ကားထဲက အဆိပ်ပြင်းတဲ့မြွေကို လက်နဲ့ အသာလေးကိုင်ပြီးဖယ်ရှားခဲ့တဲ့ အမျိုးသမီးရဲအရာရှိ

Facebook/Shelby Township Police Department

အင်တာနက်ပေါ်မှာ ထူးခြားဆန်းကြယ်တဲ့မြွေဗီဒီယိုဖိုင်တွေအများကြီးရှိပါတယ်။အမျိုးသားတစ်ယောက်ပေါ်ကို တွယ်ကပ်နေတဲ့မြွေတစ်ကောင်ရဲ့ဗီဒီယိုဖိုင်နဲ့ မိတ်လိုက်နေတဲ့မြွေနှစ်ကောင်ပေါ်ထိုင်မိလို့ သေအံ့ဆဲဆဲဖြစ်သွားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဗီဒီယိုဖိုင်အပြင် အခြားစိတ်ဝင်စားစရာဗီဒီယိုဖိုင်တွေလည်းရှိပါတယ်။အဲ့လိုစိတ်ဝင်စားစရာဗီဒီယိုတွေထဲကမှ အခုဖော်ပြပေးမယ့် ဗီဒီယိုဖိုင်လေးထဲကအကြောင်းကလည်း စိတ်ဝင်စားစရာကောင်းလွန်းလို့  ဖော်ပြပေးလိုက်ပါတယ်နော်။

အမေရိကန်နိုင်ငံ Michigan ပြည်နယ်က ရဲအရာရှိတစ်ဦးဟာ ကားအတွင်း မြွေတစ်ကောင်ရောက်နေလို့ဆိုတဲ့  အရေး ပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကိုရရှိပြီး အခင်းဖြစ်ပွားရာနေရာကိုသွားရောက်ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာရှိကား တစ်စီး ရဲ့အရှေ့စက်ဖုံးအင်ဂျင်တွေကြားထဲမှာ စပါးအုံးမြွေတစ်ကောင်ရောက်ရှိနေတာကိုတွေ့ခဲ့ရပါတယ်။

အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာတဲ့ အမျိုးသမီးရဲအရာရှိတစ်ဦးဟာ လက်အိတ်စွပ်ပြီး ကားအတွင်းရှိမြွေကိုေ အးဆေးတည်ငြိမ်စွာဖယ်ရှားပေးနေတဲ့ဗီဒီယိုဖိုင်ကို Shelby မြို့ရဲဌာနရဲ့ Facebook ပေါ်မှာတင်ခဲ့ပါတယ် ။ ဒီဗီဒီယိုကို မြွေကို  ဖယ်ရှားရှင်းလင်းပေးခဲ့တဲ့ရဲ့အရာရှိ Autumn Fettig ကိုယ်တိုင် ဒီဒေသမှာ အိမ်မွေးစံပါးအုံးမြွေတစ်ကောင်ေ ပျာက်သေးလားဆိုပြီး အရွှန်းဖောက်ကာ ရဲဌာနရဲ့ Facebook ပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။

This Is probably NOT the kind of call Officer Fettig expected to take tonight……oh, and is anyone in the area of Hamlin and Ryan missing their pet Python? #CantMakeThisStuffUp #TheEngineIsMakingAWeirdNoise #NopeRope

Posted by Shelby Township Police Department on Wednesday, September 18, 2019

ရဲအရာရှိဟာ ကားထဲကမြွေကို ကြောက်ရွံ့မှုအလျင်းမရှိပဲ ကားစက်ဖုံးထဲကနေကောက်ပြီး ပလတ်စတစ်ပုံးထဲကို  ထည့်နေတာကို ဗီဒီယိုထဲမှာရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။ဒါ့အပြင် သူမက အဲ့ဒီမြွေနဲ့ရိုက်ထားဓာတ်ပုံကိုလ ည်း အင်တာနက်ပေါ်မှာတင်ခဲ့တာကိုတွေ့ရပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ အင်တာနက်မှာ လူတော်တော်များများသဘောကျခဲ့ရတဲ့ဗီဒီယိုဖိုင်တစ်ခုဖြစ်လာပါတယ်။ ဗီဒီယိုဖိုင်ထက်ကို အဆိပ်ပြင်းတဲ့မြွေကို တုန်လှုပ်ခြင်းမရှိပဲ၊ ကြောက်လန့်ခြင်း မရှိပဲ ကိုင်ရဲတဲ့ ရဲအရာရှိအမျိုးသမီးကိုချီးကျူးကြတာဆိုပိုမှန်ပါလိမ့်မယ်။

Thae Su

SHARE