ရေထဲက ပလက်စတစ်အမှုန်တွေကို ဖယ်ရှားဖို့ နည်းလမ်းရှာဖွေနိုင်တဲ့ ဆယ်ကျော်သက်လေး

Fionn Ferreira.Com

Google က ကမကထပြုကျင်းပတဲ့ Google Science Fair ကို (၂၀၁၁)ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ သိပ္ပံဘက်မှာ ဝါသနာပါတဲ့ အသက်(၁၃)မှ (၁၈)နှစ်အတွင်း အလားအလာရှိ ကျောင်းသားတွေကို သူတို့ကိုယ်ပိုင် တီထွင်ဖန်တီးမှုတွေ၊ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လမ်းစပေးထားပြီး၊ ဆုအတွက် ရွေးချယ်ခံရပါက ဒေါ်လာ (၅)သောင်း ရရှိမယ့်အခွင့်အရေး ဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံသား၊ West Cork မှာ နေထိုင်တဲ့ အသက် (၁၈)နှစ်အရွယ် Fionn Ferreira အမည်ရ ကျောင်းသားလေးဟာ ရေထဲက Microplastic တွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းကို တီထွင်နိုင်ခဲ့တာကြောင့် အခုတစ်ကြိမ်မှာတော့ သိပ္ပံထူးချွန်ဆုကို သိမ်းပိုက်နိုင်သူအဖြစ် ဂုဏ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

FionnFerreira.com
Google Science Fair

Microplastic ဆိုသည်မှာ အလွန်သေးငယ်တဲ့ ပလက်စတစ်အမှုန်အမွှားလေးတွေဖြစ်ပြီး (၅)နာနိုမီတာထက် ပိုပြီးသေးငယ်တဲ့ အမှုန်အမွှားလေးတွေ ဖြစ်ပါတယ်။ ရေထဲမှာရှိတဲ့ ဒီပလက်စတစ်အမှုန်လေးတွေကို သာမန်အားဖြင့် စစ်ထုတ်လို့မရနိုင်ပါဘူး။ ဒီအတွက် အကျိုးဆက်က တကယ်သန့်ရှင်းပါတယ်ဆိုတဲ့ ရေတွေထဲမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ အမှုန်အမွှားလေးတွေ ပါနေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

Microplastic နဲ့ Bead တွေဟာ အလှကုန်နဲ့ ခေါင်းလျှော်ရည်တွေထဲမှာ ထည့်သွင်းလေ့ရှိတဲ့ ဓာတ်ပေါင်းပစ္စည်းတွေ ဖြစ်ပြီး၊ ၎င်းပလက်စတစ်အမှုန်အမွားတွေဟာ အရေးပြားတွေကို အဖက်လိုက်ကွာကျစေတဲ့ အစွမ်းအာနိသင်တွေ ရှိခြင်းကလည်း၊ ခေါင်းလျှော်ရည်နဲ့ ရေချိုးခန်းသုံးဆပ်ပြာရည်တွေထဲမှာ အတော်များများက ထည့်သွင်းအသုံးပြုကြတာပါ။

Fionn Ferreira/YouTube

ဒါပေမယ့် ဆိုးကျိုးက အလွန်များလို့ UK နဲ့ ဥရောပနိုင်ငံတွေမှာတော့ Microplastic ပါတဲ့ အလှကုန်တွေကို ထုတ်လုပ်ခွင့်၊ အသုံးပြုခွင့် မပေးတော့ဘူးလို့ သိရပါတယ်။ ရေထဲမှာပါတဲ့ Microplastic တွေဟာ ကြာလာသည်နှင့်အမျှ စစ်ထုတ်ဖို့ ပိုပြီးခက်ခဲပြီး၊ သေးငယ်ရာကနေ ပိုပြီးသေးငယ်သည်အထိ ဓာတ်ကွဲသွားကြလို့ ဖြစ်ပါတယ်။

Ferreira  ရဲ့တီထွင်ဖန်တီးမှုဟာ ဆီတွေနဲ့ သံလိုက်သတ္တိပါတဲ့အမှုန်တွေ ပေါင်းစပ်ခြင်းနည်းလမ်းဖြစ်ပြီး၊ ဒီနည်းကတစ်ဆင့် ရေထဲမှာ Ferrofluid ကို ဖန်တီးတာဖြစ်ပါတယ်။ Ferrofluid ဆိုတာ ခပ်ပြစ်ပြစ်အရည်တစ်မျိုးဖြစ်ပြီး သံလိုက်စက်ကွင်းထဲမှာ သံလိုက်ဓာတ်အရည်အသွေးတွေ ဖြည့်တင်းပေးတာဖြစ်ပါတယ်။

Posted by Fionn Ferreira on Saturday, 18 November 2017

ဒီအခြေအနေမှာပဲ Ferrofluid ထဲမှာ Microplastic တွေကို ထောင်ခြောက်ဆင် ဖမ်းလိုက်သလို ကွိကနဲမိစေပါတော့တယ်။ အဲဒီနောက် သူတို့ကို သံလိုက်ဓာတ်နဲ့ဖယ်ထုတ်ပြီး ရေကို သဘာဝအတိုင်း ပကတိသန့်စင်စေတာ ဖြစ်ပါတယ်။ Ferreira  ဟာ ဒီအဖိုးတန်တဲ့ အောင်မြင်မှုကိုရရှိဖို့ အကြိမ်ပေါင်း (၁,၀၀၀)ကျော် စီမံပြုလုပ်ခဲ့ရပြီး၊ သူရဲ့ တီထွင်မှုဟာ ရေထဲမှာ Microplastic တွေကို ဖယ်ရှားဖို့ (၈၇)%အထိ သက်ရောက်နိုင်စွမ်းရှိကြောင်း သိရပါတယ်။

လင်းသုတ

SHARE