London မြို့ Staffordshire တက္ကသိုလ် ရဲ့ပထမဆုံးနေ့မှာ အဖွဲ့လိုက် shooting game ဆော့ကစားနေတဲ့ ကျောင်းသားတွေကိုမြင်နိုင်ပါတယ်။ ဒါဟာ အိပ်မက် မဟုတ်ပါဘူး။ Gamer တွေအတွက် အမှန်တကယ်ဖြစ်လာတာပါ။
အခုဆိုရင် Gaming Society ရဲ့ အကျယ်အဝန်းက ကြီးမားလာပြီး ကမ္ဘာအနှံ့မှာ Game မကစားသူ မရှိသလောက်ဖြစ်လာတဲ့အတွက် Staffordshire တက္ကသိုလ် အနေနဲ့ ပြောင်းလဲလာတဲ့ အရွေ့တစ်ခုအတွက် ကျွမ်းကျင်သူတွေကို စတင်မွေးထုတ်ပေးနေတာပါ။

“အသက် ၁၈နှစ် အရွယ် Ryan Chapman က သူဒီပညာနဲ့ အသက်မွေးတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မိသားစုအနေနဲ့ လုံးဝယုံကြည်မှုမရှိခဲ့ပါဘူး ဒါပေမယ့် ခုချိန်မှာတော့သူတို့ နားလည်လာကြပြီ” လို့ဆိုပါတယ်။
Staffordshire University ကတော့ esport နဲ့ ပတ်သက်တဲ့ ဒီဂရီဘွဲ့တွေကို ပြီးခဲ့တဲ့နှစ်ကတည်းကပေးနေခဲ့ပြီး အများစုက Marketing and Management in Esport ကိုလေ့လာကြပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ Esport ရဲ့ ဈေးကွက်အတွင်း ငွေကြေးလည်ပတ်မှုက ဒေါ်လာ ၁.၁ ဘီလီယံ ထိရှိခဲ့ပါတယ်။
Esport ပြိုင်ပွဲတွေက ယဉ်ကျေးမှုတစ်ရပ်လိုဖြစ်လာပြီး ပြိုင်ပွဲတွေကိုလည်းကမ္ဘာအနှံ့ မှာ ကျင်းပနေတဲ့အပြင် ရရှိနိုင်တဲ့ ဆုငွေပမာဏကလည်းများပြားပါတယ်။ ပွဲကိုလာရောက်ကြည့်ရှု့သူတွေကလည်းများပြားပြီး ကမ္ဘာအနှံ့ကဖြစ်တဲ့အတွက် tourism အတွက်လည်း နိုင်ငံခြားဝင်ငွေတွေရရှိလာပါတယ်။

လေ့လာမှုတွေ့အရ ၂၀၁၉မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ Esport ရဲ့ ပုရိသတ်တွေဟာ ၄၅၄ မီလီယံ ပမာဏထိရှိခဲ့ပါတယ်။ ပုရိသတ်အများစုက livestreaming platform တွေဖြစ်တဲ့ Twitch နဲ့ Microsoft’s Mixer တွေမှာရှိနေတာပါ။
Staffordshire လို Esport ကိုအားပေးတဲ့ တက္ကသိုလ်တွေရှိပေမယ့် ကျောင်းသားတွေနဲ့ မိဘတွေကို တော့ ဘွဲ့ရပြီးတာနဲ့သေချာတဲ့အလုပ်အကိုင်အခွင့်အလမ်းအာမခံချက်တွေပေးနိုင်ဖို့တော့ကြိုးစားရဦးမယ့်အခြေအနေမှာရှိနေပါသေးတယ်။
“Esport ဟာ ကလေးကစားတဲ့ ဂိမ်းမဟုတ်တော့ပါဘူး အခုဆိုရင် တကယ်ကျွမ်းကျင်တဲ့ esport ကစားသမားတစ်ယောက်အနေနဲ့ ထိပ်တန်း ဂေါ့ဖ်ရိုက်သမားတွေ၊ တင်းနစ်သမားတွေလိုပဲ ဝင်ငွေရရှိနိုင်နေပါပြီ” လို့ Becker College’s School of Design and Technology ရဲ့ တက္ကသိုလ်ဋ္ဌာနမှူး Alan Ritacco ကဆိုပါတယ်။
We’re at The Big Bang fair @thenec today! We have a #games and #esports stand with #PS4 consoles set up. Why not pop along to us (hall 17, grid ref N6) to chat about our courses and have a go at @RocketLeague! #BigBangFair pic.twitter.com/rGLMfvetWP
— Staffs Uni Business (@BusinessStaffs) March 16, 2019
Esport ကို နိုဝင်ဘာလမှာ ကျင်းပမယ့် SEA Game ပြိုင်ပွဲမှာလည်းတရားဝင်ထည့်သွင်းသွားတော့မှာပါ။ ဒီလို မျိုးပြောင်းလဲတိုးတက်လာတဲ့အခြေအနေတွေကြောင့် Staffordshire University အနေနဲ့ ခုကတည်းက ကျွမ်းကျင်ပညာရှင်တွေမွေးထုတ်နေပြီဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
Lwin Min