မိခင်ရဲ့အသံ သွင်းထားတဲ့ Teddy အရုပ်ကလေး ပြန်ရလို့၊ ဝမ်းသာခဲ့ရတဲ့ အမျိုးသမီး

Instagram/ALOHAAAMARA

အမျိုးသမီးတစ်ယောက်ဟာ ကွန်လွန်သူ မိခင်ရဲ့အသံ သွင်းယူထားတဲ့ Teddy အရုပ်ကလေး အခိုးခံခဲ့ရတဲ့အတွက် ဝမ်းနည်းပက်လက် ငိုကျွေးခဲ့ရပါတယ်။ Teddy အရုပ်ကလေးဆိုပေမယ့် အစားထိုးမရတဲ့ အရုပ်ကလေးပါ။ မိဘအမွေဆိုတာ သားသမီးတိုင်း လိုချင် မက်မောကြတာချည်းပါပဲ။

 

သူမရဲ့အမည်ကတော့ Mara Soriano ဖြစ်ပါတယ်။ သူမရဲ့မိခင် Marilyn (၅၃)နှစ်ဟာ ယမန်နှစ်က ကင်ဆာနဲ့သေဆုံးသွားခဲ့တာပါ။ Teddy အရုပ်ကလေးထဲမှာ သွင်းထားတဲ့အသံဖိုင်ကတော့ “ သမီးရေ ညည်းကို အမေချစ်ပါတယ် … ညည်းကို ပိုင်ဆိုင်ရလို့ အမေ ဂုဏ်ယူနေမိတယ် … ညည်းနဲ့ မခွဲထာဝရ ရှိနေမှာပါ ”ဆိုပြီး ဖြစ်ပါတယ်။

 

Mara ဟာ ခင်ပွန်းနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်(၂၄)ရက်နေ့က ကနေဒါနိုင်ငံ၊ Vancouver မြို့က အခန်းအသစ်ကို ပြောင်းစဉ်မှာ သူခိုးဝင်ခိုးခံခဲ့ရတာ ဖြစ်ပါတယ်။ iPad နဲ့ Nintendo Switch ဗွီဒီယိုဂိမ်းစက်ပါ ခိုးယူခံခဲ့ရပြီး၊ ကာယကံရှင် Mara ကို စာနာလို့ Deadpool မင်းသား Ryan Reynolds ကိုယ်တိုင် အရုပ်ကို ပြန်ပေးမယ်ဆိုပါက ဆုငွေဒေါ်လာ(၅၀၀၀)ချီးမြင့်မယ်ဆိုပြီး ကြေညာခဲ့ရပါတယ်။

 

လူရာနဲ့ချီ ဆုငွေပေးမယ့်အစီအစဉ်မှာ ပါဝင်ခဲ့ပြီး၊ အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ Mara ဆီကို အရုပ်ကလေးက အထိအခိုက် အပျက်အစီးမရှိဘဲ ပြန်ရောက်လာခဲ့တာပါ။ မှတ်တမ်းဗွီဒီယိုထဲမှာတော့ Mara ဟာ ပိတိမျက်ရည်တွေနဲ့ အပျော်လွန်နေခဲ့ပါတယ်။ သူမဟာ အရုပ်ကလေးကို နှိပ်ကြည့်ပြီး ကြည်နူးနေခဲ့ပါသေးတယ်။

 

Mara ဟာ အသက်(၂၈)နှစ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လ (၂၈)ရက် အင်္ဂါနေ့က လူတစ်ယောက်က သူမဆီကို ဆက်သွယ်လာပါတယ်။ အရုပ်ကို ပြန်တွေ့ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။ လူနှစ်ယောက်က သူမကို အဲဒီအရုပ်ကလေး လာပေးခဲ့တာလို့ ဆိုပါတယ်။ Mara ဟာ ဖိလစ်ပိုင်ဇာတိဖြစ်ပြီး ကနေဒါကို ကလေးဘဝကတည်းက ရောက်လာသူပါ။

လင်းသူရိန်

SHARE