ချစ်သူနဲ့ အိပ်ရာထက်မှာ ဖောက်ပြန်တဲ့ သူငယ်ချင်းကို လက်စတုံးပစ်ခဲ့တဲ့ အမျိုးသမီး

Twitter/Tri-CityHearld

အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ကို ချစ်သူအမျိုးသားနဲ့ အိပ်ရာထက်မှာ အတူတွေ့လိုက်ရတဲ့အတွက် စိတ်မထိန်းနိုင်ဒေါသထွက်ပြီး၊ လက်စတုံးလုပ်ပစ်ခဲ့မိကြောင်း ဆိုပါတယ်။ တရားခံအမျိုးသမီးဟာ မကြာခင်မှာ ချစ်သူအမျိုးသားနဲ့လက်ထပ်ပွဲဆင်နွှဲဖို့ စီစဉ်ထားပြီးပါပြီ။

Facebook/AmySueBrown

တရားခံအမျိုးသမီးရဲ့နာမည်ကတော့ Amy Brown ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းလောင်းမှာ Brandon Fayard ဖြစ်ပါတယ်။ ဝါရှင်တန်ပြည်နယ်၊ Prosser မှာတည်ရှိတဲ့ သူမရဲ့နေအိမ်မှာ မွေးနေ့အထိမ်းအမှတ် သောက်ပွဲစားပွဲပြုလုပ်စဉ်၊ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ အားလုံး မူးနေချိန်မှာ သူငယ်ချင်း Amanda Hill က အခွင့်ကောင်းယူခဲ့တာပါ။

Hill ဟာ Amy ရဲ့ခင်ပွန်းလောင်း အခန်းထဲမှာ တိတ်တဆိတ်ဝင်သွားပြီး၊ ဖောက်ပြန်ခဲ့တာလို့ ဆိုပါတယ်။ Amy ကတော့ ဒီအကြောင်းကို နဂိုကတည်းက ရိပ်မိနေခဲ့ပုံပါဘဲ။ ဒါကြောင့် နှစ်ယောက်စလုံးကို အသေဆိုပြီး ပစ်သတ်ခဲ့သော်လည်း၊ Hill ကတော့ ဒဏ်ရာပြင်းထန်ပြီး သေဆုံးခဲ့ပါတယ်။

Facebook/AmandaHill

ပါတီမှာ Hill ရဲ့ချစ်သူ Ben လည်းရှိနေခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၈)ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်မှာ ဖြစ်ခဲ့တာပါ။ Hill ကတော့ အသက်(၃၅)နှစ်ဖြစ်ပြီး၊ Amy ကတော့ အသက်(၃၆)နှစ် ဖြစ်ပါတယ်။ Amy မှာ ပထမအိမ်ထောင်နဲ့ ကလေးနှစ်ယောက်ရှိပြီး၊ ချစ်သူ Brandon နဲ့ ကလေး(၃)ယောက် ရှိပါတယ်။

သူတို့စုံတွဲဟာ A+B Farm အမည်ရ အိမ်သုံးဆပ်ပြာနဲ့ အလှဆီလုပ်ငန်းတွေ လုပ်ကိုင်သူပါ။ Hill နဲ့က အကြိုက်ချင်းတူ၊ ဝါသနာပါတာချင်းလည်း တူကြတာကြောင့် စွဲစွဲမြဲမြဲ ပေါင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ညက Amy ရဲ့မွေးနေ့အထိမ်းအမှတ် သောက်ကြစားကြရင်း၊ ညသန်းခေါင်းမှာ ဖြစ်ခဲ့တာပါတဲ့။

Brandon က မနက်ဖြန်အလုပ်သွားရမယ်ဆိုပြီး အခန်းထဲမှာ ဝင်သွားချိန် Hill က နောက်က လိုက်သွားခဲ့တာပါ။ Amy က နဂိုသံသယရှိနေသူပီပီ၊ မိနစ်(၂၀)အကြာမှာ သေနတ်ယူပြီး၊ အခန်းထဲကို လိုက်သွားခဲ့ပါတယ်။ ည (၁၂း၄၅)နာရီမှာ သေနတ်သံနှစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတော့တယ်။

Brandon က သေနတ်ဒဏ်ရာရခဲ့ပေမယ့် ကြောက်လန့်တကြား ထွက်ပြေးသွားပါတယ်။ Amy က Hill ကို နောက်ထပ်သေချာအောင်ဆိုပြီး သေနတ်နဲ့ နှစ်ချက်ဆင့်ပြီးပစ်ခဲ့ပါတယ်။ Hill ကတော့ ပထမသေနတ်ကျည်ဆံ ထိမှန်ပြီးကတည်းက သေဆုံးသွားခဲ့တာပါ။ Brandon က အရေးပေါ်ကားကို အမြန်ခေါ်ပေးခဲ့ပါတယ်။

This morning defendant Amy Brown was sentenced for the murder of Amanda Hill. In 2018, the two women were friends and…

Posted by Benton County Prosecutor's Office on Friday, June 26, 2020

ဒါပေမယ့် တရားရုံးထွက်ဆိုချက်မှာတော့ Amy က မိမိကိုယ်ကို ကာကွယ်ရင်းက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ယောက်သား အခန်းထဲမှာ တွေ့ပြီး သူမက ဆဲဆိုကာ အပြင်ကိုထွက်ပြီး၊ စိတ်ငြိမ်အောင် တစ်ခွက်တစ်ဖလား သောက်နေခဲ့သေးကြောင်း၊ နောက် လှေကားပေါ်က ဆင်းလာတဲ့ Hill က သူမကို အရင်စတိုက်ခိုက်ခဲ့လို့ အခုလို ပစ်ရတာလို့ ဆိုပါတယ်။

ဒါပေမယ့် တရားရုံးက အခြေအနေတွေကို သုံးသပ်ပြီး သူမကို လူသတ်မှု ဒုတိယဒီဂရီနဲ့ စွဲချက်တင်လိုက်ပါတယ်။ ဒီမတိုင်ခင်ကတော့ ရဲကဖမ်းလို့ (၅)ရက်အကြာမှာ Amy တစ်ယောက်က အာမခံနဲ့ အချုပ်ကနေ ပြန်လွတ်လာခဲ့ပါသေးတယ်။ အခုနှစ်ဇွန်လမှာ ပြန်လည်ဖမ်းဆီးပြီး၊ မကြာသေးခင်ကမှ အပြီးသတ် အမိန့်ချမှတ်လိုက်တာပါ။ Amy အဖို့ ထောင်ဒဏ်(၁၅)နှစ်အထိ ချခံခဲ့ရပါတယ်။

လင်းသူရိန်

SHARE