သန်းပေါင်း ရာနဲ့ချီတဲ့ ဒေါ်လာတွေကို ဘဏ်တွေကနေ ခိုးယူခဲ့တဲ့ ရုရှားဟက်ကာအဖွဲ့

National Crime Agency

အသက် ၃၂ နှစ်အရွယ်ပဲရှိသေးတဲ့ Maksim Yakubets ဆိုတဲ့ ရုရှားဟက်ကာတစ်ယောက် ခေါင်းဆောင်တဲ့ ဟက်ကာအဖွဲ့ဟာဟာ ဗြိတိန်နိုင်ငံက စီးပွားရေးသမားတွေကို ဦးတည်ပြီး ပိုက်ဆံတွေကို ရယူခဲ့ပါတယ်။ ဒေါ်လာသန်းပေါင်းများစွာကို ဖောက်ထွင်းရယူပြီးနောက်မှာ Maksim ကို ကမ္ဘာ့အန္တရာယ်အများဆုံး ဆိုက်ဘာ ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခဲ့ကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။

Maksim Yakubets ဟာ သူ့အိမ်မှာ ကျားတွေ၊ ခြင်္သေ့တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးထားပြီး စိတ်ကြိုက်ဆင်ထားတဲ့ Lamborghini  ကားတစ်စီးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ Lamborghini ကားရဲ့ ကားနံပတ်ပြားကတော့ အဆန်းကြီးပါပဲ။ ကားနံပတ်ပြားက သူခိုးလို့ ရုရှားလိုအဓိပ္ပာယ်ရပါတယ်။

 

သူက စူပါကားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်ဖြစ်ပြီး ရဲတွေကို ပြောင်ပြီး စနောက်တတ်တဲ့  အလေ့အကျင့်လည်း ရှိပါတယ်။ ရုရှား ရဲတွေကို သူ့ရဲ့ စူပါကားတွေနဲ့ စနောက်ပြီး ဗီဒီယိုဖိုင်ကို ရိုက်ထားပြီး ဟာသလုပ်လေ့ရှိသူပါ။

ဟက်ကာ Maksim Yakubets ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူဌေးတွေ ဘဏ်မှာ အပ်ထားတဲ့   ဒေါ်လာသန်းပေါင်းများစွာကို ဆယ်စုနှစ်တစ်ခုကြာအောင် ခိုးယူခဲ့တာပါ။ တကယ့်အပြင်မှာ သူဟာ  ရုရှားရဲ့ FSB အေဂျင့်မှာ အလုပ်လုပ်ခဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် ဒီလို ဟက်ခ်လုပ်ပြီး ခိုးယူထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ တကယ့်ကို ဘုရင်တပါးလို နေထိုင်ခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ ဟက်ကာ အဖွဲ့ကိုလည်း Maksim က Evil Corps လို့ နာမည်ပေးထားပါသေးတယ်။ 

National Crime Agency

အခုအချိန်မှာတော့ အမေရိကန်အစိုးရက သူ့ကို ဖမ်းဆီးဖို့အတွက် ဆုကြေးငွေ ဒေါ်လာ ၅ မီလျံအထိ ထုတ်ပြန်ထားပါတယ်။ ဒီ ဒေါ်လာ  ၅ မီလျှံဆိုတဲ့ ပမာဏဟာ ဒီလို ဆိုက်ဘာရာဇဝတ်ကောင်တွေအတွက် ထုတ်ပြန်ထားတဲ့ ဆုကြေးငွေတွေထဲမှာ အများဆုံးပါပဲ။ ဗြိတိန်အစိုးရကလည်း သူတို့ရဲ့ တရားဝင် ၀က်ဘ်ဆိုဒ်ကနေတစ်ဆင့် ဖမ်းဝရမ်းထုတ်ပြန်ထားပြီး တွေ့ရင် အကြောင်းကြားပေးဖို့လည်း နိုင်ငံသားတွေကို အသိပေးထားပါတယ်။

ဗြိတိန်နိုင်ငံဟာ ရုရှားဟက်ကာတွေရဲ့ နှောင်ယှက်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံပါ ငွေကြေးဆိုင်ရာ ချိုးဖောက်မှုတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ အမြဲပေါက်ကြားလေ့ရှိတာပါ။ ဒီလို ဆိုက်ဘာတိုက်ခိုက်ခံရမှုတွေထဲမှာ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေသာမကဘဲ ကျောင်းတွေအထိ ပါဝင်လေ့ရှိပါတယ်။

 

ဟက်ကာကြီး Yakubets ရဲ့ အဆိုအရ ဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး မော်စကိုမြို့က ကော်ဖီဆိုင်ငယ်တစ်ခုကနေ စခဲ့တယ်လို့ ဆိုပါတယ်။ သူ တိုက်ခိုက်မှုတိုက်ခိုက်နည်းအရ  အီးမေးလ်ကနေ တစ်ဆင့် ကွန်ပျုတာဗိုင်းရပ်စ်ပိုးတွေကို ဖန်တီးပြီး စေလွှတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံပေါင်း (၄၃) နိုင်ငံကို အဓိကထားပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အီးမေးလ်ကနေ တစ်ဆင့် ပို့လိုက်တဲ့ Attachment ကို အသုံးပြုက click တစ်ချက်ခေါက်လိုက်ချိန်မှာ အဲဒီ Attachment မှာပါတဲ့ ကွန်ပျုတာဗိုင်းရပ်စ်ဟာ အသက်ဝင်လာပြီး ကွန်ပျုတာနဲ့ ကွန်ရက်အတွင်းကို ရောက်ရှိသွားပြီး  အချက်အလက်တွေကိုရယူသွားတာပဲဖြစ်ပါတယ်

 Ye Yint Kyaw

SHARE