ဆေးမှုနဲ့ အချုပ်ကျနေတဲ့ချစ်သူ အာမခံရဖို့ မိခင်ကိုသတ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီး

Kanchana Srisung/Facebook

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ BuengKum ဒေသမှာနေထိုင်တဲ့အသက်(၂၅)နှစ်အရွယ် Kanchana Srisung အမည်ရှိတဲ့အမျိုးသမီးတစ်ဦးကို အခုလ(၁၇)ရက်နေ့က ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးကို  လူငှားပြီးမိခင်အားသတ်ဖို့ကြံစည်မှုနဲ့ ဖမ်းဆီးခဲ့တာပါ။

ဆေးမှုနဲ့ ထောင်ထဲရောက်နေတဲ့ချစ်သူကို အာမခံရဖို့အတွက် မိခင်ကိုသတ်ပြီး ရရှိလာမယ့် အသက်အာမခံကြေးနဲ့ ချစ်သူကိုထောင်ထဲကနေ လွတ်အောင်လုပ်ဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

Kanchana Srisung ဟာ အသက်(၅၅)နှစ်အရွယ်ရှိတဲ့သူမရဲ့မိခင် Ueamduean Srisung ကိုသေနတ်နဲ့ ပစ်သတ်ဖို့အမျိုးသား(၂)ဦးကို ငှားရမ်းခဲ့ပါတယ်။ ဇွန်လ(၂၂)ရက်နေ့က Kanchana Srisung ရဲ့မိခင် Ueamduean အိမ်ကိုစက်ဘီးစီးပြီး ပြန်လာတဲ့လမ်းမှာ ရင်ဘတ်ကိုသေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။ Ueamduean ကို အခင်းဖြစ်ပွားရာနေရာကနေ ဆေးရုံကို ချက်ချင်းပို့ဆောင်နိုင်ခဲ့ပေမယ့် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လကျော်ကြာ ကိုမာဖြစ်သွားခဲ့ပါတယ်။

Ueamduean သတိပြန်ရလာတဲ့ အချိန်မှာ ဒီပြဿနာကိုဖြေရှင်းဖို့ ရဲတွေဆီက စုံစမ်းစစ်ဆေးတာတွေ ခံယူခဲ့ပါတယ်။

RTP/Facebook

တာဝန်ရှိရဲအရာရှိတွေက Kanchana ရဲ့ဖုန်းထဲကိုရှာကြည့်လိုက်တဲ့အခါ မိခင်ဖြစ်သူကိုသတ်ဖို့အတွက် အမျိုးသား(၂)ယောက်နဲ့ပြောထားတဲ့စာအသွားအလာတွေကိုတွေ့ရှိခဲ့ပါတယ်။

ဒီကျူးလွန်တဲ့ပြစ်မှုအတွက် မိခင်ရဲ့အသက်အာမခံကြေး ဘတ်(၂)သိန်းရရှိခဲ့တယ်လို့ Kanchana ကပြောပါတယ်။ ဒီအမှုမှာပါဝင်ပတ်သတ်ခဲ့တဲ့ အမျိုးသား(၂)ဦးကိုလည်း ရဲကဖမ်းဆီးခဲ့ပါတယ်။ Kanchana ဟာ သူမရဲ့မိခင်ကိုသတ်ဖို့ကြိုးစားတာဟာ ဒါဟာပထမဆုံးအကြိမ်မဟုတ်ဘူးလို့ အဖွားဖြစ်သူအသက်(၈၀)အရွယ် Pom ကပြောပါတယ်။

Kanchana Srisung/Facebook

Kanchana ဟာ ဒီကိစ္စကိုကျူးလွန်ဖို့ သူမရဲ့ချစ်သူဆီကနေ ဖိအားပေးတာတွေ ခံခဲ့ရတာဖြစ်မယ်လို့ ရဲတွေကကောက်ချက်ချခဲ့ကြောင်း Bangkok Post သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

Thae Su

SHARE