လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ပဲရစ်မြို့မှာနေထိုင်တဲ့ Sylvain Helaine ဆိုသူလူငယ်လေးဟာ သူ့ဘဝအတွက် ပထမဆုံး တက်တူးလေးတစ်ခုကို စတင်ထိုးခဲ့ပါတယ်။အခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်တွေမှာသာမက မျက်နှာတွေမှာပါ တက်တူးတွေ နေရာမလပ်မရှိအောင်ကို ဖြစ်နေခဲ့ပါပြီ။
အခုလိုမျိုး သာမန်လူတွေမလုပ်ရဲတဲ့ မျက်နှာတွေမှာပါ တက်တူးတွေနဲ့ လူငယ်လေးတစ်ယောက်ကို အမြင်နဲ့ပဲဆုံးဖြတ်မယ်ဆိုရင်တော့ သိပ်ကို ဟော့ဟော့ရမ်းရမ်းဆန်ပြီး အရာရာကို အလေးအနက်မရှိတဲ့ လူတစ်ယောက်ကို ထင်မိကြမှာပါပဲ။
ဒါပေမဲ့ Sylvain ဟာ လူတိုင်းတွေးထင်သလို မဟုတ်ပါဘူး။ သူရဲ့ဝါသနာအရင်းခံပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်နေတဲ့အလုပ်ကတော့ လူတိုင်းရဲ့ role model အဖြစ်နေရပြီး အလေးစားခံ၊ အကြည်ညိုခံပုဂ္ဂိုလ်တစ်ဦးအဖြစ် နေထိုင်ရမယ့် အလုပ်ပါ။ ဒီအပြင် လူတစ်ယောက်ရဲ့ ဘဝလေးတွေကို လမ်းကြောင်းတည့်မတ်အောင် စတင်ပျိုးထောင်ပေးရသူဆိုရင်လည်း မမှားပါဘူး။
အလုပ်ကတော့ ကျောင်းဆရာပဲဖြစ်ပါတယ်။ ကျောင်းဆရာမှ လူကြီးပိုင်းတွေကို စာသင်ပေးရတဲ့ ကျောင်းစရာမဟုတ်ဘဲ ကလေးလေးတွေကို စာသင်ပေးတဲ့ မူကြိုနဲ့ မူလတန်းပြကျောင်းဆရာတစ်ဦးပါ။
ဘယ်ကျောင်းဆရာမှ Sylvain လိုမျိုး တက်တူးတွေဗလဗွနဲ့ရှိမနေခဲ့ပေမယ့် Sylvain ကတော့ တက်တူးထိုးတာဟာ သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပြီး ကျောင်းဆရာဆိုတာဟာလည်း ဝါသနာပါတဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့် အလုပ်ကအလုပ် personal life က personal life ဆိုပြီး ခွဲခြားထားခဲ့တာပါ။ သူအလုပ်လုပ်တဲ့ကျောင်းကလည်း Sylvain နဲ့ စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့အတွက် တော်ရုံအလုပ်မခန့်လောက်တဲ့ တက်တူးတွေနဲ့ လူတစ်ယောက်ကို ဆရာအဖြစ် ယုံယုံကြည်ကြည်ထားထားခဲ့တာပါ။
သို့ပေမဲ့ တစ်ခါတစ်ရံမှာတော့ ကျောင်းသားမိဘတွေကြောင့် Sylvain မှာ အခက်အခဲတွေရှိခဲ့ပါတယ်။ Sylvain ကို စစတွေ့ချင်း ရွံရှာတဲ့အကြည့်တွေ၊ မယုံသင်္ကာဟန်ပန်တွေပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Sylvain ဟာ သိပ်ကိုတော်ပြီး ကလေးတွေနဲ့အနာဂတ်အတွက် အားကိုးထိုက်တဲ့ ဆရာကောင်းတစ်ယောက်ဆိုတာကို လပိုင်းလောက်နဲ့သိသွားပြီး ကလေးတွေကို ယုံယုံကြည်ကြည်နဲ့အပ်နှံကာ မိဘတွေနဲ့ Sylvain ကြားထဲလည်း ပိုပြီး ရင်းနှီးသွားတတ်ကြပါတယ်။
တစ်ခါတုန်းက ကလေးရဲ့အဖွားကျောင်းလာကြိုတုန်း သူ့မြေးဟာ ကစားကွင်းမှာ တက်တူးတွေနဲ့လတစ်ယောက်နဲ့ ဆော့နေတာမို့ ကျောင်းဝန်းထဲ ဘယ်လိုလူတွေကိုပေးဝင်ထားသလဲဆိုပြီး ကျောင်းအုပ်ကို လှမ်းဖုန်းဆက်ဖူးတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ အဲဒီအဖွားနဲ့လည်း Sylvain ဟာ ရင်နှီးသွားခဲ့တယ်လို့ဆိုပါတယ်။
နောက်၊ ကလေးတွေနဲ့လည်း ပြဿနာရှိခဲ့ပါသေးတယ်။ တချို့ကလေးတွေကတော့ Sylvain ရဲ့ထူးထူးခြားခြားသွင်ပြင်ကြောင့် စူးစမ်းလိုစိတ်နဲ့ Sylvain အနားကမခွာပေမယ့် တချို့ကလေးတွေကျတော့လည်း ပုံမှန်မဟုတ်တဲ့ ပုံစံကြောင့် ကြေက်ရွံ့ကာ ငိုချည်းနေခဲ့တာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ သို့ပေမယ့် Sylvain ဟာ မိနစ်ပိုင်းအတွင်း မတွေ့ဖူးတဲ့ကလေးတွေနဲ့လည်း ရင်းနှီးအောင်နေတတ်သူမို့ အရမ်းကြီးကျယ်တဲ့ ပြဿနာရယ်လို့တော့လည်း မဟုတ်ပါဘူး။
Sylvain ကတော့ ကျောင်းဆရာအလုပ်ကိုလည်း မစွန့်လွှတ်ဘဲ ဒီထက်မက ပိုတိုးတက်အောင် စာတွေလေ့လာနေပြီး တစ်ဖက်မှာလည်း သူကခန္ဓာကိုယ်ပေါ်မှာရှိတဲ့ နေရာလပ်မကျန်အောင် တက်တူးတွေကိုလည်း ထိုးဦးမယ်လို့ ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။
Source: Fabiosa
Penny