ပေါ်ပြူလာဖြစ်နေတဲ့ ထိုင်းစူပါမားကတ်တစ်ခုက ဟင်းသီးဟင်းရွက်ထုတ်ပိုးနည်းစနစ်

သဘာဝတရားဟာ ညစ်ညမ်းလာတဲ့အခါ ထိုအကျိုးဆက်ကို လူတွေကပဲ လက်ခံရရှိပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အဓိကအားပေးတဲ့ တရားခံတွေဟာ ပလတ်စတစ်တွေဖြစ်ပေမယ့် ၄င်းတို့ကို နေရာအနှံ့အပြားမှာ အသုံးပြုနေကြဆဲပါ။ ထိုင်းနိုင်ငံက စူပါမားကတ်တစ်ခုကတော့ စီးပွားရေးလုပ်နေပေမယ့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာလည်း တစ်တပ်တစ်အား ပါဝင်နေတာကို အခုလို သိရပါတယ်။

Well done Veggie first and Rimping. Let's hope there are more great ways to cut plastic!

Posted by Perfect Homes Chiangmai on Thursday, March 21, 2019

၎င်းစူပါမားကတ်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရင်းမ်ပင်းအမည်ရ စူပါမားကတ်တစ်ခု ဖြစ်ပါတယ်။ စူပါမားကတ်ဟာ ငှက်ပျောရွက်သုံးပြီး ဆိုင်ထဲရောင်းချနေတဲ့ အသီးအရွက်နဲ့ သစ်သီးတွေ ထုတ်ပိုးထားပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ရာက အွန်လိုင်းမှာ အားပေးသူတွေနဲ့ ပြန့်နှံ့သွားခဲ့တာပါ။ လူအများစုက ဆိုင်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီအောင် အစားအသောက်တွေ စီမံထားပုံနဲ့ ငှက်ပျောရွက်ကို မြေဆွေးအဖြစ် ပြန်လည်အသုံးချနိုင်ပုံတို့ကို ချီးမွမ်းပြောဆိုနေကြတာ ဖြစ်ပါတယ်။

READ
ကမ်းခြေတစ်ခုလုံး ပိတ်သိမ်းရတဲ့အထိ အန္တရာယ်များလွန်းတဲ့ Portuguese man of war
facebook

အချို့ကတော့ ငှက်ပျောရွက်တွေ သုံးနေပေမယ့် ပလတ်စတစ်ကို လုံးလုံးကင်းနိုင်သေးတာ မဟုတ်ဘူးဆိုပြီး အောက်မှာ တွေ့ရမယ့် သခွားသီးပုံထဲက ပလတ်စတစ်တွေကို ညွှန်ပြထားပါသေးတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လုံးလုံးကြီး ပလတ်စတစ်ကို မှီခိုနေမယ့်အစား အခုလို သဘာဝကျကျ ငှက်ပျောရွက်နဲ့ ထုတ်ပိုးလာတာကို မြင်ရတာတင်ပဲ တိုးတက်လာပြီလို့ ဆိုနိုင်ပါတယ်။

facebook

အရှေ့တောင်အာရှနိုင်ငံ အများအပြားက ရပ်ကွက်ဈေးတွေမှာ ငှက်ပျောရွက် သို့မဟုတ် သားရေကွင်းကို အစားအသောက်ထုတ်ပိုးပြင်ဆင်ရာမှာ အသုံးပြုပါတယ်။ စူပါမားကတ်ကြီးတွေမှာတော့ အသုံးလွယ်ပြီး ပေါ့ပါးတဲ့ ပလတ်စတစ်အိတ်တွေကိုပဲ အသုံးပြုများပါတယ်။ ဒါကြောင့် အခု ပေါ်ပြူလာဖြစ်နေတဲ့ ထိုင်းစူပါမားကတ် သတင်းကအစပြုပြီး ဟိုးအရင်တုန်းက တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့တဲ့ ဖက်ရွက်နဲ့ ငှက်ပျောရွက်ခေတ်ဟာ တဖန်ပြန်လာဖို့ရှိလိမ့်မယ်လို့ ယူဆရပါတော့တယ်။

လင်းလင်း (ShweMom)

Ref: worldofbuzz, forbes

SHARE