အမျိုးသားတစ်ဦးကို ချစ်သူအဖြစ် အတူလက်တွဲနေတဲ့ အမြွှာညီအစ်မ

YouTube/AnnaandLucy

အမျိုးသားတစ်ယောက်တည်းကို ချစ်သူအဖြစ် အတူလက်တွဲနေတဲ့ အမြွှာညီအစ်မနှစ်ယောက်ဟာ အခုအခါမှာ အတူတူ ကလေးမွေးနိုင်ရေး ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အမြွှာညီအစ်မနှစ်ယောက်ရဲ့အမည်ကတော့ Anna DeCinque နဲ့ Lucy DeCinque တို့ ဖြစ်ကြပါတယ်။

သြစတေးလျနိုင်ငံ၊ Perth ဇာတိဖြစ်ကြပြီး၊ Ben Byrne အမည်ရ ချစ်သူအမျိုးသားကို နှစ်ဦးသား မနာလိုဝန်တိုခြင်းကင်းစွာ လက်တွဲနေကြတာ ဖြစ်ပါတယ်။ အခုဆို သူတို့ချစ်ခရီးလမ်းဟာ (၉)နှစ်ကြာ ဖြတ်သန်းလာခဲ့ပါပြီ။ အမြွာညီအစ်မနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ထပ်တူကြဖို့ အမြဲလိုလို ကြိုးစားနေကြတာပါ။

 

 

View this post on Instagram

 

It Takes Two 👭💛 . The Joy of Dressing is an Art 👏😀 . Outfit @prettylittlething 💙

A post shared by AnnaLucy DeCinque 👭 (@annalucydecinque) on

သူတို့နှစ်ယောက်စလုံးဟာ အမြွာဖြစ်လို့ တစ်ဦးနဲ့တစ်ဦး ရုပ်ချင်းဆင်ကြသော်လည်း၊ တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင် တူစေဖို့ ကော်စမက်တစ်ဆာဂျရီနည်းတွေကိုလည်း ငွေကုန်ခံပြီး ပြုပြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီအတွက် (၂၀၁၅)ခုနှစ်တုန်းက ဒေါ်လာ (၂၅၀၀၀၀)အထိ အကုန်အကျ ခံခဲ့တာပါ။

 

 

View this post on Instagram

 

We have such cute outfits that need to be shown off! 👏😃👗👭 . Outfit @boohoo ❤

A post shared by AnnaLucy DeCinque 👭 (@annalucydecinque) on

နှစ်ယောက်သား ရင်သား၊ တင်ပါး၊ ခါး စတဲ့ခွဲစိတ်မှုတွေကို ပမာဏတူညီစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီအတွက် ကုန်သွားတဲ့ ကုန်ကျစာရိတ်တွေကို မနှမြောဘူးလို့ ဆိုပါတယ်။ နှစ်ဦးသားဟာ ဘာလုပ်လုပ်၊ ဘယ်သွားသွား၊ ဘာကိုပဲစားစား အတူတူပဲ ဖြစ်ပါတယ်။

စကားပြောရင်တောင် ဝါကျတစ်ကြောင်းကို တစ်ယောက်က စပေး၊ တစ်ယောက်က ဆုံးပေးတဲ့အထိ Unison ဖြစ်ပါသတဲ့။ သူတို့နှစ်ယောက်ဟာ ဒီလောက် ညီညီညာညာ ရှိကြသလို၊ Ben ကို ချစ်တဲ့အချစ်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ထပ်တူညီကြတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ Ben ရဲ့ကိုယ်ဝန်ကို ဘယ်သူမှ ဆောင်ယူနိုင်ခြင်း မရှိသေးပါဘူး။ သူတို့တစ်တွေဟာ တစ်ချိန်တည်းမှာ ညီညီညာညာ ကိုယ်ဝန်ဆောင်ဖို့ ပစ်မှတ်ထားနေကြပါတယ်။ သို့သော်လည်း ကိုယ်ဝန်နှစ်ခု တပြိုင်တည်းရဖို့ဆိုတာ သဘာဝနည်းအရ ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် IVF နည်းကို သုံးမှာလို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE