NBA ပွဲကို ဆိတ်ကလေးနဲ့အတူ အားပေးနေတဲ့ Virtual ပရိသတ်တစ်ဦး

Twitter/LAWard

ကိုဗစ်အခြေအနေကြောင့် စီစဉ်ထားတဲ့ Music Fastival တွေ ပျက်သွားကြပါတယ်။ နိုင်ငံတော်အဆင့် ပွဲတွေသည်ပင် ရုံးစုရုံးစု မလုပ်ကြတော့ဘဲ အကျဉ်းချုပ် လုပ်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ဆိုးကတော့ သမိုင်းမှာ ခေတ်သစ်လူငယ်တွေကိုရော၊ ရှေ့မီနောက်မီ လူကြီးတွေကိုပါ အတွေ့အကြုံအသစ်တွေ ပေးစွမ်းခဲ့တာပါ။

ကိုဗစ်ကြောင့် ဘောလုံးပွဲတချို့ ရပ်နားခဲ့ပြီး၊ တချို့ကတော့ လက်ကျန်ပွဲစဉ်တွေကို ပရိသတ်မပါဘဲ ဆက်လက်ကျင်းပတာမျိုးတွေ ရှိခဲ့ပါတယ်။ NBA ပွဲစဉ်တစ်ချို့မှာတော့ အွန်လိုင်းကနေ တိုက်ရိုက်အားပေးနေတဲ့ ပရိသတ် (Virtual Fan)တွေကို ပွဲကြည့်စဉ်မှာ ရှိနေတဲ့အတိုင်း တိုက်ရိုက်ပြသတာမျိုးတွေလည်း ရှိပါတယ်။ 

အခုလည်း NBA ပွဲစဉ်တစ်ခုမှာ New Orleans Pelicans အသင်းပရိသတ်တစ်ဦးဟာ ဆိတ်တစ်ကောင်နဲ့အတူ အားပေးခဲ့တာပါ၊ ဒီအဖြစ်အပျက်ဟာ ပွဲနောက်ခံကြေညာသူတွေအတွက် ပြောစရာအကွက်တစ်ခု ဖြစ်စေခဲ့သလို၊ လူမှုကွန်ရက်မှာလည်း အတော်လေး ပြောစမှတ်ဖြစ်စေခဲ့ပါတယ်။

READ
ဂိမ်းထဲက ဓားအတိုင်း ပြုလုပ်ပြီး မင်္ဂလာကိတ်မုန့်ခွဲခဲ့တဲ့ ဂျပန်နိုင်ငံက Cosplayer

New Orleans Pelicans အသင်းက သူတို့ရဲ့ တရားဝင် တွစ်တာပေါ်မှာတောင် ဒီအဖြစ်အပျက် တင်ခဲ့ပါတယ်။ ၎င်းတို့ရဲ့တွစ်တာမှာ “ ကျုပ်တို့ရဲ့ ဆိတ်ကလေးကိုလည်း လှမ်းခေါ်ကြပါဦး ”လို့ ရေးသားခဲ့ပါတယ်။ Pelicans အသင်းဟာ Sacramento Kings အသင်းနဲ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အရင်ဆုံး Pelicans ပရိသတ်တစ်ဦးက ဒီဗွီဒီယိုကို တင်ခဲ့တာပါ။ သူက “ဒီလူကတော့ ဆိတ်တစ်ကောင်နဲ့အတူ အားပေးနေပါတယ် လို့ ရေးခဲ့ပါတယ်။ အခြားတစ်ဦးကတော့ “ လူတစ်ယောက်ကတော့ Virtual ထိုင်ခုံမှာ သူရဲ့ဆိတ်ကို ခေါ်ယူလာခဲ့ပါတယ် ”လို့ ရေးခဲ့ပါတယ်။

 

စုံစမ်းမှုတွေအရ ဆိတ်ကလေးရဲ့နာမည်မှာ Cheeko လို့ သိရပါတယ်။ သူရဲ့ပိုင်ရှင်ကတော့ @LAWard အမည်ရ တွစ်တာအကောင့်သုံးသူလို့ ယူဆရပါတယ်။ Microsoft Teams မှတစ်ဆင့် NBA ပွဲစဉ်တစ်ခုမှာ ပရိသတ် (၃၂၀)ဝန်းကျင်အထိ Virtual ထိုင်ခုံကနေ ကျကျနန အားပေးဖို့ရအောင် စီမံပေးထားတယ်လို့ သိရပါတယ်။ တစ်ဦးချင်းဆီအတွက် ဒေါ်လာ (၂၂)ကျသင့်မယ်လို့ သိရပါတယ်။

လင်းသူရိန်

SHARE