အလန်းစား ဂျင်းဝတ်စုံကြောင့် လူမှုကွန်ယက်မှာ Hot နေတဲ့ အမျိုးသမီး

Ripped Jeans ဆိုပြီ ဖတ်ရှင်လောကမှာ နေရာတစ်နေရာ ယူလာနိုင်ခဲ့တဲ့ ဂျင်းဝတ်စုံအစုတ်အပြဲပုံစံ ဖတ်ရှင်တွေကို လူတစ်ချို့ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပေမယ့်၊ တစ်ချို့ကတော့ ပြောင်းလဲလာတဲ့ ဖတ်ရှင်ရေစီးကြောင်းလို့ လက်ခံကြသူတွေလည်း ရှိပါတယ်။

ခေတ်တစ်ခုနဲ့တစ်ခုရဲ့ ဖတ်ရှင်အမြင်ဟာ မတူညီနိုင်တာကတော့ အမှန်ပါ။ ကျနော်တို့ အဖိုးအဖွားတွေ၊ အဖေအမေတို့ ငယ်ရွယ်စဉ်က ၀တ်ခဲ့တဲ့ အ၀တ်အစားတွေဟာ ယနေ့ခေတ်မှာတော့ ရယ်စရာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ဘယ်သူကမှ ဘိုးဘွားအမွေ ထိန်းသိမ်းမယ်ဆိုပြီး 1970-80 ၀န်းကျင်က အ၀တ်အစားအမျိုး ပြန်ဝတ်ကြမှာလည်း မဟုတ်ပါဘူး။

ဒါဟာ ဖတ်ရှင်ရဲ့ စိတ်အခြေခံသဘောတရားအရ ပြောင်းလဲလာခဲ့တဲ့ လူ့ရဲ့ စိတ်အခြေခံ အမှန်ဖြစ်ပါတယ်။ ဒီလိုပဲ ဂျင်းဝတ်စုံ အစုတ်အပြဲတွေဟာ အခုမှ ခေတ်စားလာတာမျိုးမဟုတ်ပေမယ့် လူတော်တော်များများက လက်ခံဖို့ ငြင်းဆန်
ကြတုန်းပါ။ ဒီ Ripped Jeans အစုတ်အပြဲပုံစံဝတ်စုံတွေကို 1980-90 ၀န်းကျင်က Rock ဂီတလောကမှာ စတင်
ခေတ်စားခဲ့တာလို့ တစ်ချို့မှတ်တမ်းတွေက ဆိုပါတယ်။

READ
သြဇီတောမီးရဲ့ မီးလောင်ငုတ်တိုတွေမှာ အညွှန့်အတက်တွေ ပြန်ထွက်လာတဲ့အဖြစ်

အခုနောက်ပိုင်းမှာ့ Punk ဂီတသမားတွေ စွဲစွဲမြဲမြဲ ၀တ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုအကြားမှာ လည်း အတော်လေးပျံ့နှံ့မှု အားကောင်းလာပါတယ်။ ဖော်ပြပါ အမျိုးသမီးဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ ဖော်ပြမ ထားပေမယ့် သူမရဲ့ 80% သော ဘော်ဒီအမိုက်စားကြောင့် အမေရိကန်မှာ အသုံးပြုနေတဲ့ လူမှုကွန်ယက် Reddit မှာတော့ အတော်လေး ရေပန်းစားနေပါတယ်။

Reddit အသုံးပြုသူတစ်ယောက်က ဒီဓာတ်ပုံကို နောက်ပြောင်တဲ့သဘောနဲ့ တင်ထားတာပါ။ ဓာတ်ပုံရှင်ကတော့ ကိုရီးယား သို့မဟုတ် ဂျပန်ဖြစ်ဖို့ရှိပါတယ်။ မူလတင်ထားသူရဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးသူတစ်ယောက်က ” ဆောရီးပါရှင် ဒီနေ့ အ၀တ်ဝတ်နေရတာနဲ့တင် အလုပ်ကို မိနစ် 20 လောက် နောက်ကျသွားတယ် “လို့ ရေးသားခဲ့ သလို၊ အခြားတစ်ယောက်တော့ ” တစ်ခြား ၀တ်စရာ မရှိတော့လို့လားဟာ “လို့ ရေးသားခဲ့ပါတယ်။

READ
(၁၂.၁.၁၉) မှ (၁၈.၁.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

မဒီလေး (Shwemom)

source : viral4real.com

SHARE