ဈေးထဲ တစ်ကောင်တည်း လမ်းလျှောက်ပြီး ငါးသွားဝယ်တတ်တဲ့ ပင်ဂွင်းလေး

YouTube/RealTV

ပင်ဂွင်းလေးတွေကို လူအများစုက ချစ်ကြပါတယ်။ ဒါပေမယ့်လည်း အခြေအနေအမျိုးမျိုးကြောင့် သူတို့ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့တော့ မွေးလေ့မွေးထမရှိပါဘူး။ ဂျပန်နိုင်ငံက မိသားစုတစ်စုကတော့ ထူးထူးဆန်းဆန်းပဲ ပင်ဂွင်းတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်လေးဟာ လွန်ခဲ့တဲ့ (၉၀) ခုနှစ်များဆီက ဖြစ်ခဲ့တဲ့ အဖြစ်လေး ဖြစ်ပြီး Boredpanda ကနေ ဖော်ပြပေးလိုက်ပါတယ်။

ပင်ဂွင်းလေးရှိရာ မိသားစုအိမ်ကို သတင်းထောက်တွေ ကိုယ်တိုင်သွားပြီး သတင်းယူကာ ဓာတ်ပုံဗီဒီယိုတွေတောင် ရိုက်ကူးခဲ့ဖူးပါတယ်။ ပင်ဂွင်းလေးနာမည်က လာလာပါ။ လာလာဟာ ဂျပန်ရွာငယ်လေးတစ်ရွာမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ လာလာက သူ့ရဲ့ ဂျပန်လူမျိုး မိသားစုနဲ့ နှစ်တွေ အတော်ကြာနေထိုင်ခဲ့ပါတယ်။

YouTube/RealTV

လာလာနဲ့ ပတ်သက်လို့ ထူးခြားချက်က သူက ငါးဈေးကို သွားပြီး ကိုယ်တိုင် ဈေးဝယ်တတ်တာပါပဲ။ အောက်မှာတော့ ဗီဒီယိုလေးတစ်ခုကို တွေ့ရဦးမှာပါ။ ဒီဗီဒီယိုလေးကိုတော့ လာလာ အသက်(၁၀) နှစ်ဝန်းကျင်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လာလာကို သူ့အိမ်က အဲကွန်းလွှတ်ထားတဲ့ အခန်းလေးထဲမှာ ထားပါတယ်။ လာလာက အဲကွန်းခန်းထဲမှာ နေရင်နေ၊ မနေရင်လည်း သူနေတဲ့မြို့လေးထဲက လမ်းတွေမှာ လျောက်သွားနေလေ့ရှိပါတယ်။

READ
ယနေ့တိုင်အောင် အဖြေရှာဖို့ ခက်ခဲနေဆဲ့ဖြစ်တဲ့ ကမ္ဘာတစ်ဝှမ်းမှ လျှို့ဝှက်ဆန်းကြယ်များ
YouTube/RealTV

လာလာက ငါးဈေးကို ဈေးဝယ်ထွက်နိုင်ပါတယ်။ အစပိုင်းတော့ သူ့အိမ်ရှင် မိသားစုက လာလာကို ဈေးဆီ ခေါ်လာပါတယ်။ လာလာက ဈေးမှာ ကြာကြာမနေပါဘူး။ အိမ်ကိုပဲ ပြန်ပြန်သွားပါတယ်။ ဒါနဲ့ မိသားစုက လာလာကို ကျောပိုးအိတ်လေးတစ်လုံး လွယ်ပေးပြီး ငါးဈေးမှာ တစ်ကောင်တည်း ငါးအ၀ယ်ထွက်တတ်အောင် သင်ပေးခဲ့ပါတယ်။ လာလာကလည်း အတတ်မြန်ပါတယ်။ မကြာခင်မှာပဲ သူ့ကို ကျောပိုးအိတ်ပေးလိုက်တာနဲ့  ကွတကွတနဲ့ လမ်းလျှောက်ထွက်ပြီး ငါးဈေးမှာ ငါးဝယ်နိုင်နေပါပြီ။ ငါးဝယ်ပြီးတဲ့အခါလည်း သူက အိမ်ကို တန်းတန်းမတ်မတ် ပြန်လာနိုင်ပါသေးတယ်။ စိတ်ချရတဲ့ ပင်ဂွင်းလေးပါ။

သူ့မိသားစုက လာလာကို အမှတ်မထင် တွေ့ပြီး အိမ်မှာ မွေးစားခဲ့တာပါ။ လာလာကို ငါးဖမ်းပိုက်တစ်ခုထဲ ငြှိနေတာတွေ့ပြီး လာလာကလည်း ဒဏ်ရာရနေတဲ့အတွက် သူ့ကို ဆေးကုပေးဖို့ အိမ်ခေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကတည်းက စလို့ လာလာလေးက ဒီမိသားစုကို အရမ်းခင်တွယ်ခဲ့ပြီး ဘယ်မှ ထွက်မသွားတော့ပါဘူး။

READ
ကားထဲမှာအချစ်လွန်နေကြပြီး ဒီရေတက်လာတာကိုမသိတဲ့စုံတွဲ
YouTube/RealTV

ဒါကြောင့်ပဲ အိမ်ရှင်တွေက လာလာအဆင်ပြေအောင် အဲကွန်းခန်းနဲ့ ထားပြီး အိမ်မှာ မွေးထားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နှစ်တွေ အတော်ကြာညောင်းပြီ ဖြစ်တဲ့အတွက် လာလာလေးဟာ သေဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် ပင်ဂွင်းတစ်ကောင်ဖြစ်ပေမယ့်လည်း ထူးထူးခြားခြား လိမ္မာလွန်းတဲ့ ပင်ဂွင်းလေးလာလာကို အမှတ်တရအဖြစ် အခုလို ပြန်လည်ဖော်ပြရခြင်း ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE