လူအစစ်နဲ့မခြား ပုံတူပန်းချီကားတွေကို ရေးဆွဲနေတဲ့ ရုရှားက လမ်းဘေးအနုပညာရှင်

instagram/nikolaiiarakhtin

စာဖတ်သူတွေအနေနဲ့ လမ်းဘေးမှာ ခဲပန်းချီ၊ ရေဆေး၊ ဆီဆေးစတာတွေနဲ့ ပန်းချီကားချပ်တွေ ဖန်တီးနေတဲ့ အနုပညာရှင်တွေကို တွေ့ဖူးမှာပါ။ စာဖတ်သူကိုယ်တိုင်တောင် သူတို့ရဲ့လက်ရာတွေကို သဘောကျလွန်းလို့ ၀ယ်ယူစုဆောင်းထားတာမျိုးတောင် ရှိနိုင်ပါသေးတယ်။

များသောအားဖြင့် လူတွေက လမ်းပေါ်မှာ ပန်းချီရေးဆွဲတဲ့ အနုပညာရှင်တွေဆိုရင် အထင်မကြီးကြပါဘူး။ နာမည်ကျော်မှ၊ ပြခန်းတွေ ပြပွဲတွေလုပ်နိုင်မှ တော်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် လမ်းဘေးက အနုပညာရှင်တွေထဲမှာလည်း တကယ်တော် တကယ်ပါရမီပါတဲ့ ပညာရှင်တွေရှိကြပါတယ်။ ဥပမာပြောရရင် boredpanda ကနေတဆင့် အခုဖော်ပြပေးမယ့် ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်က လမ်းအနုပညာရှင်တစ်ဦးလိုပါ။

သူ့နာမည်ကတော့ နီကိုလေးရာရာ့ခ်တင်ပဲ ဖြစ်ပါတယ်။ နီကိုလေးဟာ မျက်နှာအမျိုးမျိုးတို့ရဲ့ ပုံတူပန်းချီကားချပ်တွေကို ဖန်တီးနေတာ ဖြစ်ပြီး  သူ့ရဲ့ခဲတံကိုင်ဆွဲလာတဲ့အတွေ့အကြုံက (၂၈) နှစ်ရှိနေပါပြီ။

instagram/nikolaiiarakhtin
instagram/nikolaiiarakhtin
instagram/nikolaiiarakhtin

”ခုတွေ့ရတဲ့ ပုံတူတွေကို ရေးရတာ (၁) နာရီကျော်လောက်တော့ ကြာပါတယ်။ ကျွန်တော့်ကို အလုပ်အပ်တဲ့သူတွေက သူတို့ရဲ့ပုံတူတွေကို စိတ်လှုပ်တရှားနဲ့ ကြည့်တဲ့အခါ ကျွန်တော်ပြောမပြတတ်အောင် ပျော်တယ်။  သူတို့ရဲ့အပျော်က ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွစေတယ်လေ…” လို့ ပြောပြပါတယ်။

READ
ပုံမဆွဲတတ်ပေမယ့် လူကြိုက်များပြီး နာမည်ကြီးနေတဲ့ တက်တူးဆရာမလေး
instagram/nikolaiiarakhtin
instagram/nikolaiiarakhtin
instagram/nikolaiiarakhtin
instagram/nikolaiiarakhtin
instagram/nikolaiiarakhtin

နီကိုလေးဟာ စိန့်ပီတာစဘာ့ဂ်လမ်းမတွေပေါ်မှာ လူအမျိုးမျိုးတို့ရဲ့ မျက်နှာတွေကို ရေးဆွဲနေတာကြာပြီဖြစ်ပြီး သူဆွဲလာခဲ့တဲ့ ပုံတူအရေအတွက်ဟာ ပြခန်းကြီးတစ်ခုထက်တောင် ပိုများလိမ့်မယ်လို့ ခန့်မှန်းရပါတော့တယ်။

instagram/nikolaiiarakhtin
instagram/nikolaiiarakhtin
instagram/nikolaiiarakhtin
instagram/nikolaiiarakhtin

လင်းလင်း (ShweMom)

SHARE