ဘဝရပ်တည်၊ ရှင်သန်ရေးအတွက် ခန္ဓာကိုယ်ကို ရောင်းချထားရတဲ့ အမျိုးသမီးငယ်လေး

Facebook/GraceTeo

သက်ရှိသတ္တဝါတိုင်းဟာ ဘဝပေးတာဝန်အရ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရမယ့် ဝတ္တရားရှိပါတယ်။ လူရယ်လို့ဖြစ်လာရင် မိမိဘဝရှင်သန်ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကြောင်းမှု ပညာတွေကို သင်ယူရပါတယ်။ မိမိတတ်တဲ့ ပညာနဲ့ ဘဝမှာ ဖြစ်သလိုလည်ပတ်ရင်း၊ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရင်းနဲ့ မိမိနဲ့ နီးစပ်တဲ့ လူနေမှုအဝန်းအဝိုင်းကိုလည်း တာဝန်ယူတန်သလောက် ယူရပါတယ်။

အခုလည်း စင်္ကာပူနိုင်ငံက အမျိုးသမီးငယ်တစ်ယောက်ဟာ သူမဘဝ နေထိုင်ရပ်တည်ရေးအတွက် ခန္ဓာကိုယ်ကို ရင်းနီးလှုပ်ရှားနေရပါတယ်။ ခန္ဓာကိုယ်ကို ရင်းနီးလှုပ်ရှားရတယ်ဆိုတာက ဉာဥ့်ငှက်မလေးတွေလို ရမ္မက်သားကောင်တွေကို ထိုင်မျှားနေရတာမျိုးတော့ မဟုတ်ပါဘူး။

 

 

View this post on Instagram

 

#Throwback knife-fight choreo with @jazephua @roninaction 🔪

A post shared by Grace Teo 張嘉軒 (@gracetjx) on

သူမဟာ တတ်မြောက်ထားတဲ့ သိုင်းအတတ်ပညာနဲ့ စတန့်ပညာရှင်အဖြစ် ရပ်တည်နေရတာပါ။ စတန့်ပညာရှင်ဆိုတဲ့အတိုင်း သူမဟာ ဇာတ်ကားတွေထဲမှာ မင်းသမီးတွေ အထိုးခံအကြိတ်ခံရတဲ့ အခန်းတွေမှာ လူစားဝင်ရပါတယ်။ မင်းသမီးတွေ မလုပ်နိုင်တဲ့ ခုန်ပျံကျော်လွှားခြင်းတွေ၊ တခြားအန္တရာယ်များတဲ့ ပြကွက်တွေမှာ လူစားဝင်ရတာပါ။

သူမရဲ့အမည်မှာ Grace လို့ သိရပါတယ်။ အသက်(၂၈)နှစ်ရှိနေပြီဖြစ်ပြီး၊ ဒီပတ်ဝန်းကျင်က ခက်ခဲကြမ်းတမ်းသလောက် သူမအနေနဲ့ ဒီလိုပညာနဲ့ အသက်မွေးဝမ်းကြောင်းမှုလုပ်ရမယ်လို့ တွေးမထားဘူးလို့ ဆိုပါတယ်။ သူမဟာ ငယ်ငယ်ကတည်းက ဝူရှူးနဲ့ အိုင်ကီဒိုကိုယ်ခံပညာရပ်မှာ လေ့လာလိုက်စားခွင့် ရခဲ့သူပါ။

အခုမကြာသေးခင်က ထွက်ရှိထားတဲ့ စင်္ကာပူ ဇာတ်ကားတစ်ကားဖြစ်တဲ့ Quest to Heal မှာ သူမ စတန့်ပညာနဲ့ပါဝင်သရုပ်ဆောင်ခွင့် ရထားပါတယ်။ မင်းသမီး Carrie Wong ရဲ့နေရာကို မကြာခဏ စတန့်ဝင်လုပ်ပေးရတာပါ။ သရုပ်ဆောင်လောကမှာ အမျိုးသမီးစတန့်သမားဆိုတာ အတော်လေး ရှားပါတယ်။

 

 

View this post on Instagram

 

Two.

A post shared by Grace Teo 張嘉軒 (@gracetjx) on

(၂၀၁၅)ခုနှစ်မှာ Siew Lup by Sam Loh ဇာတ်ကားမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ပြီး၊ သူမဟာ မင်းသား Sunny Pang တည်ထောင်ထားတဲ့ Ronin Action Group စတန့်လုပ်ငန်းမှာ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။ အလုပ်မှာတော့ လူကြမ်းရဲ့ကိုင်ပေါက်ခံရရုံလောက် မဟုတ်ဘဲ၊ တစ်ခါတလေ သိုင်းစကေးတွေဘာတွေ ပြခွင့်ရပါတယ်တဲ့။

စင်္ကာပူက ရိုက်ကူးထုတ်လုပ်ရေးတွေမှာ တော်တော်များများကတော့ ခပ်ကြမ်းကြမ်း စတန့်သမားတွေ လိုအပ်လေ့မရှိကြပါဘူး။ ကျဉ်းမြောင်းလွန်းတဲ့နယ်ပယ်တစ်ခုမှာ ပရိုတစ်ယောက်လို ရပ်တည်ဖို့ဆိုတာ တွေးကြည့်လို့ရပါတယ်။ မိဘတွေကတော့ Grace ကို ကန့်ကွက်ခြင်းမရှိဘဲ၊ ကိုယ်လုပ်နေတာ ကိုယ်သိရင် ပြီးတာပဲလို့ ပြောပါတယ်။

Why I Do What I Do: She sells her body for a living

Why I do what I do is a bi-weekly series where we showcase uncommon professions and what it takes to go down that career path.In this episode, we feature Grace Teo 张嘉轩, a stunt actress who acts and can do her own stunts. Getting beaten up, jumping off buildings, and standing in for other actresses is all in a day's work for her. We find out how she got into stunt work and how being an actress who is able to do stunts has helped her carve out a niche in this industry

Posted by AsiaOne on Friday, July 31, 2020

တစ်ခါက စတန့်အတွက် အစမ်းလေ့ကျင့်စဉ်မှာ နံရံကိုပစ်ပေါက်ခံရပြီး၊ လည်ပင်းနဲ့ဦးခေါင်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဆေးရုံအမြန်ပို့ခဲ့ကြပြီး၊ Grace အနေနဲ့ (၆)လလောက် လူကောင်းပြန်ဖြစ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူမဟာ စတန့်မင်းသမီးဘဝမှာ ခပ်ကြမ်းကြမ်း ကြင်လည်ရင်း၊ လုပ်ပိုင်ခွင့်တွေ၊ သရုပ်ဆောင်ခွင့်တွေ ဆက်တိုက်ရရှိခဲ့ပါတယ်။ သူမရဲ့ဘဝကိုတော့ သူမ ကျေနပ်နေဆဲပါ။

လင်းသူရိန်

SHARE