ကားငှားစီးတဲ့ခရီးသည်မှာ ကင်ဆာရှိမှန်း သိလိုက်ရပြီးနောက် ထူးဆန်းစွာပြုမူခဲ့တဲ့ ယာဉ်မောင်း

Twitter/KLExpat

မလေးရှားနိုင်ငံ၊ Johor ပြည်နယ်၊ Batu Pahat က Grab ယာဉ်မောင်းတစ်ယောက်ဟာ သူ့ရဲ့ တက္ကစီကို ငှားစီးခဲ့တဲ့ ခရီးသည်မှာ ကင်ဆာရောဂါခံစားနေရမှန်း သိပြီးနောက်၊ ထူးဆန်းတဲ့အပြုအမူ ပြုမူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကားကို သားအဖနှစ်ယောက်က ငှားစီးခဲ့တာဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာ အူမကြီးကင်ဆာ ရှိနေတယ်လို့ ဆိုပါတယ်။

Facebook/Faizal Idashah

သားဖြစ်သူရဲ့အမည်ကတော့ Syukri Haziq ဖြစ်ပြီး၊ ဒီအကြောင်းကို သူရဲ့သူငယ်ချင်းဖြစ်တဲ့ Faizal Idashah က လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့တာပါ။ Haziq က “ ကျွန်တော်နဲ့ ကျနော့်အဖေက ဆေးရုံကနေ အိမ်ကို ပြန်လာစဉ်မှာ Grab ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ … ယာဉ်မောင်းက ကျွန်တော်တို့ကို Free ပေးစီးခဲ့ပါတယ် .. ကျွန်တော်က ပိုက်ဆံပေးဖို့ ကြိုးစားတာကို သူက မယူပါဘူး ”လို့ ပြောခဲ့ပါတယ်။

Faizal ပို့စ်မှာ ဖော်ပြထားချက်အရ ဖခင်ဖြစ်သူမှာ Colorectal cancer ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒါကို အကင်းပါတဲ့ Grab တက္ကစီသမားက သိရှိပြီး စာနာထောက်ထားသောအားဖြင့် (၂၂)ရင်းဂစ်တန် ခရီးလမ်းအတွက် အဖိုးအခမယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ Syukri က ပိုက်ဆံအတင်းပေးပေမယ့် ဒရိုင်ဘာက တစ်ပြားမှ ယူမသွားပါဘူးတဲ့။

MEMANG PATUT DIVIRALKAN..!!! Hari ni saya nak viralkan sorang orang cina ni. Sebab utama saya viralkan ialah orang ni…

Posted by Faizal Idashah on Thursday, February 13, 2020

Syukri အနေနဲ့လည်း ဒီအကြောင်းကို လူသိရှင်ကြားဖြစ်အောင် လုပ်ကာမှ ဒရိုင်ဘာရဲ့ ချစ်စရာကောင်းတဲ့ ပြုမူဆက်ဆံမှုကို လူတွေက သိပြီး၊ အတုယူနိုင်ကြမယ်လို့ ယုံကြည်ကြောင်း မူရင်းပို့စ်ပိုင်ရှင် Faizal Idashah က ဖော်ပြထားပါတယ်။ ဒရိုင်ဘာရဲ့အမည်ကတော့ Tan Hwee Sing လို့ သိရပါတယ်။

Haziq က “ Grab စီးတဲ့အခါတိုင်း ဒီအမျိုးသား Tan Hwee Sing ကိုတွေ့ရင် 5 Stars ပေးကြဖို့ တောင်းဆိုချင်ပါတယ် … သူက ကျွန်တော်နဲ့ ကျွန်တော့်ဖခင်ကို ဒီကနေ့မှာပဲ စာနာမှုရှိစွာနဲ့ အခမဲ့ပေးစီးခဲ့သူပါ … ”လို့ ပြောခဲ့ပါတယ်။ လူမှုကွန်ရက်မှာတော့ Tan Hwee Sing ဟာ သူရဲကောင်းတစ်ယောက် ဖြစ်နေပါတယ်။

လင်းသူရိန်

SHARE