မော်လ်ဒိုက်ဗ်မှာ တားမြစ်နေရာကို ဘစ်ကနီဝတ်ပြီးသွားလို့ အဖမ်းခံခဲ့ရတဲ့ ကောင်မလေး

Twitter/cecilia jastrzembska

အင်္ဂလန်နိုင်ငံမှာ လူသိများထင်ရှားတဲ့ travel blogger ကောင်မလေး Cecilia Jastrzembska ဟာ ဖေဖော်ဝါရီလ(၆)ရက်နေ့က မော်လ်ဒိုက်ဗ်ကျွန်းစုရဲ့ Maafushi ကျွန်းမှာ လုံခြုံရေးအမျိုးသားသုံးဦးရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းကတော့ အသက်(၂၆)နှစ်အရွယ် Cecilia ဟာ  ဘစ်ကနီမ၀တ်သင့်တဲ့နေရာမှာ ဘစ်ကနီဝတ်ဆင်ခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံရတာပါ။ 

Twitter/cecilia jastrzembska

ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့လာတဲ့ ဗီဒီယိုထဲမှာ အမျိုးသားသုံးယောက်နဲ့Ceciliaတို့ ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး၊ ကောင်မလေးက ပြန်လည်ခုခံတဲ့အတွက် လက်ထိပ်ခတ်ဖို့ကြိုးစားနေကြတာပါ။ နောက်အမျိုးသားတစ်ယောက်က အနားမှာရှိတဲ့ လူအုပ်ကြီးဆီပြေးသွားပြီး တစ်ဘက်တစ်ထည်ကိုယူကာ ကောင်မလေးရဲ့ခန္ဓာကိုယ်ကို အတင်းဖုံးပေးနေတာကို တွေ့ရပါတယ်။ ဖြစ်ပုံကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာပါ။

 

ဒီအဖြစ်အပျက်အတွက် ရဲမှူး Mohamed Hameed က အများပြည်သူကို တောင်းပန်ကြောင်း ပြောထားပါတယ်။ ကောင်မလေးဟာ အမျိုးသားသုံးယောက်ရဲ့လက်က ရုန်းကန်နေချိန်မှာ သူမကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် နေတယ်ဆိုပြီး အော်ဟစ်ခဲ့ပါတယ်။

 

ဒီကိစ္စရပ်အားလုံးကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရကြောင်း New York Post သတင်းစာမှာဖော်ပြထားပါတယ်။

အခင်းဖြစ်ချိန်တုန်းကက Cecilia ဟာ အရက်အနည်းငယ် သောက်ထားပုံရတယ်လို့ ရဲတွေက သံသယရှိနေပါတယ်။လက်ရှိမှာတော့ သူမကို တားမြစ်နေရာမှာ မတော်တရော်ဝတ်ဆင်မှုအတွက် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

မော်လ်ဒိုက်ဗ်ကျွန်းစုထဲက လူကြိုက်များတဲ့ ခရီးသွားအပန်းဖြေနေရာတွေမှာ ဘစ်ကနီဝတ်ဆင်တာကို ခွင့်ပြုပေးထားပေမယ့်၊ ကောင်မလေးဟာ အပန်းဖြေစခန်းတွေနဲ့ဝေးတဲ့ စည်းကမ်းတင်းကြပ်တဲ့နေရာကို ဘစ်ကနီနဲ့သွားခဲ့တာပါ။  ဗီဒီိယိုထဲက နေရာက ဘယ်နေရာဆိုတာ အတိအကျမသိရပေမယ့် ဘာသာရေးအရ စည်းကမ်းတင်းကျပ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အင်္ဂလန်အစိုးရရဲ့ မော်လ်ဒိုက်ဗ်ကျွန်းစုအတွက် ခရီးသွား အကြံပေးချက်တွေမှာ ခရီးသွားအနေနဲ့ နိုင်ငံတွင်း ဒေသခံတွေရဲ့ဝတ်စားဆင်ယင်မှုစံနှုန်းတွေကို သတိထားဝတ်ဆင်သင့်ပြီး၊ အထူးသဖြင့် မော်လ်ဒိုက်ဗ်ဟာ လူကြိုက်အများဆုံး ခရီးသွားနေရာဖြစ်ပေမယ့် အစ္စလာမစ် နိုင်ငံဖြစ်ပါတယ်။ ခရီးသွားတွေဟာ တစ်ဖက်နိုင်ငံရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ၊ ကျင့်ဝတ်တွေ၊ ဥပေဒေတွေနဲ့ ဘာသာရေးကိုးကွယ်မှုကို အလေးထားပြုမူသင့်တယ်လို့ ဆိုပါတယ်။

Twitter/cecilia jastrzembska

မော်လ်ဒိုက်ဗ်ကျွန်းစု ကျွန်းငယ်ပေါင်း(၁၂၀၀)နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့ သီရိလင်္ကာနိုင်ငံ အနောက်တောင်ပိုင်း မိုင်(၄၀၀)အကွာမှာ တည်ရှိတာဖြစ်ပါတယ်။

Khaing Sandar

SHARE