ကင်မရာရှေ့မှာ ကြောင်စီစီထိုင်ပြီး Live လွှင့်ခဲ့တဲ့ အမျိုးသား၊ အံ့မခန်း အောင်မြင်မှုရရှိ

Twitter/PeterVonHameln

အမျိုးသားတစ်ယောက်ဟာ ကင်မရာရှေ့မှာ ဘာမှမလုပ်ဘဲ (၂)နာရီကြာ ကြောင်စီစီထိုင်ပြီး Live လွှင့်နေခဲ့ရာ၊ အံ့မခန်း အောင်မြင်မှုရရှိခဲ့ကြောင်း သိရပါတယ်။ သူ့ရဲ့ Live ကို ဝင်ရောက်ကြည့်ရှုသူမှာ (၁.၇)သန်းအထိ ရှိခဲ့တာပါ။

YouTube/sobat miskin official

ဒီလူကတော့ အင်ဒိုနီးရှား YouTuber တစ်ယောက်ဖြစ်ပြီး၊ ဘာမှမလုပ်ဘဲ (၂)နာရီ မိနစ်(၂၀)ကြာအောင်အထိ Live လွှင့်ခဲ့တာဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ဒီဗွီဒီယိုလိုမျိုးကို ဘယ်သူကမှ စိတ်ဝင်တစား ကြည့်ကြမှာ မဟုတ်ပါဘူး။

YouTube/sobat miskin official

ဒါပေမယ့် သူကတော့ ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့တာပါ။ သူ့အမည်ကတော့ Didit (Sobat Miskin) ဖြစ်ပါတယ်။ သူရဲ့ ဗွီဒီယိုဖိုင်ဟာ အခုအခါမှာတော့ YouTube ပေါ်မှာ (၁၇၀၂၅၁၁)ဦးအထိ ရှိနေခဲ့ပါတယ်။ ဗွီဒီယိုနာမည်ကိုတော့ 2 JAM Nggak ngapa-ngapain လို့ ပေးထားပါတယ်။

YouTube/sobat miskin official

အဲဒါကို ဘာသာပြန်ရင်တော့ “2 HOURS of doing nothing“ လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကို Like ပြုလုပ်သူ (၅၅၀၀၀)အထိ ရှိခဲ့ပြီး၊ Unlike ပြုလုပ်သူမှာ (၄၅၀၀)ရှိခဲ့သလို၊ မှတ်ချက်ဝင်ရောက်ရေးသားသူမှာ (၁၇၇၆၆)ဦးအထိ ရှိခဲ့ကြောင်း သိရပါတယ်။

Didit ရဲ့ YouTube ချန်နယ်မှာ Sub လုပ်ထားသူ (၂၆၀၀၀)ဦးအထိ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ Sub အားနည်းနေသေးပေမယ့်၊ သူဟာ ဗွီဒီယိုဖိုင်တစ်ခုကြောင့် လူမှုကွန်ရက်မှာ နာမည်အတော်လေး ကြီးလာခဲ့ပါတယ်။ သာမန်ဆယ်လီတစ်ယောက်ရဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ရှုတဲ့နှုန်းပင် ဒီလောက် ပရိသတ်များဖို့ မလွယ်ပါဘူး။

လင်းသူရိန်

SHARE