သက်ရှိလိပ်ပြာလေးတွေရဲ့ကျိုးသွားတဲ့အတောင်ပံကို ပြုပြင်ပေးနေတဲ့ အမျိုးသမီး

Facebook/InsectArts

တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွေမှာ သွားရောက်လုပ်အားပေးတဲ့လူတွေရှိသလို လမ်းပေါ်မှာဒုက္ခ ရောက်နေတဲ့တိရစ္ဆာန်လေးတွေကိုကယ်ဆယ်တဲ့လူတွေလည်းရှိပါတယ်။အခုပြောပြမယ့်သူကတော့ လိပ်ပြာလေးတွေရဲ့ကျိုးပဲ့ပျက်စီးသွားတဲ့အတောင်ပံလေးတွေကို ပြန်လည်ပြုပြင်ပေးတဲ့သူတစ်ယောက်လည်း ရှိတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Katie VanBlaricum အမည်ရှိတဲ့အမျိုးသမီးဟာ တစ်ကယ့်အင်းဆက်တွေကို လက်ဝတ်ရတနာပြုလုပ်တဲ့ Insect Art ရတနာဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ လိပ်ပြာလေးတွေရဲ့ကျိုးသွားတဲ့အတောင်တွေကို အကောင်း အတိုင်းပြန်လည်လှပအောင်ပြုလုပ်ပေးနေတဲ့သူတစ်ဦးပါ။အတောင်တွေကိုပြန်လည်ပြုပြင်တဲ့နေရာမှာလည်း အသေးစိတ်လုပ်ရတဲ့အလုပ်ဖြစ်ပြီး လုပ်ရတဲ့နေရာမှာလည်း စိတ်ရှည်ရမှာဖြစ်သလို ကျွမ်းကျင်မှုလည်းရှိရမှာဖြစ်ပြီး လိပ်ပြာလေးတွေကိုချစ်ခင်တဲ့သူဆိုရင်တော့ ပိုကောင်းတာပေါ့နော်။

ဒီလုပ်ဆောင်မှုဟာ မယုံကြည်နိုင်လောက်အောင်ကိုအံ့သြရပါတယ်။ဒီလိုလိပ်ပြာလေးတွေရဲ့ အတောင်ပံတွေကိုပြန်လည်ပြုပြင်မှုတွေလုပ်ပေးတာဟာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ Romy McCloskey ဆိုသူတစ်ယောက်ကလည်း ဒီလိုပဲလိပ်ပြာတောင်ပံလေးတွေကိုပြုပြင်ပေးပါတယ်။သူ့အကြောင်းကိုသိချင်ရင်လည်း Bored Panda ၀က်ဘ်ဆိုဒ်မှာဝင်ပြီးဖတ်ကြည့်လို့ရတယ်လို့ Katie VanBlaricum ကပြောပါတယ်။

Butterfly update: it’s storming here today, so no release planned. He can fly a bit, but not as much as I’d like to see. Perhaps he just needs to get his strength up. Here he is, eating. You can see the proboscis collecting nectar from this sponge. His proboscis is like a straw. Fun fact: Monarchs taste with their feet!

Posted by Insect Art on Saturday, September 21, 2019

Katie VanBlaricum ရဲ့ Insect Art ဟာ အမေရိကန်နိုင်ငံ Kansas ပြည်နယ် Topeka မြို့မှာရှိပါတယ်။ Katie VanBlaricum ဟာလိပ်ပြာတွေရဲ့အတောင်ပံကိုပြန်လည်ပြင်ဆင်ပေးမှုရဲ့အသေးစိတ်အချက်အလက်တွေကို Bored Panda နဲ့အင်တာဗျူးချိန်မှာ ပြောပြပေးခဲ့ပါတယ်။

အရင်ကတည်းက သေဆုံးနေတဲ့အင်းဆက်တွေကိုအသုံးပြုပြီး အလုပ်လုပ်ရတာဖြစ်တာကြောင့် ပြန်လည်ပြုပြင်မှုတွေ လုပ်ပေးတဲ့နေရာမှာ ခက်ခဲမှုတွေတော့မရှိပါဘူး။ ဒါပေမယ့် ပြန်လည်ပြင်ဆင်ပေးဖို့အချိန်ကတော့ (၅)မိနစ်အတွင်းလုပ်ပေးရပါတယ်။ဒါကလည်း အသက်ရှင်နေတဲ့လိပ်ပြာလေးတွေအတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကျွန်မသူငယ်ချင်းတစ်ယောက်က လိပ်ပြာမွေးမြူရေးခြံမှာအလုပ်လုပ်ပါတယ်။ဒါ့ကြောင့် လိပ်ပြာလေးတွေရဲ့ပျံသန်းမှု တွေမှာ လိုအပ်နေတာတွေအားလုံးကို ကျွန်မသိချင်တယ်။ဒါ့ကြောင့် သူငယ်ချင်းဆီကအကြံဥာဏ်တွေတောင်းခံခဲ့ သလို သိချင်တဲ့အချက်အလက်တွေကိုလည်း အင်တာနက်ကနေရှာဖွေကြည့်ရှုခဲ့တယ်လို့ Katie ကရှင်းပြခဲ့ပါတယ်။

Butterfly update: the repaired Monarch got away from me today! Flew up high in an oak tree, so he’s off. Godspeed! (I had been taking him to some flower gardens outside, to see what he could do. Until now, I had always re-captured him and brought him back home.)

Posted by Insect Art on Tuesday, September 24, 2019

ကျွန်မက အင်းဆက်နဲ့တောရိုင်းတိရစ္ဆာန်လေးတွေကို စိတ်ဝင်စားတယ်။ဒါကြောင့်လည်း Insect Art ဆိုတဲ့စီးပွားရေးလုပ်ငန်းကိုလုပ်လာတဲ့ အခုဆို(၁၄)နှစ်ရှိပြီဖြစ်ပါတယ်။ အနုပညာနဲ့သိပ္ပံအတွက် အင်းဆက်အမျိုးအစားတွေကို ရောင်းတယ်၊၀ယ်တယ်။ဒါတွေအားလုံးကိုလည်း မွေးထားတဲ့နေရာတွေကနေရရှိခဲ့တာ ဖြစ်တယ်လို့ Katie ကဆက်လက်ရှင်းပြခဲ့ပါတယ်။

ကျွန်မက ကောလိပ်တက်တုန်းက ပိုးမွှားဗေဒကိုတက်ချင်တာပါ။ဒါပေမယ့် ကျွန်မတက်ခဲ့ရတာကတော့ သိပ္ပံနည်းပညာဖြစ်နေတယ်။ကျွန်မက အင်းဆက်အမျိုးအစားခွဲတာကိုသဘောကျတယ်။သူတို့ရဲ့ပုံစံ၊အရောင်နဲ့သွား လာပုံတွေကို သဘောကျတယ်။ကျွန်မအခုလိုတိရစ္ဆာန်တွေ၊ အင်းဆက်တွေချစ်တက်လာတာက Steve Irwin ကြောင့်ပါ။ သူက လူတွေမချစ်မနှစ်သက်တဲ့တိရစ္ဆာန်လေးတွေကိုတောင် ချစ်ခင်နှစ်သက်အောင် ဆွဲဆောင်နိုင်တဲ့လူတစ်ယောက်ြဖစ်တယ်လို့ သူမရဲ့အင်တာဗျူးထဲမှာဖြေကြားထားပါတယ်။

Butterfly Wing repair video, at your request. Honestly, this is probably the worst job I have ever done on a live butterfly (new wing isn’t perfectly straight), but it will show you how the process is done, so you can try it yourself if you ever have to.

Posted by Insect Art on Thursday, September 26, 2019

လူတော်တော်များများက ပိုးကောင်လေးတွေကိုသဘောမကျကျဘူး။ ဒါပေမယ့် တစ်ချိန်မှာတော့ သူတို့ကိုချစ်နိုင်လာမယ်၊ သူတို့နဲ့ပတ်သက်ပြီးစိတ်ဝင်စားနိုင်လာမယ်လို့မျှော်လင့်ပါတယ်။ကျွန်မက လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကတည်းက တိရစ္ဆာန်တွေကိုပြန်လည်ထူထောင်တဲ့နေရာမှာ စေတနာ့ဝန်ထမ်း လုပ်လာခဲ့တာပါ။ ကျွန်မတို့မြို့ရဲ့တိရစ္ဆာန်ရုံမှာတော့ ဆရာဝန်တစ်ယောက်ပေါ့လို့ Katie ကပြောခဲ့ပါတယ်။

ပျက်စီးနေတဲ့လိပ်ပြာလေးတစ်ကောင်ကို ပြန်လည်လှပဖို့ပြင်ဆင်ပေးထားတာပါ။ မနက်ဖြန်မှာတော့ သူပြန်လည်ပျံသန်းနိုင်ပါစေလို့ သူပြုပြင်ပေးထားတဲ့လိပ်ပြာလေးရဲ့ပုံကို Katie က သူ့ရဲ့ Insect Art Facebook page မှာတင်ခဲ့ပါတယ်။

Thae Su

SHARE