ပိုက်ဆံကို ဖောဖောသီသီ သုံးစွဲဖို့ ဘယ်တော့မှ မနှမြောသင့်တဲ့ နေရာများ

shutterstock/Billion Photos

ပိုက်ဆံဆိုတာကတော့ အလုပ်တွေကြိုးစားလုပ်နေသရွေ့ ကိုယ့်အတွက် ရနိုင်သလို ပိုက်ဆံပိုရမယ့် အခွင့်အလမ်းတွေဆိုတာလည်း ကိုယ်ဖန်တီးရင် ဖန်တီးသလောက် ရလာနိုင်ပါတယ်။ ဒါပေမယ့်လို့ ပိုက်ဆံကို သုံးတာနဲ့ ဖြုန်းတာကို ကွဲပြားသိနေဖို့လိုအပ်ပါတယ်။ မလိုအပ်ပဲ တစ်ချို့နေရာတွေမှာ ငွေကိုသုံးစွဲလိုက်တာက ဖြုန်းတီးရာရောက်ပေမယ့်လို့ ဒီနေရာတွေမှာတော့ ငွေကြေးသုံးစွဲမှုကို မနှမြောသင့်ပါဘူးနော်။

ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်တဲ့အခါ

shutterstock/pikcha

ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်တဲ့အခါမျိုးမှာ ငွေကို မနှမြောသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ လုပ်ငန်းကောင်းစွာ လည်ပတ်နိုင်ဖို့ ဒါမှမဟုတ် ကိုယ့်အတွက် အလုပ်အမြန်ပြီးမြောက်နိုင်ဖို့ဆိုရင် ခေတ်မှီတဲ့ အသုံးအဆောင်တွေဆိုတာ လိုအပ်ပါတယ်နော်။ အလုပ်များများလုပ်နိုင်ရင် ပိုက်ဆံများများရလာနိုင်လို့ ကိုယ့်အလုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်တဲ့အခါ မလိုအပ်ပဲ ငွေကို နှမြောပြီး ပေါပေါလောလောတွေ မသုံးသင့်ပါဘူးနော်။ ဒါက သင့်ကို ငွေနှစ်ခါကုန်စေနိုင်လို့ပါပဲ။

ဘဝအတွက် ရင်းနှီးမြုပ်နှံမှု

ကိုယ့်ရဲ့ဘဝကို ဒီထက် ကောင်းမွန်တဲ့ နေရာတစ်ခုကို ရောက်စေချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရပါလိမ့်မယ်။ ကိုယ့်အတွက် အကျိုးရှိမယ့် သင်တန်းတွေ တက်တာ၊ ကိုယ်ဝါသနာပါရာ ကိုယ့်ရဲ့အိပ်မက်တွေအတွက် ပညာတွေလေ့လာရာမှာ ငွေကို မနှမြောသင့်ပါဘူးနော်။ ဒါတွေက တစ်ချိန်ချိန်မှာ ကိုယ့်အတွက် အသီးအပွင့်ကောင်းတွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် ဘဝအတွက် ရင်းနှီးမြုပ်နှံမှုမှာ ငွေကို သုံးဖို့ မနှမြောပါနဲ့။

READ
အသက်ကြီးလာတဲ့အခါ လူတွေနောင်တရလေ့ရှိတဲ့အရာ(၅)ခု

ကျန်းမာရေးအတွက်

shutterstock/michaeljung

လူတစ်ယောက်မှာ အဓိကက ကျန်းမာရေး ကောင်းဖို့နံ့ပါတ်တစ်လို့ ပြောလို့ရပါတယ်။ ကျန်းမာမှ အလုပ်လည်းကောင်းကောင်း လုပ်နိုင်မယ်၊ အလုပ်လုပ်နိုင်မှ ငွေရှာနိုင်မယ်၊ ကျန်းမာမှ စားချင်တာတွေ စားနိုင်သလို သွားချင်တာတွေ သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နေရာတွေမှာ ငွေကို သုံးဖို့ လက်မတွန့်ပါနဲ့။ ကျန်းမာနေမှ ဘဝရဲ့ အကောင်းဆုံးနေ့ရက်တွေကို ခံစားနိုင်မှာပါနော်။

တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးတဲ့အခါ

ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ အကောင်းဆုံးအရာက လက်ဆောင်ပေးခြင်းပါပဲ။ ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ပေးတတ်တဲ့ ဓလေ့လေးဟာ တကယ့်ကို ချစ်စရာ ကောင်းပါတယ်နော်။ ဒီတော့ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးတဲ့ အခါမျိုးမှာ ငွေကို မနှမြောသင့်ပါဘူး။ သူ့ဆီက ဘာမှပြန်မရရင်တောင် ဒါဟာ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ကိုယ်စားလက်ဆောင်လေး ဖြစ်လို့ပါ။

READ
ခေတ်သစ်ကမ္ဘာထဲ ကံကောင်းလွန်းစွာ ပျောက်ကွယ်ခဲ့ပြီဖြစ်တဲ့အရာများ

အချိန်တွေကို ဝယ်ယူတဲ့အခါ

shutterstock/ 4 PM production

ကုန်လွန်သွားတဲ့ အချိန်တွေကိုတော့ ဝယ်ယူလို့မရနိုင်ပေမယ့် လက်ရှိအချိန်ကိုတော့ သင်ဝယ်ယူလို့ရနိုင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိအချိန်ကို အကောင်းဆုံး ဖြတ်သန်းတာ၊ ခရီးတွေထွက်တာ၊ အမှတ်တရကောင်းတဲ့ ဖန်တီးတာ ဒါတွေက အချိန်ကို ဝယ်ယူခြင်း တစ်မျိုးပါပဲနော်။ ဒါကြောင့် လှပတဲ့ အချိန်လေးတွေကို ခံစားဖို့ ငွေကိုမနှမြောသင့်ပါဘူး။ ဒါက သင်အသက်ကြီးသွားသည့်တိုင်အောင် ထာဝရ အမှတ်တရလေးတွေ ဖြစ်စေမှာပါ။

Khin

SHARE