Avengers Infinity War နဲ့ End Game ကို သရုပ်ဖော်ကပြခဲ့တဲ့ ကျောင်းသားများ

The Pac Welden Group/YouTube

Sahuarita, Arizona ပြည်နယ် Walden Grove High School မှ The PAC လို့ခေါ်တဲ့ အကအဖွဲ့ က Avengers ဇာတ်ကောင်ဝတ်စုံတွေကို ဝတ်ဆင်ပြီး Infinity War နဲ့ End Game ထဲမှ အဓိကဇာတ်ဝင်ခန်းတွေကိုသရုပ်ဖော်ကပြခဲ့တာပါ။

Disney/Marvel

သူတို့ကပြခဲ့တဲ့ ဇာတ်ဝင်ခန်းတွေက Loki, Gamora နဲ့ Vision သေဆုံးတဲ့ ဇာတ်ဝင်ခန်းတွေ၊ Thanos ရဲ့ Snap၊ Hulk Snap လုပ်ဖို့ကြိုးစားတဲ့အခန်း၊ နောက်ဆုံး တိုက်ပွဲဝင်တဲ့အခန်းနဲ့ End Game ရဲ့ အသက်လို့ ခေါ်လို့ရတဲ့ Iron Man ရဲ့ Snap တို့ကို သရုပ်ဖော်ကပြသွားခဲ့တာပါ။

သူတို့ ကပြတဲ့ချိန်မှာသုံးသွားတဲ့ တီးလုံးတွေက pop ဂီတ အမျိုးအစားတွေနဲ့ End Game ထဲက နောက်ခံတီးလုံးတွေ ကိုအဓိကထားသုံးပြီးဖျော်ဖြေသွားတာပါ။

READ
ဆော်ဒီအာရေးဗျက ကျောင်းသင်ရိုးစာအုပ်ထဲ လွှဲမှားပြီးပုံနှိပ်ဖော်ပြခဲ့ဖူးတဲ့ Yoda

သူတို့အဖွဲ့ ကပြနေချိန်တစ်လျောက်လုံး ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေအားလုံး အော်ဟစ်အားပေးခဲ့ကြတာပါ။

ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာနဲ့အောင်မြင်ခဲ့တဲ့ End Game ကို ရိုက်ခဲ့တဲ့သူတွေကတော့ Joe နဲ့ Anthony Russo ဖြစ်ပြီးတော့ သရုပ်ဆောင်တွေကတော့ Robert Downey က Iron Man, Chris Evans က Captain America, Mark Ruffalo က Bruce Banner, Chris Hemsworth က Thor, Scarlett Johansson က Black Widow, Jeremy Renner က Hawkeye, Brie Larson က Captain Marvel, Paul Rudd က Ant-Man, Don Cheadle က War Machine, Karen Gillan က Nebula, Danai Gurira က Okoye နဲ့ Bradley Cooper က Rocket, Jon Favreau က Happy Hogan, Benedict Wong က Wong, Tessa Thompson က Valkyrie နဲ့ Josh Brolin က Thanos အဖြစ် သရုပ်ဆောင်ခဲ့ကြတာပါ။

READ
တွေးတွေးပြီးရယ်ကြောမသတ်နိုင်ဖြစ်ရမယ့် လျှပ်တပြတ်ရိုက်ချက်ပုံရိပ်များ

Lwin Min

SHARE