အရမ်းအေးတဲ့ညတစ်ညမှာ အိမ်ခြေမဲ့တစ်ဦးကို ကူညီခဲ့တဲ့ ဘတ်စ်ကားယာဉ်မောင်းအမျိုးသမီး

Faecbook/Natalie Barnes

အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်ရဲ့အရမ်းအေးတဲ့ ညတစ်ညမှာ ဘတ်စ်ကားမောင်းသူ အမျိုးသမီးက အိမ်ခြေမဲ့သူတစ်ဦးကို ကူညီမှုတွေလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးရဲ့ လုပ်ရပ်ကို လူတိုင်းက ချီးကျူးမှုတွေလုပ်ခဲ့ပါတယ်။ ဒါဟာ လူသားချင်းစာနာထောက်ထားတာကိုပြတာလို့လည်း လူအများရဲ့ဂုဏ်ယူပြောဆိုချင်းကိုခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ (၂၀၁၈)ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့တာလို့ CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Natalie Barnes အမည်ရှိတဲ့ဘတ်စ်ကားယာဉ်မောင်းအမျိုးသမီးဟာ သူမရဲ့ပုံမှန်ဘတ်စ်ကားလမ်းကြောင်း အတိုင်းမောင်းနှင်နေစဉ်အတွင်း ဘတ်စ်ကားပေါ်ကို Richard အမည်ရှိတဲ့အမျိုးသားတစ်ဦးတက်လာခဲ့ပြီး သူ့မှာအိမ်မရှိကြောင်း Natalie ကိုပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းကငါဟာ လမ်းမပေါ်မှာနေခဲ့ရတာဖြစ်ပြီး ငါဟာအိမ်ခြေမဲ့တစ်ဦးဖြစ်တယ်လို့ အဆိုပါအမျိုးသားက Natalie ကိုရှင်းပြခဲ့ပါတယ်။

 

 

Milwaukee Bus Driver Helps Homeless Man Find Housing

When Natalie Barnes got behind the wheel of her bus on a chilly Saturday evening, she had no idea that by the end of the night she was going to help change a man’s life; but that’s exactly what happened.Another story of #MCTSExcellence https://tinyurl.com/y8mfaqrf

Posted by Milwaukee County Transit System on Tuesday, November 13, 2018

အဲ့ဒီနောက်မှာတော့ Natalie ဟာ ကောင်းပြီ၊ ကျွန်မကားကတော့ နံနက်(၂)နာရီ(၄၄)မိနစ်အထိမောင်းရတာ ဖြစ်တာကြောင့် နေချင်ရင်နေလို့ရပါတယ်။ ကျွန်မညစာ ၀ယ်ကျွေးရမလားလို့ အဆိုပါအမျိုးသားကြီးကိုမေးခဲ့ပါတယ်။

READ
ဆေးလိပ်သောက်မယ့်ငွေတွေကို စုပြီး မိသားစုကို အပျော်ခရီးလိုက်ပို့ခဲ့တဲ့ အမျိုးသား

ဒါပေမယ့် Natalie ရဲ့ကမ်းလှမ်းချက်ကို အဆိုပါအမျိုးသားကြီးကငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် Natalie ရဲ့ကျေးဇူးကြောင့် အဆိုပါအမျိုးသားဟာ တစ်ညလုံးနွေးနွေးထွေးထွေးနေနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် Natalie ဟာ ကားကိုဆက်လက်မောင်းနှင်ခဲ့ပြီး Richard ကတော့ ကားရဲ့ရှေ့ဆုံးအတန်းမှာ ထိုင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Natalie ရဲ့အလုပ်သိမ်းချိန်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနောက် Natalie ဟာ အဆိုပါအမျိုးသားကြီးဆီသွားပြီး စကားတွေပြောခဲ့ကြပါတယ်။အဲ့ဒီနောက်တော့ Natalie ၀ယ်ကျွေးတဲ့ညစာကို အဆိုပါအမျိုးသားကြီးကစားသောက်ခဲ့ပါတယ်။

 

Faecbook/Natalie Barnes

ဘာပြောရမှန်းတောင်မသိပါဘူး၊ ဒါပေမယ့် ကျေးဇူးအရမ်းတင်တယ်လို့ အဆိုပါအမျိုးသားက Natalie ကိုပြောခဲ့ပါ တယ်။ဒါ့အပြင် သူလည်းပြန်ဝယ်ကျွေးချင်တယ်လို့ပြောခဲ့တာကြောင့် Natalie က မလိုဘူး၊ ရတယ်။ ကျွန်မကကူညီတာပါလို့ ပြန်လည်ပြောခဲ့လိုက်ပါတယ်။ဒါ့အပြင် Natalie က ယာယီအိုးအိမ်နဲ့အထောက်အပံ့တွေ ပေးနိုင်တဲ့အဖွဲ့အစည်းနဲ့လည်းဆက်သွယ်ပေးခဲ့ပါတယ်။

တစ်ကယ်လိုအပ်နေတဲ့သူတွေဖြစ်တဲ့ အိမ်ခြေမဲ့တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတစ်ခုနဲ့ဆက်သွယ်ပေးခဲ့တာလို့ Natalie Barnes က အင်တာဗျူးတစ်ခုမှာပြေကြားခဲ့ပါတယ်။အဆိုပါအဖွဲ့အစည်းက အိမ်ခြေမဲ့တွေက လိုအပ်တဲ့ အစားအစာတွေ၊ အ၀တ်အထည်တွေအပြင် ယာယီနေထိုင်ဖို့ကိုပါလုပ်ဆောင်ပေးတယ်လို့ Natalie ကဆက်လက်ပြောကြားခဲ့ပါတယ်။

READ
အော့တစ်ဇင်မ်ကလေးငယ်လေးတွေရဲ့ အပြုံးတွေနဲ့ လောကကြီးကို အလှဆင်ခဲ့တဲ့ ဖိုတိုရှုတင်

အောက်တိုဘာရဲ့ အရမ်းအေးတဲ့ညတစ်ညမှာ လိုအပ်နေတဲ့လူတစ်ယောက်ကိုကူညီပေးနိုင်ခဲ့သလို သူငယ်ချင်းတစ်ယောက်လည်းရရှိခဲ့တယ်လို့ Natalie ကပြောပါတယ်။

The American Red Cross of Wisconsin honored MCTS Driver Natalie Barnes as its Hero of the Year at last night's 14th…

Posted by Milwaukee County Transit System on Friday, May 10, 2019

သူကိုကူညီခဲ့တာတွေအတွက်လည်း အမြဲတမ်းကျွန်မကိုကျေးဇူးတင်စကားပြောခဲ့သလို ကျွန်မက သူ့ရဲ့ အုပ်ထိန်းသူကောင်းကင်တမန်လို့လည်း Richard ကအမြဲပြောပါတယ်။သူဒီလိုပြောတိုင်းလည်း ကျွန်မအရမ်းကိုပျော်ရွင်ရတယ်လို့ Natalie ကဆိုပါတယ်။ သူမရဲ့ လူသားချင်းစာနာထောက်ထားတဲ့ လုပ်ရပ်အတွက်လည်း Natalie ဟာ (၂၀၁၉)ခုနှစ် မေလမှာတော့ အပြည်ပြည်ဆိုင်ရာ သူနာပြုအဖွဲ့(Red Cross) ရဲ့ Hero of The Year ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

SHARE