ပေါင်မုန့်ရောင်းပြီး၊ သားသမီးတွေကို ဒေါက်တာ/ရှေ့နေဖြစ်အောင် စွမ်းဆာင်ပေးခဲ့တဲ့ဖခင်

Acit Raman Facebook

မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ (၁၀)စုနှစ် သုံးခုကြာ ပေါင်မုန့်ရောင်းပြီး၊ မိသားစုကို ရိုးရိုသားသား လုပ်ကျွေးခဲ့တဲ့ အိမ်ထောင်သည် အမျိုးသားကြီးကတော့ အခုဆိုရင် သူ့မြို့မှာ ဧရာမပန်းချီကားကြီးနဲ့ ဂုဏ်ပြုခံလိုက်ရပြီ ဖြစ်ပါတယ်။ သူ့အမည်ကတော့ Muniandi ဖြစ်ပါတယ်။ ဒါပေမယ့် အများကတော့ Roti Uncle လို့သာ ခေါ်ကြပါတယ်။

သူ့ကို ပန်းချီကျော် Acit Raman Abdullah က ဆက်သွယ်တော့ အဖိုး Muniandi က ချက်ချင်း မှတ်မိပါသတဲ့။ အဖိုးဟာ ပီနန်မြို့တစ်ခွင်မှာ မရောက်ဖူးတဲ့နေရာမရှိ၊ အချိန်ပြည့်နီးပါး ပေါင်မုန့်လှည်းလေကို တွန်းပြီး လမ်းပေါ်က ကလေးတွေ ကြီးပြင်းလာသည့်တိုင်အောင်၊ သူက ဒီအလုပ်နဲ့ အချိန်တွေကို ဖြတ်သန်းလာခဲ့တာပါ။

Kejadian petang tadi.Muniandi: Saya ingat aa dulu u kecik-kecik suka lukis atas tanah bukan?Aku: Huyoo boleh ingat…

Posted by Acit Raman Abdullah on Sunday, July 21, 2019

ကလေးတိုင်းက Muniandi ကို သိသလို၊ သူကလည်း ကလေးတွေကို သိပါတယ်။ ဒါကြောင့်လည်း Acit ကို သူက ချက်ချင်းမှတ်မိပြီး ဘယ်မှာနေတယ်၊ ဘာလုပ်တယ်ဆိုတာကအစ တန်းပြောနိုင်တာပါ။ Acit က သူ့ကို ပန်ချီနဲ့ ဂုဏ်ပြုချင်ကြောင်း ပြောတဲ့အခါ သူက အတော်လေး ကြည်နူးနေပါတယ်။

တကယ်တော့ ဒီပန်းချီကို Acit ရဲ့ သူငယ်ချင်း Andhar A Samah က Balik Pulau Festival ပွဲအတွက် ရည်ရွယ်ပြီး ဆွဲချင်ခဲ့တာပါ။ ကာယကံရှင် Muniandi က ရှောရှောရှူရှူ ခွင့်ပြုတော့ ပီနန်မြို့ရဲ့တစ်နေရာမှာ Muniandi ရဲ့ ဧရာမပန်းချီကားကြီးဟာ အချိန်အနည်းငယ်အတွင်း သက်ဝင်ထင်ပေါ်လာပါတော့တယ်။

Posted by Adzmir Anwar on Tuesday, July 23, 2019

Muniandi ဟာ ဖခင်တွေထဲမှာ စံပြုထိုက်သူဖြစ်ပြီး၊ သူရဲ့ သားတွေ သမီးတွေကို ပေါင်မုန့်ရောင်းရင်းနဲ့ ဒေါက်တာနဲ့ ရှေ့နေတွေ ဖြစ်အောင် ဖန်တီးပျိုးထောင်ခဲ့သူပါ။ Acit က သူရဲ့ လူမှုကွန်ရက်မှာ “ သူက သူ့မိသားစုအပေါ်မှာ အလွန်ရိုးသားစွာနဲ့ လုပ်ကိုင် ကျွေးမွေးခဲ့သူပါ .. ဒါက ကျွန်တော့်ကို လွှမ်းမိုးစေပါတယ် …အခုဆို သူ့ကလေးတွေက ဒေါက်တာနဲ့ ရှေ့နေတွေ ဖြစ်နေပြီ … ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ဓာတုအင်ဂျင်နီယာ တက်နေတဲ့ ကလေးတွေတောင် ရှိပါတယ် ”လို့ ရေးသားခဲ့ပါတယ်။

THE GREAT WALL OF MUNYADI “MAMAK ROTI”24/07/1963After 30 years of being a bread vendor, he finally got the…

Posted by ML MV on Monday, July 22, 2019

Acit က ဆက်လက်ပြီး “ သူရဲ့ ကြိုးစားအားထုတ်မှုနဲ့ မိသားစုကို ထောက်ပံ့မှုတွေက Merdeka မှာ ဒါမှမဟုတ် Malaysia Day မှာ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လာနိုင်ပါတယ် … ”လို့ ပြောပါတယ်။ Muniandi ဟာ မနက်(၈)နာရီခွဲရင် ပေါင်မုန့်တွန်းလှည်းလေးနဲ့ လမ်းတကာကိုဝင်ပြီး ဈေးရောင်းနေပါပြီ။ သူဟာ နေ့လည်ပိုင်း ထမင်းစားနားပြီးရင်၊ သူ မွေးထားတဲ့ နွားတွေဆီသွားပြီး နွားတွေကို ရေချိုးပေးခြင်း၊ အစာကျွေးခြင်းနဲ့ အနားမရပါဘူးတဲ့။

လင်းသုတ

SHARE