အနေစုတ်ပေမယ့် စုဆောင်းထားသမျှ လှူဒါန်းပြီး သေရာပါကုသိုလ်ယူသွားတဲ့ ဂျစ်ပစီအဖိုးအို

Facebook/เกียรติศักดิ์ เสาที

တစ်ခါတလေ လမ်းဘေးမှာ နေတဲ့လူတွေဆိုပြီး အထင်မသေးသင့်ပါ။ တစ်ချို့သော တောင်းရမ်းစားသောက်သူတွေဟာ ထင်မထားတဲ့ စုဆောင်းထားမှုတွေနဲ့ အိုစာမင်းစာ ရှာထားပြီးတာမျိုးတွေ ရှိတတ်ပါတယ်။ ထင်မထားအောင် ချမ်းသာနေတဲ့တောင်းစားသူများအကြောင်းဆိုပြီး ပြီးခဲ့တဲ့နှစ်လောက်က ထွက်ပေါ်လာတဲ့ သတင်းကလည်း ပရိသတ်တွေ ရင်းနီးနေကြမယ် ထင်ပါတယ်။

အခုလည်း ထိုင်းနိုင်ငံက လမ်းဘေးမှာ ကပ်ရပ်နေထိုင်ရတဲ့ ဦးလေးကြီးတစ်ယောက်ကတော့ သူ့ဘဝမှာ ဒါနထုပ်ကြီးမြေမြှုပ်ပြီးသေရာပါ ကုသိုလ်ထူးကြီး ယူသွားပါတယ်။ သူ့ပုံစံက စုတ်စုတ်ပျက်ပျက် နံနံစော်စော် ဖြစ်လောက်မယ်ဆိုတာ ပုံတွေကြည့်တာနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ကံနည်းပေမယ့် စေတနာသဒ္ဓါတရား မနည်းသူမို့ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလို့တောင် ဆိုရမှာပါ။

RIP ตาต้อย ชายเก็บของเก่า หน้า7/11บ้านหมี่ ถึงแกจะจากไปแกยังให้ญาติๆเอาเงินทั้งหมดที่หามาทั้งชีวิตไปถวายวัด…

Posted by เกียรติศักดิ์ เสาที on Wednesday, December 25, 2019

သူဟာ စုဆောင်းထားသမျှကို နီးစပ်တဲ့ဘုန်းတော်ကြီးကျောင်းမှာ ဆွေမျိုးတွေကနေတစ်ဆင့် လှူဒါန်းခိုင်းခဲ့တာပါ။ အဆိုပါ ဦလေးကြီးဟာ လော့ဘ်ပူရီမြို့ 7-11 စတိုးရှေ့က ပလက်ဖောင်းမှာ မှီခိုနေထိုင်သူပါ။ သူ့ ကို ဒေသခံတွေကတော့ ကောင်းကောင်းသိကြပါတယ်။ သူ စုဆောင်းထားတဲ့ပမာဏ မည်ရွေ့မည်မျှဆိုတာ မသိရပေမယ့် အကြွေစေ့တွေကတော့ ပုံးတွေနဲ့တောင် တည်ထားရပါတယ်။

သူ့အကြောင်းဟာ ခရစ်စမတ်နေ့မှာ လူထုကြား ရေပန်းစားခဲ့ပြီး เกียรติศักดิ์ เสาที အမည်ရ Facebook ကနေ တင်ထားပါတယ်။ ပို့စ်နဲ့အတူ ရေးထားတဲ့စာမှာတော့ “ 7-11 စတိုးရှေ့မှာ တွေ့ရတဲ့ ဦလေးကြီး ကာင်းရာသုဂတိ လာရောက်ပါစေ … သူ ထွက်ခွာသွားပြီဆိုပေမယ့် သူ့အမျိုးတွေကို စုဆောင်းထားတာလေးတွေ သွားလှူပေးဖို့ မှာခဲ့ရှာတယ် … သင်ဟာ တကယ် မြင့်မြတ်သူပါ ”လို့ ရေးထားပါတယ်။

လင်းဇော်ကို

SHARE