အသက်(၈၈)နှစ်အရွယ် အဖွားအိုရဲ့အိမ်မက်ကို ဖြည့်ဆည်းပေးခဲ့တဲ့ သူစိမ်းအမျိုးသား

Facebook/LeahAmy

Virgin Atlantic လေကြောင်းလိုင်းမှလေယာဉ်မယ်တစ်ဦးဟာ သူမသဘောကျခဲ့ရတဲ့ ခရီးသည်တစ်ဦးရဲ့အကြောင်း ကို သူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လေယာဉ်ရဲ့ business class ထိုင်ခုံအတွက် ငွေပေးချေခဲ့တဲ့အမျိုးသားက သူ့ရဲ့ထိုင်ခုံနဲ့ အသက်(၈၈)နှစ်အရွယ် အမျိုးသမီးရဲ့ထိုင်ခုံကို တိတ်တဆိတ်လဲလှယ်ပေးခဲ့တဲ့ဖြစ်စဉ်ကို အဲ့ဒီလေယာဉ်မှာလိုက်ပါလာတဲ့ လေယာဉ်မယ် တစ်ဦးဖြစ်တဲ့ Leah Amy က သူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

Leah Amy က သူမဟာနာမည်ကြီးအားကစားသမားတွေ၊စူပါမော်ဒယ်တွေနဲ့သရုပ်ဆောင်တွေကို သူမရဲ့လေကြောင်း ခရီးစဉ်တွေမှာတွေ့ဖူးခဲ့ပါတယ်။ဒါပေမယ့် သူမသွားခဲ့တဲ့လေယာဉ်ခရီးစဉ်တွေထဲက သူမသဘောအကျဆုံးခရီးသည် (၂)ယောက်ရှိခဲ့တယ်လို့ Leah Amy ကသူမရဲ့ဖေ့ဘုတ်မှာပြောခဲ့ပါတယ်။

Of the hundreds of flights I’ve operated, I’ve had the pleasure of looking after footballers, supermodels and some…

Posted by Leah Amy on Tuesday, December 10, 2019

Violet အမည်ရှိတဲ့ အသက်(၈၈)နှစ်အရွယ်အဖွားအိုတစ်ဦးနဲ့ Jack အမည်ရှိတဲ့အမျိုးသားတို့ဟာ လေဆိပ်မှာ တွေ့ဆုံပြီး ခင်မင်သွားခဲ့ကြပါတယ်။အဲ့လိုခင်မှုသွားခဲ့တာကြောင့် အဖွားအို Violet ဟာ သူမအရမ်းကိုထိုင်ချင်ခဲ့တဲ့ လေယာဉ်ရဲ့ business class မှာထိုင်ခွင့်ရရှိသွားခဲ့တာပဲဖြစ်တယ်လို့ New Zealand Herald သတင်းစာမှာ ဖော်ပြချက်အရသိရပါတယ်။

အသက်(၈၈)နှစ်အရွယ်အဖွားအိုတစ်ဦးရဲ့အိမ်မက်ကတော့ လေယာဉ်ရဲ့အရှေ့ဘက်နေရာမှာထိုင်ချင်ခဲ့တာ ဖြစ်တယ်လို့ Leah ကပြောပြခဲ့ပါတယ်။

Jack အမည်ရှိတဲ့အမျိုးသားဟာ ဒူးနေရာအစားထိုးခွဲစိပ်မှုခံယူခဲ့ပြီးနောက် အငြိမ်းစားယူခဲ့တဲ့သူနာပြုတစ်ဦးဖြစ်ပြီး သူဟာ လန်ဒန်ကနေနယူးယော့ခ်မြို့ရှိ သမီးဖြစ်သူဆီကိုသွားရောက်လည်ပတ်မယ့်သူတစ်ဦးဖြစ်ပါတယ်။

Jack နဲ့ သူ့ရဲ့မိသားစုတွေဟာ နယူးယော့ခ်ရှိအိမ်ကိုပြန်ဖို့အတွက် အထက်တန်းထိုင်ခုံတွေဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်ကိုတက်ချိန်မှာတော့ Jack ဟာအဖွားအိုရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ Violet ကိုသူထိုင်မယ့် နေရာမှာပေးထိုင်ခဲ့ပြီး သူကတော့ အဖွားအိုရဲ့နေရာမှာသွားထိုင်ပေးခဲ့ပါတယ်။

Jack ကတော့ အဖွားအိုကိုကူညီနိုင်ဖို့အတွက် ဘာမှစဉ်းစားမနေပဲ သူ့ရဲ့နေရာကိုဖယ်ပေးခဲ့တာကိုတွေ့ရတာဟာ သူ့ရဲ့ကြင်နာတတ်တဲ့စိတ်ကိုတွေ့လိုက်ရသလိုပဲလို့ Leah ကပြောပြခဲ့ပါတယ်။

Posted by Leah Amy on Tuesday, December 10, 2019

Violet ရဲ့ business class ရှိနေရာတွေဟာ အိမ်သာကိုတိုက်ရိုက်သွားလို့ရတာကြောင့် အဖွားအိုအတွက်တော့ အတော့်ကိုအဆင်ပြေသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ခုပဲဖြစ်တယ်လို့ Virgin Atlantic လေကြောင်းလိုင်းရဲ့ ပြောခွင့်ရသူတစ်ဦးက Fox News ရုပ်သံဌာနကိုပြောကြားခဲ့ပါတယ်။

ဒီအကြောင်းလေးကို ဖေ့ဘုတ်စာမျက်နှာမှာရေးသားခဲ့တဲ့ လေယာဉ်မယ်လေးရဲ့ပို့စ်အောက်မှာ comment တော်တော်များများရောက်ရှိခဲ့ပါတယ်။ အများအားဖြင့် Jack ကိုချီးကျူးဂုဏ်ပြုခဲ့ကြတာကိုတွေ့ရပါတယ်။

SHARE