ချွေးထွက်များခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း (၄) ခု

shutterstock/ Africa Studio

တစ်ချို့လူတွေက သူများတွေထက် ချွေးပိုထွက်လွယ်တတ်ကြသလို ချွေးထွက်များတတ်ကြပါတယ်။ ဒီလို ချွေးထွက်များခြင်းက ခန္ဓာကိုယ်အတွက် မကောင်းသလို၊ အနံ့အသက်ဆိုးတွေကို အလွယ်တကူ ဖြစ်ပေါ်စေတဲ့အတွက်ကြောင့် နေရထိုင်ရ အဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့် ချွေးအလွန်အကျွံထွက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Antiperspirant အသုံးပြုပါ

shutterstock/Dean Drobot

ချွေးထွက်များတတ်သူတွေအနေနဲ့ အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်ဖို့ antiperspirant ကို သုံးပေးသင့်ပါတယ်။ ဒါက ချွေးထွက်စေတဲ့ ချွေးပေါက်လေးတွေကို ပိတ်ဆို့ပေးသလို ဖြစ်စေပါတယ်။ ဆိုင်တွေမှာ အလွယ်တကူပဲ ဝယ်ယူလို့ရတဲ့ antiperspirant တွေကို ကိုယ်ကြိုက်နှစ်သက်တဲ့ အနံ့တွေရွေးချယ်ပြီး ဝယ်ယူလို့ရပါတယ်နော်။ ဒီ antiperspirant ကို ချိုင်းအောက်တွေမှာ အသုံးပြုပေးခြင်းတင်မကပဲ လက်၊ ခြေဖဝါးနဲ့ ကျောပြင်တွေမှာပါ အသုံးပြုပေးလို့ ရပါတယ်။

အဆီ၊ အငန်၊ အစပ်တွေ လျော့စားပါ

ကိုယ်စားသောက်လိုက်တဲ့ အစားအသောက်တွေကြောင့်လည်း ချွေးပိုထွက်စေတတ်ပါတယ်။ အဆီ၊ အငန်၊ အစပ်များတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ကို ချွေးပိုထွက်စေတတ်လို့ လျော့စားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို မြှင့်တက်သွားစေတဲ့အတွက် ချွေးပိုထွက်ခြင်းကို ဖြစ်လာစေတာပါ။

READ
ဓါတ်ပုံတွေက ညွှန်ပြနေတဲ့ လူတွေရဲ့ဘ၀အဓိပ္ပါယ်အလင်္ကာများ

ရေဓာတ်ပြည့်ဝအောင် နေပါ

shutterstock/ Krakenimages.com

ရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို လျော့ကျစေပြီး ချွေးထွက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေများများသောက်ပေးခြင်းက ချွေးထွက်လွန်ခြင်းကို ကာကွယ်ပေးနိုင်ရုံမက ဝိတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါပေမယ့်လို့ ကဖိန်းဓာတ်ပါတဲ့ အရည်တွေနဲ့ အရက်သောက်ခြင်းတွေကို ရှောင်ကြည်ဖို့လိုပါတယ်။ ဒါက သင့်ရဲ့ ခန္ဓာကိုယ်ကို ချွေးပိုထွက်အောင် လှုံဆော်စေတဲ့ အရာတွေဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ

ကိုယ်က ချွေးထွက်များတတ်တဲ့ သူတစ်ယောက်ဆိုရင်တော့ နေရထိုင်ရ အဆင်ပြေတဲ့ ပေါ့ပေါ့ပါးပါး အကျီ င်္မျိုးတွေ ဝတ်ဆင်သင့်ပါတယ်။ အရမ်းကို ကျပ်ထုပ်တဲ့ အဝတ်အစားတွေက လူကိုအိုက်စေပြီး ချွေးပိုထွက်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ပုံစံမျိုး ဝတ်ဆင်ပါ။ ဒါက ချွေးထွက်ခြင်းကို သက်သာစေမှာပါ။

READ
ထိပ်ပြောင်တဲ့သူတွေက ပိုစမတ်ကျပြီး ပိုအောင်မြင်ကြတယ်လို့ စစ်တမ်းတွေအရ တွေ့ရှိ

Khin

SHARE