သမီးရဲ့အသက်ကို ကယ်ဖို့ မိုင်(၇၀၀)ခြေဗလာလျှောက်ပြီး ရန်ပုံငွေရှာနေတဲ့ စစ်သားကြီး

Instagram/HOPEFORHASTI

မိဘတွေဟာ သားသမီးတွေကို ဘယ်လောက်ချစ်ကြတယ်ဆိုတာ စာဖွဲ့ပြရုံနဲ့ မလုံလောက်ပါဘူး။ မိဘတွေရဲ့ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအပေါ်မှာ မဟာသမုဒ္ဒရာနဲ့ပဲဖြစ်ဖြစ်၊ မြင်းမိုရ်တောင်နဲ့ပဲဖြစ်ဖြစ် နှိုင်းစာလို့ မရပါဘူး။ သားသမီးတွေအတွက် အသက်ပေးဖို့ ဝန်မလေးသူတွေဟာ မိဘတွေသာ ဖြစ်ပါတယ်။

ကိုယ့်ကလေးလေး နေမကောင်းဖြစ်ရင် စိတ်ဆင်းရဲကြီးစွာနဲ့ ငါ့ပဲဖြစ်လိုက်ပါတော့။ အဖေ့သာ ဒီရောဂါလာဖြစ်လိုက်ပါတော့။ အမေ့သာ ဒီရောဂါ လာဖြစ်လိုက်ပါတော့လို့ အနီးစပ်ဆုံး ကိုယ်ချင်းစာကြသူတွေဟာ မိဘတွေသာ ဖြစ်ပါတယ်။ အခုအဖြစ်လေးကတော့ စို့နင့် ကျေကွဲစရာပါ။

 

 

View this post on Instagram

 

#brayton and less than 2 miles from #selby now and ready for some much needed rest. #hopeforhasti

A post shared by Hope For Hasti (@hopeforhasti) on

တပ်မတော်ကြည်းတပ်ဗိုလ်မှူးတစ်ယောက်ဖြစ်တဲ့ Chris Brannigan သာ သမီးလေးရဲ့အနာဂတ်အတွက် မိုင်(၇၀၀)ခြေဗလာလမ်းလျှောက်ပြီး၊ ရံပုံငွေ စုဆောင်းနေရှာဖွေနေကြောင်း Ladbible သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဗိုလ်မှူး Chris ဟာ အသက်(၄၀)နှစ်ဖြစ်ပြီး၊ ဇနီးဖြစ်သူအမည်ကတော့ Hengameh Delfaninejad ဖြစ်ပါတယ်။ သူမက (၄၂)နှစ်ပါ။

သူတို့ရဲ့သမီးလေး Hasti (၈)နှစ်ဟာ ရှားပါးမျိုးဗီဇရောဂါတစ်မျိုးဖြစ်တဲ့ Cornelia de Lange Syndrome (CdLS) အမည်ရ ရောဂါကို ခံစားနေရပါတယ်။ (၂၀၁၈)ခုနှစ်ကတည်းက ဒီရောဂါခံစားနေရတာဖြစ်ပြီး၊ ဒီရောဂါကုထုံးကိုရှာဖို့အတွက် ဖခင်စစ်သားကြီးမှာ မိုင်(၇၀၀) ခြေဗလာခရီးနှင်ပြီး၊ ရန်ပုံငွေ ရှာခဲ့ရတာပါ။

 

CdLS ရောဂါဟာ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့စေပြီး၊ ရေရှည်ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဒီရှားပါးရောဂါအတွက် ကုထုံးရယ်လို့ မယ်မယ်ရရ မရှိသေးပါဘူး။ Hasti ကတော့ သူမ ကြီးလာရင် အကပညာကို လေ့လာမယ်လို့ ဆိုပါတယ်။ နောက် စာဖိုမှူးလည်း ဖြစ်ချင်ပါသတဲ့။

သမီးလေး အသက်ရှည်စေဖို့ ဖခင် Chris နဲ့ မိခင် Hengameh တို့ဟာ ဇူလိုင်(၆)ရက် တနင်္လာနေ့မှာ Hope For Hasti အမည်ရ ပရဟိတအဖွဲ့လေးကို စတင်ခဲ့ပြီး၊ ရန်ပုံငွေအတွက် Chris ကိုယ်တိုင် Land’s End ကနေ Edinburgh ကို မိုင်(၇၀၀) ခြေဗလာခရီး စတင်ခဲ့ပါတယ်။

 

ဖိနပ်မဝတ်တဲ့အတွက် ခြေဖဝါးအရေပြားတွေဟာ တဖြည်းဖြည်း စုတ်ပြဲလာခဲ့ပြီး၊ နောက် အနာတွေက အစိမ်းကျက် ကျက်ပြီး အသားမာတွေဖြစ် အသွင်ပြောင်းသွားပါတယ်။ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို မြင်နိုင်တဲ့ ကြိုးစားမှုလေးပါ။ သမီလေးဆေးကုဖို့ဆိုတာထက်၊ ဒီရောဂါကို ပညာရှင်တွေ သုတေသနပြုဖို့ လိုအပ်တဲ့ကိစ္စတွေမှာ လှူတန်းမှာပါတဲ့။

 

 

View this post on Instagram

 

•LAST LEG ROUTE • Catterick to Edinburgh • Thank you to those of you who have been waiting patiently for details of the next leg of the route. After 5th of August, Chris will travel between Catterick to his final stop Edinburgh. His route will be: • Catterick to Darlington • Darlington to Durham •Durham to Newcastle upon Tyne • Newcastle to Otterburn • Otterburn to Jedburgh • Jedburgh to Lauder • Lauder to Edinburgh As always, please continue to share and let people up and down the country know that the #barefootsoldier is coming their way! Please also continue to share the #hopeforhasti JustGiving link below. Let’s smash the target 🎯 and please sign the petition. We hope to gather at least 20k signature before reaching Edinburgh and dropping a letter at St. Andrews House to urge the improvement of care and treatment for rare diseases . Donate 👉 www.justgiving.com/fundraising/BarefootAcrossBritain To Sign 👉 https://petition.parliament.uk/petitions/330174 #hopeforhasti #barefootsoldier #CdLSawareness #barefootacrossbritain #thisisbelonging #britisharmy #bbcyorkshire #bbcscotland

A post shared by Hope For Hasti (@hopeforhasti) on

သမီးဖြစ်သူ Hasti အတွက် လက်တလောမှာ ကုထုံးက မျှော်လင့်လို့မရပေမယ့် နောက်လာမယ့် သားငယ်သမီးငယ်တွေအတွက် ဒီရောဂါမျိုးကို ကုထုံးတွေရှိစေချင်တာ Chris ရဲ့ဆန္ဒပါ။ လောလောဆယ်တော့ ပစ်မှတ်ထားတဲ့ ရန်ပုံငွေပေါင်(၂)သိန်းခွဲလျှာထားချက်အနက်  ရန်ပုံငွေ ပေါင် (၂၀၉၁၃၀)ရနေပါပြီ။

လင်းဇော်ကို

SHARE