မျောက်တွေကို သွားစလို့ သင်ခန်းစာကောင်းကောင်း ရသွားတဲ့ ကမ္ဘာလှည့်ခရီးသွား

Brother Nature/Twitter

မလေးရှားနိုင်ငံ Batu ဥမင် ကိုရောက်ရင် မျောက်တွေကိုသွားမစရဘူးဆိုတာ မလေးရှားလူမျိုးတိုင်း မပြောပဲသိကြပါတယ်။ 

Brother Nature/Twitter

Batu ဥမင်ကမျောက်တွေက လူတွေနဲ့ ယဉ်ပါးတာမျိုးမရှိဘဲ ရန်လိုနေတတ်ကြပါတယ်။ တစ်ချို့ဧည့်သည်တွေဆိုရင် မျောက်တွေနားသွားပြီး ဓာတ်ပုံတူတူ ရိုက်ဖို့ကြိုးစားကြပေမယ့်လည်း မျောက်တွေရဲ့ သောင်းကျန်းတာကို မခံနိုင်လို့ လက်လျော့ကြရပါတယ်။ ဒါကို ဥမင်ကိုလာတဲ့ ကမ္ဘာလှည့် ခရီးသွားတစ်ယောက်ကတော့ သိပုံမရပါဘူး။

Brother Nature/Twitter

Kelvin Peña လို့ခေါ်တဲ့ လူမှုကွန်ရက် ဝက်ဘ်ဆိုက် တွေမှာ နာမည်ကြီးတဲ့ ကမ္ဘာလှည့်ခရီးသွားတစ်ယောက်က သူ့ဘာသာအေးဆေးနေတဲ့ မျောက်ကိုသွားပြီး စနောက်ခဲ့တာပါ။ ဖြစ်ပုံကလည်း မျောက်က လမ်းဘေးဈေးသည်ဆီကနေ အချိုရေဘူးကို လုယူသွားခဲ့တာပါ။ ဒါကို Kelvin က မျောက်ကို ယူရပါ့မလားဆိုပြီး သွားဆူခဲ့တဲ့ချိန်မှာ မျောက်ရဲ့ ရန်လိုတိုက်ခိုက်တာကိုခံခဲ့ရတာပဲဖြစ်ပါတယ်။

 

မျောက်က သူ့ဆီကို တိုက်ခိုက်ဖို့ ပြေးဆင်းလာတဲ့အချိနမှာ Kelvin က ” စိတ်လျော့ စိတ်လျော့၊ အဲ့ဒါမင်းဟာပါ ငါဘာမှမလုပ်ပါဘူး ငါမင်းကိုကူညီချင်ရုံပါ” ဆိုပြီး ကြောက်လန့်တကြားပြောခဲ့တာကို ဗွီဒီယို ထဲမှာ တွေ့ရမှာပါ။

သူ Twitter မှာတင်ခဲ့တဲ့ ဒီဗီဒီယိုဟာ မလေးရှားလူမျိုးတွေနဲ့ ကမ္ဘာတစ်ဝှမ်းက Twitter အသုံးပြုသူတွေကြားမှာ နာမည်ကြီးခဲ့ပြီး ပြန်လည်ဝေမျှသူ ၄သောင်းကျော်နဲ့ Like လုပ်သူ အရေအတွက်က ၁ သိန်း ၃ သောင်းကျော်ထိရှိခဲ့ပြီး ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်။

Lwin Min

SHARE