ရင်သားအလှကို မနာလိုဖြစ်ပြီး ဝိုင်းရိုက်တာကို ခံခဲ့ရတာပါလို့ ဖွင့်ဟခဲ့တဲ့ အမျိုးသမီး

Facebook/LisaHall

အမျိုးသမီးတစ်ယောက်ဟာ Night Out ထွက်စဉ်မှာ အခြားအမျိုးသမီးနှစ်ယောက်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ တိုက်ခိုက်သူ အမျိုးသမီးနှစ်ဦးမှာ သားအမိတော်စပ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးအမည်မှာ Lisa Hall လို့ သိရပြီး အသက်(၄၄)နှစ် ဖြစ်ပါတယ်။ သူမကို ဝိုင်းရိုက်ခဲ့သူတွေကတော့ Zoe Lee (၂၂)နှစ်နဲ့ Joan (၄၇)တို့ ဖြစ်ပါတယ်။

၎င်းသားအမိနှစ်ယောက်ဟာ သူမရဲ့ ကြီးမားလှပတဲ့ ရင်သားတွေနဲ့ ရွှေဝါရောင်ဆံပင်ရှိတာကို မနာလိုဖြစ်ပြီး တိုက်ခိုက်ခဲ့ကြတာလို့ Lisa က ဆိုပါတယ်။ Lisa ဟာ ကလေး(၃)ယောက်မိခင်ဖြစ်ပါတယ်။ သူမဟာ အသက်(၂၃)နှစ်အရွယ် သမီးဖြစ်သူ Holly နဲ့ Night Out အတူထွက်ခဲ့တာ ဖြစ်ပါတယ်။

Facebook/LisaHall

Lisa အနေနဲ့ သူမကို လာပြီးရိုက်နှက်ကြသူတွေကို အရင်ကလည်း တစ်ခါမှ မမြင်ဖူးပါဘူးတဲ့။ သူမက “ အမျိုးသမီးတစ်ယောက်က အရင်ဆုံး ကျွန်မကို ဘုကြည့်စကြည့်တယ် … နောက် မင်းက ညစ်ပတ်တဲ့ ပြည့်တန်ဆာပဲလို့ ဆဲဆိုပြီး တိုက်ခိုက်တော့တာ ”လို့ ပြောပါတယ်။ သူမကို Joan နဲ့ Zoe တို့ သားအမိက ခြေထောက်နဲ့ကန်ခြင်း၊ လက်သီးနဲ့ထိုးခြင်း စတဲ့နည်းတွေနဲ့ စုံလင်အောင် တိုက်ခိုက်ခဲ့ပါတယ်။

SUSSEX POLICE
SUSSEX POLICE

Lisa ဟာ အရိုက်ခံရမှုကနေ ရရှိခဲ့တဲ့ ဒဏ်ရာပရဗွနဲ့အတူ ခြေချင်းဝတ်လည်း ကျိုးခဲ့လို့ ခွဲစိတ်ကုသမှုခံယူခဲ့ရပါသတဲ့။ တိုက်ခိုက်ခဲ့တဲ့သားအမိကလည်း Bognor Regis, West Sussex မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ Zoe နဲ့ မိခင်ဖြစ်သူဟာ Lisa ကို ဘာလို့တိုက်ခိုက်တာလဲ ဆိုတာ တိတိကျကျ သတင်းမှာ ဖော်ပြမထားပါဘူး။

Lisa က “ ကြည့်ရတာ Zoe က ကျွန်မရဲ့ ချောမောတဲ့ရုပ်ရည်ကို ကြည့်မရဘူးထင်ပါတယ် … ကျွန်မမှာ လှပတဲ့ရင်သားတွေ၊ ရွှေရောင်ဆံပင်နဲ့ အဝတ်အစားက သန့်သန့်ပြန့်ပြန့် ဖြစ်နေတာဆိုတော့လေ … အဲဒီ Pub ထဲမှာလည်း ကျွန်မအလှကို အားလုံးက ကောင်းကောင်း သတိထားမိကြပါတယ် … ”လို့ ပြောပါတယ်။

Facebook/LisaHall

ဒီအမှုကို Portsmouth Crown Court တရားရုံးမှာ ပြီးခဲ့တဲ့ (၂၀၁၉)နှစ် ဧပြီလက ကြားနာခဲ့ပါတယ်။ အဲဒီတရားရုံးက Zoe နဲ့ မိခင်ဖြစ်သူ Joan တို့ကို တစ်ဖက်သားအား ကိုယ်လက်အင်္ဂါထိခိုက်စေသည်အထိ နာကျင်စေမှုမှာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် (၅)နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE