တပည့်တွေရဲ့ ရေခဲသေတ္တာကို တောလမ်းကနေ (၈)နာရီကြာကျောပိုးပြီး သယ်ခဲ့တဲ့ဆရာ

YouTube/MetroTV

တောကျောင်းဆရာဆရာမတွေရဲ့ဘဝဟာ ခေတ်လှတဲ့ မြို့ကျောင်းဆရာဆရာမတွေဘဝနဲ့တော့ မတူပါဘူး။ ကျော့ကျော့လေး နေနိုင်ဖို့ အပထား တစ်ခါတလေမှာ ရပ်ရေးရွာရေးတွေကြောင့် ယားလို့တောင် မကုတ်အားတဲ့လူတွေပါ။ တစ်ချို့တောကျောင်းဆရာလေးတွေဆိုရင် ကိုယ်နေမယ့်အဆောင်ကို ကိုယ့်ဘာသာကိုယ်ဆောက် နေရတာတောင် ရှိပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ ရုပ်ရှင်ထဲမှာသာ ရှိတာမဟုတ်ပါဘုး။

အခုလည်း ဝေးလံသီခေါင်တဲ့ ဒေသမှာ ကျောင်းဆရာတာဝန်ကျနေတဲ့ ဆရာလေးတစ်ယောက်ဟာ တပည့်တွေအတွက် ရေခဲသေတ္တာကို ကိုယ်တိုင်ကျောမှာထမ်းပိုးရင်း (၈)နာရီကြာတဲ့ တောလမ်းခရီးကို ဖြတ်သန်းသယ်ယူခဲ့ရပါတယ်။ ဒီဆရာလေးဟာ မလေးရှားနိုင်ငံ၊ Sabah က အုပ်ချုပ်ရေးနဲ့ အလှမ်းဝေးတဲ့ ရွာကလေးမှာ အလုပ်တာဝန်ကျပါတယ်။

ဆရာရဲ့အမည်ကတော့ Harry Yanto Bikal ဖြစ်ပြီး၊ Cikgu Harry လို့လည်း အမည်ရပါတယ်။ သူဟာ Sekolah Kebangsaan Longkogungan Penampang အမည်ရ ကျောင်းမှာ ကျောင်းဆရာလေးတစ်ယောက်ပါ။ အခု ဗွီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း သူဟာ ကီလိုဂရမ်(၄၀)အလေးချိန်ရှိတဲ့ ရေခဲသေတ္တာလေးကို ခက်ခက်ခဲခဲ သယ်ယူခဲ့ရတာပါ။

ရေခဲသေတ္တာဟာ သာမန်အားဖြင့် သိပ်မလေးသော်လည်း တောတောင်အထပ်ထပ်ကို (၈)နာရီကြာ ဖြတ်သန်းသွားခဲ့ရတဲ့ခရီးမို့ တစ်မိုင်လောက် လမ်းလျှောက်ပြီးရင် စီးထားတဲ့ ဖိနပ်တောင် ချွတ်ပစ်ချင်နဲ့ အနေအထားမျိုးပါ။ ဒါပေမယ့် ဆရာ Harry ကတော့ တပည့်တွေအတွက် ရေခဲသတ္တောကို သူရဲ့ခရီးဆောင်အိတ်အလား သဘောထားပြီး သယ်ယူလာခဲ့တာ ဖြစ်ပါတယ်။

Semoga Tuhan memberkati kehidupan mu Cikgu Harry. Baktimu sebagai Guru Bakti pedalaman amat menyentuh hati 7-8 jam perjalanan mu dgn membawa bebanan terpikul dibahumu.. tidak dapat ditandingi oleh nilai jutaan ringgit demi untuk anak-anak didikmu murid murid Di Pedalaman SK Longkugongon Penampang.. Tolong Share… " Cikgu Malim Longkungongon" Bakti seorang Guru..tidak dapat kita balas hingga hujung Nyawa.. Terima Kasih CikguTq GB Ken Vun.. Cikgu Harry Dan warga SK Longkugongon, PIBG. Saya akan melihat hasil hasil Mentor Mentee kita. Doakan saya mampu untuk menjejak keindahan SK Longkugongon…. EKSA, Inap Desa, Asrama Desa, Tmn Eko Sains..Kelas yang menarik. Bilik guru yg selesa, PIBG yang membantu..Terima Kasih Cikgu, Sayang anda semua.

Posted by Hajah Maznah Abd Ghani on Tuesday, February 11, 2020

ဆရာ Harry ရဲ့ကျောင်းကလေးဟာ တပည့်များများစားစား မရှိပါဘူး။ စုစုပေါင်းမှ (၁၁)ဦးသာ ရှိပါတယ်။ ပြေးကြည့်မှ ဒီဆရာနဲ့ ဒီတပည့်တွေပဲ ရှိတဲ့သဘောပါ။ ဒီတပည့် (၁၁)အနက် (၉)ယောက်ကတော့ ကျောင်းကဆောက်ထားတဲ့ အဆောင်မှာ နေကြရပါတယ်။ သူတို့အိမ်တွေဟာ တောင်အောက်က ရွာတွေဖြစ်နေလို့ အလွန်လှမ်းတဲ့အတွက် အဆောင်မှာ နေကြရတာပါ။

တကယ်တော့ ဒီရေခဲသေတ္တာလေးဟာ ဆရာတွေအတွက် အစိုးရက ထောက်ပံ့တဲ့လက်ဆောင်ဖြစ်ပါတယ်။ Harry အတွက်တော့ ရေခဲ့သေတ္တာ ရှိခြင်းမရှိခြင်းဟာ သိပ်အကြောင်းမထူးပေမယ့် ကလေးတွေအတွက်တော့ ဒါမျိုးက ရုပ်ရှင်ထဲကလွဲရင် အပြင်မှာ ပထမဆုံး မြင်ဖူးတာပါ။ ဒါကြောင့် Harry က မြတ်မြတ်နိုးနိုး သယ်ဆောင်လာခဲ့တာပါ။ လူမှုကွန်ရက်မှာတော့ ဆရာ Harry ရဲ့ အပင်ပန်းခံနိုင်မှု၊ စေတနာသဘောတရားတွေကို အများက ချီးကျူးနေကြပါတယ်။

လင်းဇော်ကို

SHARE