အဆင့်မြင့်စနစ်သစ်နဲ့ ကျောင်းသားတွေရဲ့ attendance ကို မှတ်သားနေတဲ့ ကျောင်း

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်က ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတွေရဲ့ ကျောင်းအတက်အဆင်းကို လက်ဗွေမှတ်စကန်နာတွေ အသုံးပြုပြီး မှတ်သားနေပါတယ်။ ကျောင်းသားအချို့ရဲ့ ခြံစည်းရိုးပေါ် ကျော်ပြီး ကျောင်းပြေးတာ၊ ဆင်ခြေအမျိုးမျိုးပေးပြီး စာသင်ခန်းထဲက လစ်ထွက်ဖို့ ကြံတာတွေဟာ မလေးရှားက ဆရာ၊ ဆရာမတွေနဲ့ မိဘတွေအတွက်တော့ ရိုးနေတဲ့ အဖြစ်အပျက်ပါ။

ဒီလိုအဖြစ်တွေကို ကျော်လွှားနိုင်ဖို့ ဂျိုဟောက ကျောင်းတစ်ကျောင်းဟာ လက်ဗွေနှိပ်စကန်နာနဲ့ ကျောင်းသားတွေရဲ့ အတန်းချိန်အတက်အဆင်းကို မှတ်သားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ SMK Bandar Tenggara ကျောင်းဟာ ဂျိုဟောမှာ တစ်နေ့တာ ကျောင်းသားအ၀င်အထွက်ကို စနစ်တကျသတ်မှတ်ပေးတဲ့ ဘိုင်အိုမက်ထရစ်စနစ်ကို ပထမဆုံးအသုံးပြုတဲ့ ကျောင်းပဲ ဖြစ်ပါတယ်။ ကျောင်းဆရာကြီးဖြစ်တဲ့ Noraini Mohd Nor ကတော့ ယခုအသုံးပြုနေတဲ့ စနစ်ဟာ ကျောင်းသားအ၀င်အထွက်စာရင်းကို (၉၅) ရာခိုင်နှုန်းလောက် တိကျမှန်ကန်စေတယ်လို့ ဆိုပါတယ်။

Facebook

နေ့တိုင်း ကျောင်းသားတွေဟာ ကျောင်းကို ရောက်တဲ့အခါ လက်ဗွေနှိပ်ကာ အတန်းတက်၊ မတက်ဆိုတာကို အသိပေးရပါတယ်။ အဲဒီကရလာတဲ့ အချက်အလက်တွေကို Pepatih MySekolah app နဲ့ ချိတ်ဆက်ထားပါတယ်။ App ကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့ ဆရာတွေနဲ့ မိဘတွေဟာ ကလေးတွေရဲ့ အတန်းတက်စာရင်းကို အလွယ်တကူပဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မိဘတစ်ဦးကတော့ ‘ဒီ app ကနေ ကျွန်မကလေးက ဘယ်အချိန်ကျောင်းရောက်သလဲဆိုတာ သိနိုင်တယ်။ ကျွန်မကလေးက ကျောင်းကို မော်တော်ဆိုင်ကယ်နဲ့သွားတာဆိုတော့ ကျောင်းကို သူရောက်လား မရောက်လား ကျွန်မသိနိုင်ပါတယ်။’ လို့ ဆိုပါတယ်။

READ
IS ဘက်တော်သား ဂျာမနီးကျောင်းသူ၊ အီရက်မှာ သေဒဏ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရ
Facebook

App ဟာ ကျောင်းသားတွေက အတန်းကို အချိန်မှန်ရောက်မရောက် စစ်ဆေးပေးနိုင်ရုံတင် မကပါဘူး။ ကျောင်းတွင်းလှုပ်ရှားမှုတွေမှာလည်း မပျက်မကွက်ပါဝင်မှု ရှိမရှိဆိုတာနဲ့ စာမေးပွဲရလဒ်တွေကိုလည်း ပြသနိုင်ပါသေးတယ်။ SMK Bandar Tenggara ဟာ ဒီစနစ်ကို (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ အစမ်းအသုံးပြုခဲ့ပြီး ယခုနှစ်ထဲမှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဘိုင်အိုမက်ထရစ်စကန်နာကြောင့် ဆရာတွေကလည်း ကျောင်းသားအ၀င်အထွက်ကိစ္စနဲ့ ပတ်သက်လို့  ၀န်ထုပ်ဝန်ပိုးနည်းသွားကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE