tik Tok မှာ ခန္ဓာကိုယ်အသားပေး ဝတ်စုံဝတ်ခဲ့လို့ အလုပ်ထုတ်ပယ်ခံရဖို့ရှိနေတဲ့ ရဲမေ

Instagram/JossmeryToledo

လူငယ်ထုကြားမှာ ရေပန်းစားနေတဲ့ Tik Tok ဗွီဒီယိုလေးတွေဟာ အရှိန်အဟုန်လည်း အတော်လေး ကောင်းနေပါပြီ။ လူငယ်ထုကြားမှာတင် မဟုတ်တော့ဘဲ၊ ကိုယ်ပိုင်သရုပ်ဆောင် ရူးသွပ်သူတွေအတွက်လည်း လက်ခုပ်သံတွေ အထိုက်အလျှောက် ရနိုင်တာမို့ စိတ်ပျော်စရာ နေရာလေးလို့တောင် ပြောလို့ရပါတယ်။

အခုလည်း ပီရူးနိုင်ငံက ရဲမေအလှပဂေးလေးတစ်ယောက်ကတော့ Tik Tok အဆော့ကောင်းလို့ အထက်အရာရှိတွေရဲ့ မျက်မာန်ထားခြင်းကို ခံနေရပါတယ်။ ရဲမေရဲ့အမည်ကတော့ Jossmery Toledo Coronel ဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးထုကြားမှာ ရေပန်းစားနေတဲ့ Bibidi Babidi Boo Challenge မှာ အဟော့ဆုံးပုံစံနဲ့ ပါဝင်ခဲ့တာပါ။

 

ဓာတ်ပုံရိုက်ရတာ၊ အဝတ်စား အဟော့ဆုံးဒီဇိုင်းတွေဝတ်ရတာကို ဝါသနာပါတဲ့ Jossmery အတွက်တော့ ဒီစိုးရိမ်စရာ သတင်းစကားဟာ အတော်လေး တုန်လှုပ်စရာပါဘဲ။ သူမဟာ အလွန်တိုတဲ့စကပ်လေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို အရှင်းသားမြင်စေမယ့် ဒီဇိုင်းနဲ့ Tik Tok ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဗွီဒီယိုမှာ နောက်ခံတီလုံးကတော့ စင်ဒရဲလားဇာတ်ကားထဲက Fairy Godmother ရဲ့ သီးချင်တီးလုံးကို ယူထားပြီး၊ အများသိတဲ့အတိုင်း Fairy Godmother က သူမရဲ့မှော်ပညာနဲ့ မင်းသမီးလေးကို အသွင်းပြောင်းလိုက်တဲ့ပြကွက်ကို အခု Tik Tok ဗွီဒီယိုက အခြေခံပုံစံယူထားတာ ဖြစ်ပါတယ်။

 

Jossmery ကတော့ လှပတဲ့ ရဲဝတ်စုံလေးကနေ မင်းသမီးရှုံးလောက်တဲ့ ကိုယ်လုံးပေါ်အလှဝတ်စုံဒီဇိုင်းလေး ပြောင်းလိုက်တဲ့ ပြကွက်လေးနဲ့ သရုပ်ဆောင်ထားတာပါ။ သူမရဲ့ဗွီဒီယိုကို ကြည့်ရှုသူ (၅)သိန်းလောက် ရှိခဲ့ပါတယ်။ သူမဟာ အင်စတာဂရမ်မှာလည်း ပရိသတ် (၃၂၀၀၀၀)ကျော် ပိုင်ဆိုင်ထားပြီး၊ အခုတော့ စည်းမျဉ်းစည်းကမ်းအရ အရေးယူခံရဖို့ ရှိနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

အထက်အရာရှိတွေကတော့ ဒီလုပ်ရပ်ဟာ သူတို့ရဲ့တပ်ဖွဲရဲ့အခြေခံစည်းမျဉ်းတွေကို ပေါ်တင်စော်ကားလိုက်တာလို့ ဆိုပါတယ်။ ဒီစွပ်စွဲချက်တွေဟာ ဗွီဒီယိုတင်ပြီး (၆)ရက်လောက်အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။ သတင်းတွေအရတော့ ရဲတပ်ဖွဲ့အကြီးအကဲ Julio Pacheco က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါသတဲ့။

 

ဒါပေမယ့် Jossmery ကတော့ ရာထူးပြုတ်မှာကို စိတ်မဝင်စား၊ လူမှုကွန်ရက်မှာ ပုံအလန်းစားတွေ ထပ်တင်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်း အရေးယူခံရဖို့ရှိတဲ့ သူမက “ နောက်ဆုံးတော့ ရဲတွေရဲ့ ရန်သူဟာ တစ်ခြားရဲတွေ ဖြစ်နေတော့တာပါဘဲ … လူတွေ ဘာလို့ မနာလို ဝန်တိုစိတ် များတာလဲ ကျွန်မ နားမလည်နိုင်ပါဘူး … သူတို့ဟာ ရှင်တို့ ထူးခြားနေတာကို မလိုချင်ကြပါဘူး ”လို့ ပြောခဲ့ပါတယ်။

သူမရဲ့ ရှေ့နေပြောစကားအရ ဆယ်ရက်အတွင်း အသနားခံစာ တင်ရမှာလို့ သိရပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သူမဘက်က ထောက်ခံမှုအပြည့်ရှိခဲ့ပြီး၊ ရဲအလုပ်ကနေထွက်ဖို့ကိုတောင် တိုက်တွန်းခဲ့သူတွေ ရှိခဲ့ပါတယ်။ ယမန်နှစ်ကလည်း ဂျာမန်ရဲမေတစ်ဦး ဒီလိုအဖြစ်မျိုး ကြုံခဲ့ရပါသေးတယ်။

လင်းသူရိန်

SHARE