ရုပ်ရှင်ထဲက လူသတ်သမားလိုဝတ်ပြီး ကျောင်းဝင်းထဲ ဓာတ်ပုံပတ်ရိုက်ခဲ့တဲ့ ကျောင်းဆရာ

Ben Hartnell

(၂၀၁၉) ခုနှစ်ရဲ့ ဟော်လိုဝိန်းပွဲတော်ဟာ အောက်တိုဘာ(၃၁) ရက်နေ့ကပဲ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ပွဲတော်တွင်းမှာတော့ အပြင်လူတွေ ကြည့်လိုက်တာနဲ့ ကြောက်သွားအောင်၊ လန့်သွားအောင် ဆိုပြီး လူတွေက မိမိတို့အိမ်တွေကို အလှဆင်ကြသလို အချို့ကျတော့လည်း လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေကို အပျော်သဘောနဲ့ လှန့်ရအောင်ဆိုပြီး ကြောက်စရာကောင်းတဲ့ ၀တ်စုံတွေကို ၀တ်ဆင်ပြီး လျှောက်သွားကြပါတယ်။ အခုတစ်ခေါက်မှာတော့ အွန်လိုင်းပေါ်တက်လာတဲ့ ကြောက်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်းတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဟယ်လိုဝိန်းပွဲတော်အပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အောက်မှာ တွေ့ရမယ့်ကျောင်းဆရာကတော့ ဘန်ဟာ့တ်နဲလ်ဆိုသူ အမေရိကန် အိုဟိုင်းယိုးပြည်နယ်မှ ကျောင်းဆရာတစ်ဦးဖြစ်ပါတယ်။ ဘန်ဟာ အ၀တ်အစားဒီဇိုင်းမျိုးစုံဝတ်ဆင်တာကို သဘောကျသလို အလုပ်ကိုတောင်မှ သူဝတ်ချင်တဲ့အ၀တ်အစားတွေ ၀တ်လာတတ်သူမျိုးပါ။ အခုလည်း ဘန်ဟာ သူ့ကိုယ်သူ The Halloween ဇာတ်ကားထဲက Michael Myers လိုဝတ်ဆင်ပြီး ကျောင်းကို ရောက်လာခဲ့ပြန်ပါပြီ။

READ
ကိုယ့်ချစ်သူကို ရိုက်ပေးခဲ့သောဓာတ်ပုံများနှင့် ချစ်သူကကိုယ့်ကို ပြန်ရိုက်ပေးခဲ့သောဓာတ်ပုံများ

ကျောင်းကိုအလာ….

Ben Hartnell

ကျောင်းရုံးခန်းမှာ အတန်းတက်လက်မှတ်ထိုးဖို့ စောင့်နေစဉ်…

Ben Hartnell

ဘာတွေ ဓာတ်ခွဲဦးမလို့လည်း မသိ…

Ben Hartnell

ဗိုက်ဆာနေတဲ့အခါ…

Ben Hartnell

အိမ်သာထဲမှာ…

Ben Hartnell

မကြောက်တတ်တဲ့ ခွေးနဲ့ တွေ့တုန်း…

Ben Hartnell

ကြောက်နေကြတဲ့ ကျောင်းသားတွေ…

Ben Hartnell

ကျောင်းဆေးခန်းထဲမှာ

Ben Hartnell

စာသင်ခန်းအတွင်း

Ben Hartnell

တစ်နေ့တာ စာသင်ချိန်အပြီးမှာ…

Ben Hartnell

လင်းလင်း (ShweMom)

SHARE